Dropbox က Passwords Manager App ကို ဖြန့်ချိလိုက်ပြီး Dropbox Passwords လို့ နာမည်ပေးထားပါတယ်။ အဲဒီ App ကို Android Device တွေအတွက် Play Store မှာ အင်စတောလုပ်နိုင်ပြီဖြစ်ပါတယ်။ လူတိုင်း အင်စတော လုပ်နိုင်ပေမယ့် အသုံးပြုဖို့အတွက် Invite လိုအပ်ပါတယ်။

Play Store က Description မှာ App ရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြထားပြီး တခြား Passwords Manager တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ တူညီကြပါတယ်။ Dropbox Passwords က သင့်ရဲ့ Passwords တွေကို သိမ်းထားပေးပြီး ဝက်ဘ်ဆိုက်တွေကို Log In ဝင်ပေးနိုင်ပါတယ်။ Passwords တွေကို သင့်ရဲ့ Device မျိုးစုံမှာ Sync လုပ်ပေးနိုင်ပြီး Passwords တွေကို Encryption နဲ့ ကာကွယ်ပေးထားတဲ့အတွက် လုံခြုံစိတ်ချရပါတယ်။ ဟက်ကာတွေ ခိုးယူဖို့ တော်တော် ခက်ခဲမှာပါ။

App ရဲ့ Welcome Screen မှာ Passwords သုံးဖို့ Dropbox Plus or Professional လိုအပ်မှာ ဖြစ်ပြီး အသုံးပြုခဟာ ၁၀ ယူရိုက စပါတယ်လို့ ဖော်ပြထားပါတယ်။ Dropbox ကို အခကြေးငွေ ပေးပြီး သုံးနေသူတွေအတွက် Passwords Manager ကိုပါ အပို သုံးလို့ရလာတဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမယ့် Passwords Manager သုံးဖို့အတွက် Dropbox ကို အခကြေးငွေ ပေးသုံးရတာ သိပ်မမိုက်ပါဘူး။ Play Store မှာ အခမဲ့သုံးနိုင်တဲ့ Passwords Manager များစွာ ရှိပါတယ်။

Download Dropbox Passwords 

Ref : gsmarena