[Zawgyi]

၂၀၁၉ခုႏွစ္၊ ဇူလိုင္လတြင္ ထိုင္း၊ ျမန္မာ၊ ဗီယက္နမ္ႏွင့္ စကၤာပူႏိုင္ငံမ်ားတြင္ အႀကီးမားဆုံး Android Developers Conference က်င္းပျပဳလုပ္မည္ျဖစ္သည္။ ပထမဦးဆုံးအႀကိမ္ Android Developers Conference – DroidYangon 2019 အခမ္းအနား ျမန္မာႏိုင္ငံတြင္ ၂၀၁၉ခုႏွစ္၊ ဇူလိုင္လ ၉ရက္၊ ေတာ္ဝင္ဂါးဒင္း ဟိုတယ္မွာ က်င္းပမည္ျဖစ္သည္။

နာမည္ႀကီး ႏိုင္ငံျခားနည္းပညာကုမၸဏီႀကီးမ်ားျဖစ္ၾကသည့္ Google, Gojek, LINE Thailand, Athena Dynamics Pte Ltd မွ နည္းပညာရွင္မ်ားႏွင့္ ျပည္တြင္း Software Development ကုမၸဏီႀကီးမ်ားျဖစ္ၾကသည့္ nexlabs, Wave Money, Gusto College, Codigo Myanmar, Global New Wave Technology, BizLeap Technology မွ Senior Software Engineer နည္းပညာရွင္မ်ားမွ တက္ေရာက္ေဆြးေႏြးမွာ ျဖစ္ပါတယ္။ DroidYangon 2019 အခမ္းအနားတြင္ Android ႏွင့္ဆက္စပ္သည့္ နည္းပညာအေၾကာင္းအရာမ်ား ျဖစ္ၾကသည့္ Machine Learning, App Security, Firebase, Android Architecture, Software Testing, Scalable Backend for Android Developers, CameraX အစရွိေသာ ေခါင္းစဥ္မ်ားအား ျပည္တြင္း၊ ျပည္ပနည္းပညာရွင္ႀကီးမ်ားမွ ေဆြးေႏြးမွာ ျဖစ္သည္။

ဇူလိုင္လ ၉ရက္ေန႔ မနက္ ၈နာရီမွ ညေန ၆နာရီအထိ၊ တစ္ေန႔တာလုံးက်င္းပသြားမွာျဖစ္ၿပီး Sessions ၂၀ခု၊ လက္ေတြ႕လိုက္ပါ လုပ္ေဆာင္ႏိုင္မည့္ code lab/ workshop ၄ခု ပါရွိမွာ ျဖစ္သည္။ Lightning talks – တက္ေရာက္ သူမ်ားကိုယ္တိုင္ နည္းပညာဖလွယ္ႏိုင္မယ့္ အခန္းက႑လည္း ရွိပါတယ္။ နည္းပညာပိုင္းဆိုင္ရာအား စိတ္ပါဝင္စားသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ လက္ရွိလုပ္ငန္းခြင္တြင္ ဝင္ေရာက္လုပ္ကိုင္လ်က္ရွိေသာ Senior, Junior Mobile Software Developers မ်ား၊ နည္းပညာကုမၸဏီမ်ားမွ Project Leader, Manager, Job Recruiter မ်ားအျပင္ နည္းပညာကို စိတ္ပါဝင္စားသူ မည္သူမဆို တက္ေရာက္ႏိုင္ပါသည္။

DroidYangon 2019 ဝင္ေရာက္ခြင့္ လက္မွတ္အား ျမန္မာက်ပ္ေငြ ၂၀,၀၀၀ ( ႏွစ္ေသာင္းက်ပ္ တိတိ) ျဖင့္ ရန္ကုန္ၿမိဳ႕တြင္ရွိသည့္ Ananda ဆိုင္မ်ားျဖစ္သည့္ စံရိပ္ၿငိမ္ ဂမုန္းပြင့္၊ Junction 8၊ Junction Square၊ ေက်ာက္တံတားဆိုင္ခြဲတြင္ ဝယ္ယူႏိုင္ပါသည္။ Myanmar Plaza မွ AYA Bank Lounge တြင္လည္း ဝယ္ယူရရွိႏိုင္ပါသည္။ Myanpwel website မွ တစ္ဆင့္ E-ticket မ်ားလည္း ဝယ္ယူႏိုင္ပါသည္။ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ေျမနီကုန္းတြင္ တည္ရွိေသာ Gusto College တြင္ ေက်ာင္းသားကတ္ျပၿပီး ျမန္မာက်ပ္ေငြ ၁၅,၀၀၀ ( တစ္ေသာင္းခြဲက်ပ္ တိတိ ) ျဖင့္္ဝယ္ယူႏိုင္ပါသည္။

DroidYangon 2019 ပြဲအခမ္းအနားတြင္ DroidYangon exclusive T-shirt လက္ေဆာင္မ်ား ရယူႏိုင္ၿပီး ေန႔လည္စာ ဧည့္ခံေကြၽးေမြးမည္ျဖစ္သည္။ DroidYangon 2019 ပြဲႏွင့္ ပတ္သက္ၿပီး DroidYangon Director of Events & Operator ကိုရဲလင္းေဝမွ “ ျမန္မာႏိုင္ငံမွာ ေပၚျပဴလာအျဖစ္ဆုံး Mobile OS ဟာ Android ျဖစ္ပါတယ္။ တစ္ကမာၻလုံး Android စမတ္ဖုန္း အသုံးျပဳသူအေရအတြက္ဟာ ႏွစ္ဘီလီယံေက်ာ္ရွိေနၿပီ ျဖစ္ပါတယ္။ ဒီ စမတ္ဖုန္းေတြေပၚမွာ အသုံးဝင္တဲ့ Applications ေတြကို တီထြင္ေနတဲ့ Developers ေတြအတြက္ ရည္႐ြယ္ၿပီး DroidYangon Conference ကို စီစဥ္ျဖစ္တာ ျဖစ္ပါတယ္။ လာေရာက္ေျပာၾကားမယ့္ ပညာရွင္မ်ားထံမွ နည္းပညာမ်ား၊ အသိပညာဗဟုသုတမ်ား ရယူၿပီး ျပည္တြင္းမွာ ျပန္လည္အသုံးခ်ႏိုင္ၿပီး လူမႈဘဝအတြက္ အက်ိဴးရွိေစမယ့္ Applications မ်ား ပိုမိုထြက္ေပၚလာဖို႔လည္း ေမွ်ာ္မွန္းထားပါတယ္။” ဟု ေျပာၾကားခဲ့ပါသည္။

ဆက္လက္ၿပီး DroidYangon 2019 ပြဲ၏ Title Sponsor Digital Banking of AYA Bank, Managing Director, ဦးခ်စ္ထြန္းေဖ မွ Droid Yangon 2019 Conference ပြဲႀကီးမွာ Title Sponsor အျဖစ္ ပါဝင္ခြင့္ရတဲ့အတြက္ ဂုဏ္ယူဝမ္းေျမာက္မိပါတယ္။ ကြၽန္ေတာ္တို႔ AYA Bank အေနနဲ႔ Digital နည္းပညာအသစ္ေတြကို ေဖာ္ေဆာင္ႏိုင္ဖို႔အျပင္ ဒီ Eco-system ထဲမွာရွိေနတဲ့ အျခားေသာ Partner ေတြကိုလည္း ေထာက္ပံ့အားေပးႏိုင္ဖို႔ ရည္႐ြယ္ထားပါတယ္။ အၿပိဳင္အဆိုင္ေတြမ်ားၿပီး ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ ႏိုင္ငံမွာ Digital economy က အလြန္အေရးပါတဲ့ အခန္းက႑အျဖစ္ ပါဝင္ေနပါတယ္။ ဒီပြဲကေန အားလုံးအတူတကြ သင္ယူေလ့လာၿပီး အခ်ိတ္အဆက္ေကာင္းေတြနဲ႔ တီထြင္မႈေတြလုပ္ေဆာင္သြားႏိုင္မယ့္ ခိုင္မာတဲ့အခြင့္အေရးေကာင္းေတြ ေပးႏိုင္လိမ့္မယ္လို႔လည္း ယုံၾကည္ပါတယ္။ “ ဟု ေျပာၾကားခဲ့ပါသည္။

ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံးႏွင့္ အႀကီးမားဆုံး Android Developers Conference – DroidYangon 2019 အား Title Sponsor အျဖစ္ AYA Bank, Platinum Sponsors အျဖစ္ Wave Money ႏွင့္ Gusto College, Gold Sponsors အျဖစ္ Firebase န်င့္ Enervon-C, Supporter မ်ားအျဖစ္ ေလ့လာ၊ Edulink, BOD Tech Ventures, JetBrains ႏွင့္ Venue Sponsors အျဖစ္ Taw Win Garden Hotel ႏွင့္ Myanmar Land’s Institute မွ ပံ့ပိုးကူညီအားျဖည့္ေပးထားပါသည္။

DroidYangon 2019 အေၾကာင္း အေသးစိတ္ ထပ္မံသိရွိလိုပါက https://droidyangon.org တြင္ ဝင္ေရာက္ၾကည့္ရႈ႕ႏိုင္ပါသည္။

[Unicode]

မြန်မာနိုင်ငံတွင် အကြီးမားဆုံး Android Developers Conference ကျင်းပခြင်း

၂၀၁၉ခုနှစ်၊ ဇူလိုင်လတွင် ထိုင်း၊ မြန်မာ၊ ဗီယက်နမ်နှင့် စင်္ကာပူနိုင်ငံများတွင် အကြီးမားဆုံး Android Developers Conference ကျင်းပပြုလုပ်မည်ဖြစ်သည်။ ပထမဦးဆုံးအကြိမ် Android Developers Conference – DroidYangon 2019 အခမ်းအနား မြန်မာနိုင်ငံတွင် ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၉ရက်၊ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ကျင်းပမည်ဖြစ်သည်။

နာမည်ကြီး နိုင်ငံခြားနည်းပညာကုမ္ပဏီကြီးများဖြစ်ကြသည့် Google, Gojek, LINE Thailand, Athena Dynamics Pte Ltd မှ နည်းပညာရှင်များနှင့် ပြည်တွင်း Software Development ကုမ္ပဏီကြီးများဖြစ်ကြသည့် nexlabs, Wave Money, Gusto College, Codigo Myanmar, Global New Wave Technology, BizLeap Technology မှ Senior Software Engineer နည်းပညာရှင်များမှ တက်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ DroidYangon 2019 အခမ်းအနားတွင် Android နှင့်ဆက်စပ်သည့် နည်းပညာအကြောင်းအရာများ ဖြစ်ကြသည့် Machine Learning, App Security, Firebase, Android Architecture, Software Testing, Scalable Backend for Android Developers, CameraX အစရှိသော ခေါင်းစဥ်များအား ပြည်တွင်း၊ ပြည်ပနည်းပညာရှင်ကြီးများမှ ဆွေးနွေးမှာ ဖြစ်သည်။

ဇူလိုင်လ ၉ရက်နေ့ မနက် ၈နာရီမှ ညနေ ၆နာရီအထိ၊ တစ်နေ့တာလုံးကျင်းပသွားမှာဖြစ်ပြီး Sessions ၂၀ခု၊ လက်တွေ့လိုက်ပါ လုပ်ဆောင်နိုင်မည့် code lab/ workshop ၄ခု ပါရှိမှာ ဖြစ်သည်။ Lightning talks – တက်ရောက် သူများကိုယ်တိုင် နည်းပညာဖလှယ်နိုင်မယ့် အခန်းကဏ္ဍလည်း ရှိပါတယ်။ နည်းပညာပိုင်းဆိုင်ရာအား စိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများ၊ လက်ရှိလုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသော Senior, Junior Mobile Software Developers များ၊ နည်းပညာကုမ္ပဏီများမှ Project Leader, Manager, Job Recruiter များအပြင် နည်းပညာကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။

DroidYangon 2019 ဝင်ရောက်ခွင့် လက်မှတ်အား မြန်မာကျပ်ငွေ ၂၀,၀၀၀ ( နှစ်သောင်းကျပ် တိတိ) ဖြင့် ရန်ကုန်မြို့တွင်ရှိသည့် Ananda ဆိုင်များဖြစ်သည့် စံရိပ်ငြိမ် ဂမုန်းပွင့်၊ Junction 8၊ Junction Square၊ ကျောက်တံတားဆိုင်ခွဲတွင် ဝယ်ယူနိုင်ပါသည်။ Myanmar Plaza မှ AYA Bank Lounge တွင်လည်း ဝယ်ယူရရှိနိုင်ပါသည်။ Myanpwel website မှ တစ်ဆင့် E-ticket များလည်း ဝယ်ယူနိုင်ပါသည်။ ကျောင်းသား၊ ကျောင်းသူများအတွက် မြေနီကုန်းတွင် တည်ရှိသော Gusto College တွင် ကျောင်းသားကတ်ပြပြီး မြန်မာကျပ်ငွေ ၁၅,၀၀၀ ( တစ်သောင်းခွဲကျပ် တိတိ ) ဖြင့််ဝယ်ယူနိုင်ပါသည်။

DroidYangon 2019 ပွဲအခမ်းအနားတွင် DroidYangon exclusive T-shirt လက်ဆောင်များ ရယူနိုင်ပြီး နေ့လည်စာ ဧည့်ခံကျွေးမွေးမည်ဖြစ်သည်။ DroidYangon 2019 ပွဲနှင့် ပတ်သက်ပြီး DroidYangon Director of Events & Operator ကိုရဲလင်းဝေမှ “ မြန်မာနိုင်ငံမှာ ပေါ်ပြူလာအဖြစ်ဆုံး Mobile OS ဟာ Android ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး Android စမတ်ဖုန်း အသုံးပြုသူအရေအတွက်ဟာ နှစ်ဘီလီယံကျော်ရှိနေပြီ ဖြစ်ပါတယ်။ ဒီ စမတ်ဖုန်းတွေပေါ်မှာ အသုံးဝင်တဲ့ Applications တွေကို တီထွင်နေတဲ့ Developers တွေအတွက် ရည်ရွယ်ပြီး DroidYangon Conference ကို စီစဥ်ဖြစ်တာ ဖြစ်ပါတယ်။ လာရောက်ပြောကြားမယ့် ပညာရှင်များထံမှ နည်းပညာများ၊ အသိပညာဗဟုသုတများ ရယူပြီး ပြည်တွင်းမှာ ပြန်လည်အသုံးချနိုင်ပြီး လူမှုဘဝအတွက် အကျိူးရှိစေမယ့် Applications များ ပိုမိုထွက်ပေါ်လာဖို့လည်း မျှော်မှန်းထားပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး DroidYangon 2019 ပွဲ၏ Title Sponsor Digital Banking of AYA Bank, Managing Director, ဦးချစ်ထွန်းဖေ မှ Droid Yangon 2019 Conference ပွဲကြီးမှာ Title Sponsor အဖြစ် ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ AYA Bank အနေနဲ့ Digital နည်းပညာအသစ်တွေကို ဖော်ဆောင်နိုင်ဖို့အပြင် ဒီ Eco-system ထဲမှာရှိနေတဲ့ အခြားသော Partner တွေကိုလည်း ထောက်ပံ့အားပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အပြိုင်အဆိုင်တွေများပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံမှာ Digital economy က အလွန်အရေးပါတဲ့ အခန်းကဏ္ဍအဖြစ် ပါဝင်နေပါတယ်။ ဒီပွဲကနေ အားလုံးအတူတကွ သင်ယူလေ့လာပြီး အချိတ်အဆက်ကောင်းတွေနဲ့ တီထွင်မှုတွေလုပ်ဆောင်သွားနိုင်မယ့် ခိုင်မာတဲ့အခွင့်အရေးကောင်းတွေ ပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ “ ဟု ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးနှင့် အကြီးမားဆုံး Android Developers Conference – DroidYangon 2019 အား Title Sponsor အဖြစ် AYA Bank, Platinum Sponsors အဖြစ် Wave Money နှင့် Gusto College, Gold Sponsors အဖြစ် Firebase နျင့် Enervon-C, Supporter များအဖြစ် လေ့လာ၊ Edulink, BOD Tech Ventures, JetBrains နှင့် Venue Sponsors အဖြစ် Taw Win Garden Hotel နှင့် Myanmar Land’s Institute မှ ပံ့ပိုးကူညီအားဖြည့်ပေးထားပါသည်။

DroidYangon 2019 အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက https://droidyangon.org တွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။