Electronic Arts က ကုမ္ပဏီရဲ့ နာမည်ကြီး ဂိမ်း တချို့ကနေ ရုရှား နိုင်ငံ ဘောလုံးအသင်းနဲ့ ပရော်ဖက်ရှင်နယ် ကလပ်အသင်းတွေကို ဖယ်ရှားဖို့ လုပ်ဆောင်နေပြီလို့ ကြေညာလိုက်ပါတယ်။

NHL 22 , FIFA 22 , FIFA Online နဲ့ FIFA Mobile တို့ကနေ ဖယ်ရှားမှာ ဖြစ်ပြီး ဖယ်ရှားမယ့် အချိန်ကို မသိရသေးပါဘူး။ EA က မိတ်ဖက်လက်တွဲဖော်တွေ ဖြစ်တဲ့ FIFA, UEFA နဲ့ IIHF တို့ရဲ့ လမ်းညွှန်မှုကြောင့် အခု ဆုံးဖြတ်ချက်ကို ချလိုက်တာလို့ ပြောပါတယ်။ အဲဒီ အဖွဲ့အစည်းတွေဟာ နိုင်ငံတကာ၊ ဥရောပ ဘောလုံးနဲ့ နိုင်ငံတကာ ဟော်ကီ အသင်းနဲ့ ပြိုင်ပွဲတွေကို စီမံခန့်ခွဲနေတာ ဖြစ်ပြီး မကြာခင်ကပဲ ရုရှား ဘောလုံးအသင်းနဲ့ ဟော်ကီ အသင်းတွေကို ပြိုင်ပွဲအားလုံးမှာ မပါဝင်နိုင်အောင် ပိတ်ပင်ခဲ့ကြပါတယ်။ ရုရှား အသင်း အပြင် NHL 22 မှာ ဘီလာရုစ် ကလပ် အသင်းတွေကိုပါ ဖယ်ရှားမှာပါ။

FIFA 22 will be the last football game from EA sports with the name FIFA | PINKVILLA

EA က “ ကမ္ဘာ့ ဘောလုံး ဇာတ်ခုံပေါ်က အသံတွေအတိုင်းပဲ EA Sports ဟာ ယူကရိန်း ပြည်သူတွေနဲ့အတူ ရပ်တည်မှာ ဖြစ်ပြီး ငြိမ်းချမ်းရေးရဖို့နဲ့ ယူကရိန်းကို ကျူးကျော်တာ ရပ်တန့်ဖို့ တောင်းဆိုပါတယ်။ “ လို့ ထုတ်ပြန်ကြေညာပါတယ်။ EA ဟာ Apple , Facebook နဲ့ YouTube အပါအဝင် တခြား နည်းပညာ ကုမ္ပဏီတွေလိုပဲ ရုရှားကို ဝန်ဆောင်မှုတွေ မပေးဖို့ ပြုလုပ်နေပါတယ်။

EA ဟာ တကယ့် ကမ္ဘာက အဖြစ်အပျက်တွေအတိုင်း ဂိမ်းထဲမှာ ပြောင်းလဲမှုတွေ ပြုလုပ်နေပြီး လူ့ကျင့်ဝတ်ဖောက်ဖျက်မှု စကားလုံးတွေပါတဲ့ အီးမေး ပေါက်ကြားပြီးနောက် Las Vegas Raiders နည်းပြ Jon Gruden ကို ပြီးခဲ့တဲ့ နှစ်မှာ ဂိမ်းကနေ ဖယ်ရှားခဲ့ပါတယ်။

Ref : theverge