[Zawgyi]

DJI က Mavic Mini ကို ေၾကညာလိုက္ၿပီး ကုမၸဏီရဲ႕ အရြယ္အစား အေသးဆံုး Drone ျဖစ္လာပါတယ္။ ၃၉၉ ေဒၚလာပဲရွိတဲ့အတြက္ Drone ေတြထဲမွာ ေစ်းသက္သာၿပီး ျမန္မာေငြ ၆ သိန္းေလာက္ရွိပါတယ္။ ေပါင္ တစ္၀က္ေလာက္ပဲ အေလးခ်ိန္ရွိၿပီး ေသးငယ္ေပါ့ပါးတဲ့အတြက္ ဘယ္ေနရာသြားသြား အလြယ္တကူ သယ္သြားႏုိင္ပါတယ္။

Mavic Mini ဟာ ေခါက္ခ်ိဳးထားရင္ လက္တစ္၀ါးစာေလာက္ပဲရွိေပမယ့္ အရြယ္ႀကီး Drone ေတြလို စြမ္းရည္ျမင့္မားပါတယ္။ တစ္ခါအားအျပည့္သြင္းထားရင္ မိနစ္ ၃၀ ပ်ံသန္းႏိုင္ၿပီး ၂ မို္င္ခြဲအကြာအေ၀းကေန ဗီဒီယိုေတြ ထုတ္လႊင့္ေပးႏုိင္ပါတယ္။ အရာ၀တၳဳ ဒါမွမဟုတ္ လူအေနာက္ကို လိုက္ၿပီး ပ်ံသန္းတာ၊ စက္၀ိုင္းပံုသ႑ာန္ ပ်ံသန္းတာနဲ႔ ရႈပ္ေထြးတဲ့ ပ်ံသန္းတာေတြ လုပ္ေဆာင္ႏုိင္ပါတယ္။

ကင္မရာမွာ 3-axis Gimbal ပါၿပီး 2.7K Video ေတြ ရိုက္ကူးေပးႏုိင္ပါတယ္။ ဗီဒီယို အရည္အေသြးက ကုမၸဏီထုတ္ အရြယ္ႀကီး ေမာ္ဒယ္ေတြေလာက္ မေကာင္းပါဘူး။ ေစ်းသက္သာတဲ့ Drone လိုခ်င္သူေတြအတြက္ Mavic Mini က အိုေကပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ DJI Mavic Mini ရဲ႕ သတင္းေတြ ေပါက္ၾကားထြက္ေပၚခဲ့ပါတယ္။ အဲဒီတုန္းက ေဒၚလာ ၅၀၀ ေလာက္ရွိမယ္လို႔ သတင္းထြက္ခဲ့တာ ျဖစ္ပါတယ္။ အဲဒါဟာ ပန္ကာ အပို၊ ပန္ကာ အကာအကြယ္ အပို၊ ဘက္ထရီ ၃ လံုး၊ သယ္တဲ့ ေက့စ္ ၁ ခုနဲ႔ တျခား Accessory ေတြပါတဲ့ ေစ်း ျဖစ္ႏုိင္ပါတယ္။ Store.dji.com ကေန ႀကိဳတင္မွာယူႏုိင္ၿပီ ျဖစ္ၿပီး ေနာက္လ ၁၁ ရက္ေန႔မွာ ေရာင္းမွာပါ။

Ref : tnw

[Unicode]

DJI က ဈေးချိုတဲ့ Mavic Mini Drone ကို ကြေညာ

DJI က Mavic Mini ကို ကြေညာလိုက်ပြီး ကုမ္ပဏီရဲ့ အရွယ်အစား အသေးဆုံး Drone ဖြစ်လာပါတယ်။ ၃၉၉ ဒေါ်လာပဲရှိတဲ့အတွက် Drone တွေထဲမှာ ဈေးသက်သာပြီး မြန်မာငွေ ၆ သိန်းလောက်ရှိပါတယ်။ ပေါင် တစ်ဝက်လောက်ပဲ အလေးချိန်ရှိပြီး သေးငယ်ပေါ့ပါးတဲ့အတွက် ဘယ်နေရာသွားသွား အလွယ်တကူ သယ်သွားနိုင်ပါတယ်။

Mavic Mini ဟာ ခေါက်ချိုးထားရင် လက်တစ်ဝါးစာလောက်ပဲရှိပေမယ့် အရွယ်ကြီး Drone တွေလို စွမ်းရည်မြင့်မားပါတယ်။ တစ်ခါအားအပြည့်သွင်းထားရင် မိနစ် ၃၀ ပျံသန်းနိုင်ပြီး ၂ မိုင်ခွဲအကွာအဝေးကနေ ဗီဒီယိုတွေ ထုတ်လွှင့်ပေးနိုင်ပါတယ်။ အရာဝတ္ထု ဒါမှမဟုတ် လူအနောက်ကို လိုက်ပြီး ပျံသန်းတာ၊ စက်ဝိုင်းပုံသဏ္ဍာန် ပျံသန်းတာနဲ့ ရှုပ်ထွေးတဲ့ ပျံသန်းတာတွေ လုပ်ဆောင်နိုင်ပါတယ်။

ကင်မရာမှာ 3-axis Gimbal ပါပြီး 2.7K Video တွေ ရိုက်ကူးပေးနိုင်ပါတယ်။ ဗီဒီယို အရည်အသွေးက ကုမ္ပဏီထုတ် အရွယ်ကြီး မော်ဒယ်တွေလောက် မကောင်းပါဘူး။ ဈေးသက်သာတဲ့ Drone လိုချင်သူတွေအတွက် Mavic Mini က အိုကေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ DJI Mavic Mini ရဲ့ သတင်းတွေ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ အဲဒီတုန်းက ဒေါ်လာ ၅၀၀ လောက်ရှိမယ်လို့ သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါဟာ ပန်ကာ အပို၊ ပန်ကာ အကာအကွယ် အပို၊ ဘက်ထရီ ၃ လုံး၊ သယ်တဲ့ ကေ့စ် ၁ ခုနဲ့ တခြား Accessory တွေပါတဲ့ ဈေး ဖြစ်နိုင်ပါတယ်။ Store.dji.com ကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး နောက်လ ၁၁ ရက်နေ့မှာ ရောင်းမှာပါ။

Ref : tnw