Ryze အမည်ရှိတဲ့ ကုမ္ပဏီတစ်ခုကနေ Drone လောကရဲ့ ဘုရင်ကြီးဖြစ်တဲ့ DJI နဲ့ ပူးပေါင်းပြီး ဈေးနှုန်းအလွန်သက်သာတဲ့ Tello အမည်ရှိတဲ့ Drone တစ်ခုကိုထုတ်လုပ်ခဲ့ပါတယ်။ အခု Tello အမည်ရှိတဲ့ Drone ဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၀၀ ပဲရှိတဲ့အတွက်ကြောင့် Drone ကို စမ်းသပ်မောင်းနှင်ချင်သူတွေအတွက် အကောင်းဆုံးဖြစ်နေမှာပါ။

အခု Tello Drone ဟာ ပျံသန်းချိန် ၁၃ မိနစ်ရှိမှာဖြစ်ပြီးတော့ 720p နဲ့ ရိုက်ကူးနိုင်တဲ့ ကင်မရာတစ်ခုပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပျံသန်းနေတဲ့အချိန်မှာ နံရံ ဒါမှမဟုတ် သစ်ပင်တွေနဲ့ မတိုက်မိအောင်လည်း Collision Detection စနစ်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Tello Drone ဟာ Intel Processor ကို အသုံးပြုမောင်းနှင်မှာဖြစ်ပြီးတော့ လွှတ်တင်တဲ့အချိန်မှာလည်း လေပေါ်ပစ်တင်လိုက်တာနဲ့တင် ပျံသန်းနိုင်မှာဖြစ်ပါတယ်။ Failsafe protection လည်းပါဝင်တဲ့အတွက်ကြောင့် ချိတ်ဆက်မှုမရှိတဲ့အချိန်ကြရင်လည်း အလိုအလျောက်ပြန်လည်ဆင်းသက်နိုင်မှာဖြစ်ပါတယ်။

အခု Tello Drone ဟာ DJI ရဲ့ ဈေးအပေါဆုံး Drone တစ်ခုဖြစ်တဲ့ DJI Spark Drone ရဲ့ ဈေးဖြစ်တဲ့ ဒေါ်လာ ၅၀၀ နဲ့ယှဉ်ရင် အလွန်သက်သာနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Tello ဟာ DJI Spark ရဲ့ Features တွေကိုတော့ မှီတဲ့အဆင့်မရှိသေးပါဘူး။ အခု DJI နဲ့ Ryze တို့ ပူးပေါင်းထုတ်လုပ်တဲ့ Tello Drone ကို လာမယ့် March လမှာ DJI Website ကတစ်ဆင့်ရောင်းချမယ်လို့ သိရပါတယ်။