စကြဝဠာမှ ဂြိုလ်တွေကို လေ့လာတဲ့ နာမည်ကြီး သိပ္ပံပညာရှင် Dr. Eugene Shoemaker ဟာ လပေါ်မှာ မြှုပ်နှံထားတဲ့ ကမ္ဘာ့ ပထမဆုံးနဲ့ တစ်ဦးထဲသော လူသား ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ် သူ သေဆုံးပြီးနောက်မှာ သူ့ရဲ့ အရိုးပြာ တချို့ကို ၁၉၉၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ Lunar Prospector အာကာသယာဉ်နဲ့ လပေါ်ကို ပို့ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ ဘဝတစ်သက်သာ အိပ်မက် အတိုင်းပဲ သူ့ရဲ့ အရိုးပြာနဲ့ သူ့ ဓါတ်ပုံ ၁ ပုံကို လပေါ်မှာ မြှုပ်နှံပေးခဲ့ပါတယ်။
သူ့ရဲ့ အရိုးပြာ မြှုပ်နှံထားတဲ့ တည်နေရာ အတိအကျကို မသိရပေမယ့် လရဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုမှာ တည်မြဲအောင် မြှုပ်နှံထားတယ်လို့ ယုံကြည်ထားပါတယ်။
Eugene Shoemaker ကို ၁၉၂၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ သူဟာ အမေရိကန် ဘူမိဗေဒ ပညာရှင် ဖြစ်ပြီး သူဟာ သူ့ဇနီး ၊ David H. Levy တို့နဲ့အတူ Comet Shoemaker-Levy 9 ကြယ်တံခွန်ကို ပူးတွဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Ref: Tech Explorers