Unicode

ယခု ၂၀၁၉ ခုနှစ်အတွင်းမှာ Fortnite နဲ့ PUBG လိုမျိုးပဲ အချိန်တိုအတွင်းအောင်မြင်မှုရရှိခဲ့တဲ့ Battle Royale ဂိမ်းတစ်ခုဖြစ်တဲ့ Apex Legends က အခုအချိန်မှာ ကိုယ်ပိုင် e-Sport League တစ်ခုကို ရရှိလာတော့မှာဖြစ်ပါတယ်။ EA နဲ့ Developer ဖြစ်တဲ့ Respawn Entertainment တို့ကနေ လက်ရှိ အကောင်းဆုံး PC Player တွေကို ဖိတ်ကြားပြီးတော့ Apex Legends Global Series မှာ ယှဥ်ပြိုင်ခိုင်းမှာပါ။

EA ရဲ့ ပြောကြားချက်အရတော့ အခု e-Sports Tournament ကို လာမယ့် ၂၀၂၀ ခုနှစ်မှာ စတင်ပြုလုပ်မှာဖြစ်ပြီးတော့ Global Live Event ၁၂ ခု ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခု Event တွေကို EA ကိုယ်တိုင်နဲ့ e-Sports Organization တွေဖြစ်တဲ့ PGL နဲ့ GLL တို့နဲ့ပါ ပူးပေါင်းသွားမယ်လို့ သိရပါတယ်။

အခု Tournament ဟာ Major ၄ ခုပါဝင်မှာဖြစ်ပြီးတော့ ၃ ခုက ၃ယောက်အသင်း ၁၀၀ နဲ့ ကျန်တဲ့တစ်ခုကတော့ ကမ္ဘာ့အကောင်းဆုံးအသင်း ၆၀ ပါဝင်တဲ့ Apex Legends Global Series Championship ဖြစ်လာမှာပါ။ အခု Event အတွက် ပထမဆုကြေးငွေ ဒေါ်လာ ၁ သန်းပေးအပ်မယ့်အပြင် စုစုပေါင်း တစ်နှစ်ပတ်လုံးမှာ ပေးအပ်မယ့် ဆုကြေးငွေက ဒေါ်လာ ၃ သန်းအထိရှိမှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Apex Legends Tournament က PC Player တွေအတွက်ပဲ ဝင်ရောက်ယှဥ်ပြိုင်နိုင်ဦးမှာဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ Console Player တွေအတွက်ပါ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ Apex Legends ဟာ Mobile Version လည်း ထုတ်ဖို့ရှိသေးတယ်လို့ ပြောကြားခဲ့ဖူးပေမယ့်အခုအချိန်အထိတော့ ဘာသတင်းမှထွက်ပေါ်ခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် အခုလက်ရှိ ဆော့ကစားသူ သန်း ၇၀ ဝန်းကျင်လောက်ရှိနေတဲ့ Apex Legends ဟာ Fortnite လိုမျိုး ဆော့ကစားသူ သန်း ၂၀၀ ကျော်နဲ့ယှဥ်ရင်တော့ နည်းပါးနေသေးပေမယ့် ဒီလိုမျိုး Tournament တွေကနေ ပိုပြီးအောင်မြင်လာနိုင်ပါတယ်။

Ref – Engadget

Zawgyi

ယခု ၂၀၁၉ ခုႏွစ္အတြင္းမွာ Fortnite နဲ႔ PUBG လိုမ်ိဳးပဲ အခ်ိန္တိုအတြင္းေအာင္ျမင္မႈရရွိခဲ့တဲ့ Battle Royale ဂိမ္းတစ္ခုျဖစ္တဲ့ Apex Legends က အခုအခ်ိန္မွာ ကိုယ္ပိုင္ e-Sport League တစ္ခုကို ရရွိလာေတာ့မွာျဖစ္ပါတယ္။ EA နဲ႔ Developer ျဖစ္တဲ့ Respawn Entertainment တို႔ကေန လက္ရွိ အေကာင္းဆုံး PC Player ေတြကို ဖိတ္ၾကားၿပီးေတာ့ Apex Legends Global Series မွာ ယွဥ္ၿပိဳင္ခိုင္းမွာပါ။

EA ရဲ႕ ေျပာၾကားခ်က္အရေတာ့ အခု e-Sports Tournament ကို လာမယ့္ ၂၀၂၀ ခုႏွစ္မွာ စတင္ျပဳလုပ္မွာျဖစ္ၿပီးေတာ့ Global Live Event ၁၂ ခု ျပဳလုပ္သြားမွာျဖစ္ပါတယ္။ အခု Event ေတြကို EA ကိုယ္တိုင္နဲ႔ e-Sports Organization ေတြျဖစ္တဲ့ PGL နဲ႔ GLL တို႔နဲ႔ပါ ပူးေပါင္းသြားမယ္လို႔ သိရပါတယ္။

အခု Tournament ဟာ Major ၄ ခုပါဝင္မွာျဖစ္ၿပီးေတာ့ ၃ ခုက ၃ေယာက္အသင္း ၁၀၀ နဲ႔ က်န္တဲ့တစ္ခုကေတာ့ ကမာၻ႔အေကာင္းဆုံးအသင္း ၆၀ ပါဝင္တဲ့ Apex Legends Global Series Championship ျဖစ္လာမွာပါ။ အခု Event အတြက္ ပထမဆုေၾကးေငြ ေဒၚလာ ၁ သန္းေပးအပ္မယ့္အျပင္ စုစုေပါင္း တစ္ႏွစ္ပတ္လုံးမွာ ေပးအပ္မယ့္ ဆုေၾကးေငြက ေဒၚလာ ၃ သန္းအထိရွိမွာျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ Apex Legends Tournament က PC Player ေတြအတြက္ပဲ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ဦးမွာျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ Console Player ေတြအတြက္ပါ ျပဳလုပ္သြားဖို႔ရွိတယ္လို႔ သိရပါတယ္။ Apex Legends ဟာ Mobile Version လည္း ထုတ္ဖို႔ရွိေသးတယ္လို႔ ေျပာၾကားခဲ့ဖူးေပမယ့္အခုအခ်ိန္အထိေတာ့ ဘာသတင္းမွထြက္ေပၚျခင္းမရွိေသးပါဘူး။

ဘာပဲျဖစ္ျဖစ္ အခုလက္ရွိ ေဆာ့ကစားသူ သန္း ၇၀ ဝန္းက်င္ေလာက္ရွိေနတဲ့ Apex Legends ဟာ Fortnite လိုမ်ိဳး ေဆာ့ကစားသူ သန္း ၂၀၀ ေက်ာ္နဲ႔ယွဥ္ရင္ေတာ့ နည္းပါးေနေသးေပမယ့္ ဒီလိုမ်ိဳး Tournament ေတြကေန ပိုၿပီးေအာင္ျမင္လာႏိုင္ပါတယ္။

Ref – Engadget