[Zawgyi]

DisplayMate ဟာ စမတ္ဖုန္းေတြရဲ႕ Display အရည္အေသြးကို စမ္းသပ္စစ္ေဆးရာမွာ နာမည္ႀကီးပါတယ္။ DisplayMate ရဲ႕ အလန္းဆံုး Smartphone Display ေတြထဲမွာ iPhone 11 Pro Max , Galaxy Note 10 နဲ႔ Huawei Mate 30 Pro တို႔ ပါပါတယ္။ အခုေတာ့ အဲဒီ စာရင္းထဲကို Google Pixel 4 XL လည္း ၀င္လာၿပီ ျဖစ္ၿပီး A+ Rating ရသြားပါတယ္။

A+ Rating ဟာ အလန္းဆံုး Display ပါတဲ့ စမတ္ဖုန္းေတြကိုပဲ ေပးအပ္ေလ့ရွိတာပါ။ ဒီႏွစ္ထဲ ထြက္တဲ့ OnePlus 7 Pro နဲ႔ Samsung Galaxy S10 ေတြလို စြမ္းရည္ျမင့္ စမတ္ဖုန္းေတြဟာလည္း A+ Rating ရထားပါတယ္။ အရင္ႏွစ္ထြက္တဲ့ Pixel 3 XL ဟာလည္း ဒီအဆင့္ကို ပိုင္ဆိုင္ထားပါတယ္။

Pixel 4 XL မွာ ၆.၃ လက္မ 3040x1440p 19:9 Display တပ္ဆင္ထားၿပီး 16:9 Display ထက္ ၂၂ ရာခုိင္ႏႈန္း ပိုႀကီးပါတယ္။ 90Hz Refresh Rate ပါလာၿပီး သာမာန္ စမတ္ဖုန္းေတြထက္ ၅၀ ရာခုိင္ႏႈန္း ပိုျမင့္မားပါတယ္။ Refresh Rate ျမင့္မားတဲ့ အတြက္ Scrolling လုပ္တာ၊ ဗီဒီယို ၾကည့္တာနဲ႔ UI Animations ေတြဟာ လွ်င္ျမန္ေခ်ာမြတ္ပါတယ္။ ဘက္ထရီ စားသံုးတာကို သက္သာေအာင္ 90Hz နဲ႔ 60Hz ၾကားကို အလိုလို ေျပာင္းေပးႏုိင္ပါတယ္။

Pixel 4 XL ရဲ႕ Display ဟာ အရင္ႏွစ္ထြက္ Pixel ထက္ ၁၀ ရာခိုင္ႏႈန္း ပိုေတာက္ပၿပီး အေရာင္ေတြကလည္း ပိုတိက်ပါတယ္။ ဒါ့အျပင္ စြမ္းအင္စားသံုးမႈ သက္သာပါတယ္။ DisplayMate က Pixel 4 XL ရဲ႕ OLED Display မွာ အားနည္းခ်က္ကိုေတာင္ ရွာမရဘူးလို႔ ေျပာပါတယ္။

Ref : gizmochina

[Unicode]

DisplayMate မှာ အလန်းစား အဆင့်ရသွားတဲ့ Pixel 4 XL

DisplayMate ဟာ စမတ်ဖုန်းတွေရဲ့ Display အရည်အသွေးကို စမ်းသပ်စစ်ဆေးရာမှာ နာမည်ကြီးပါတယ်။ DisplayMate ရဲ့ အလန်းဆုံး Smartphone Display တွေထဲမှာ iPhone 11 Pro Max , Galaxy Note 10 နဲ့ Huawei Mate 30 Pro တို့ ပါပါတယ်။ အခုတော့ အဲဒီ စာရင်းထဲကို Google Pixel 4 XL လည်း ဝင်လာပြီ ဖြစ်ပြီး A+ Rating ရသွားပါတယ်။

A+ Rating ဟာ အလန်းဆုံး Display ပါတဲ့ စမတ်ဖုန်းတွေကိုပဲ ပေးအပ်လေ့ရှိတာပါ။ ဒီနှစ်ထဲ ထွက်တဲ့ OnePlus 7 Pro နဲ့ Samsung Galaxy S10 တွေလို စွမ်းရည်မြင့် စမတ်ဖုန်းတွေဟာလည်း A+ Rating ရထားပါတယ်။ အရင်နှစ်ထွက်တဲ့ Pixel 3 XL ဟာလည်း ဒီအဆင့်ကို ပိုင်ဆိုင်ထားပါတယ်။

Pixel 4 XL မှာ ၆.၃ လက်မ 3040x1440p 19:9 Display တပ်ဆင်ထားပြီး 16:9 Display ထက် ၂၂ ရာခိုင်နှုန်း ပိုကြီးပါတယ်။ 90Hz Refresh Rate ပါလာပြီး သာမာန် စမတ်ဖုန်းတွေထက် ၅၀ ရာခိုင်နှုန်း ပိုမြင့်မားပါတယ်။ Refresh Rate မြင့်မားတဲ့ အတွက် Scrolling လုပ်တာ၊ ဗီဒီယို ကြည့်တာနဲ့ UI Animations တွေဟာ လျှင်မြန်ချောမွတ်ပါတယ်။ ဘက်ထရီ စားသုံးတာကို သက်သာအောင် 90Hz နဲ့ 60Hz ကြားကို အလိုလို ပြောင်းပေးနိုင်ပါတယ်။

Pixel 4 XL ရဲ့ Display ဟာ အရင်နှစ်ထွက် Pixel ထက် ၁၀ ရာခိုင်နှုန်း ပိုတောက်ပပြီး အရောင်တွေကလည်း ပိုတိကျပါတယ်။ ဒါ့အပြင် စွမ်းအင်စားသုံးမှု သက်သာပါတယ်။ DisplayMate က Pixel 4 XL ရဲ့ OLED Display မှာ အားနည်းချက်ကိုတောင် ရှာမရဘူးလို့ ပြောပါတယ်။

Ref : gizmochina