Doogee ဆိုတာက တရုတ်နိုင်ငံမှာ ရှိတဲ့ သိပ်နာမည်မကြီးတဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခု Doogee ကနေ ထုတ်လုပ်တော့မယ့် Doogee V စမတ်ဖုန်းဟာ အခြားသော အဆင့်မြင့်ဖုန်းတွေထက်တောင် ကောင်းနေတယ်လို့ ပြောလို့ရပါတယ်။

အခု Doogee V စမတ်ဖုန်းက ရုတ်တရက်ကြည့်လိုက်ရင် iPhone X ရဲ့ အရှေ့ဒီဇိုင်းနဲ့ Samsung Galaxy S9 ရဲ့ နောက်ဖက်ဒီဇိုင်းတို့ ပေါင်းထားသလိုဖြစ်နေပေမယ့် အတွင်းပိုင်းမှာ ပါဝင်တဲ့ Specifications တွေကတော့ အထင်ကြီးစရာပါ။

Doogee V စမတ်ဖုန်းမှာ 6.2″ 18:9 AMOLED Display, Dual Front 16MP Camera နဲ့ Dual 21MP Back Camera တွေပါဝင်မှာဖြစ်ပြီး MediaTek Helio P40 CPU ကို RAM 6GB ၊ ROM 128GB ထည့်သွင်းထားမှာဖြစ်ပါတယ်။ အဲ့ဒါအပြင်ထူးခြားတာက Fingerprint ကို Display အောက်မှာ မြုပ်ထားတဲ့ Under Display နည်းပညာကို အသုံးပြုလာမှာဖြစ်ပါတယ်။

အခု Doogee V စမတ်ဖုန်းဟာ လာမယ့် April နဲ့ May ဝန်းကျင်မှာ ရောင်းချသွားမှာဖြစ်ပြီး Specifications အရကောင်းမွန်ပေမယ့် ဈေးနှုန်းကိုတော့ ဒေါ်လာ ၃၀၀ ဝန်းကျင်နဲ့ပဲ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။