ဂိမ်းတွေ ဖန်တီးတဲ့ Electronic Arts (EA) က ဂိမ်း လောကရဲ့ အနာဂတ်မှာ NFTs တွေ အရေးပါလာမယ်လို့ ရင်းနှီးမြှပ်နှံသူတွေကို ပြောလိုက်ပါတယ်။ ဒစ်ဂျစ်တယ် အနုပညာလက်ရာတွေနဲ့ Collectible Items တွေကို အရောင်းအဝယ်ပြုလုပ်နိုင်တဲ့ NFTs တွေဟာ ပြီးခဲ့တဲ့ လတွေအတွင်း အရမ်း ရေပန်းစားလာပါတယ်။

This stock photo shows a PlayStation controller being held in front of a Fifa 22 logo

EA က Ultimate Team Mode မှာ Player တွေကို စုဆောင်းဖို့ “Card Packs” တွေကို အသုံးပြုရတဲ့ Fifa Football Series ကို ဖန်တီးပေးထားပါတယ်။ အကြီးတန်း အရာရှိ Andrew Wilson က Fifa Player တွေဟာ အဲဒီ ဂိမ်းမှာ NFTs တွေကို တွေ့မြင်ချင်ကြတယ်လို့ ရင်းနှီးမြှပ်နှံသူတွေကို ရှင်းပြပါတယ်။ သူက “ Player တွေဟာ ဂိမ်းထဲမှာ ဘောလုံး ကစားရတာထက် ပိုတဲ့ ဒစ်ဂျစ်တယ် အတွေ့အကြုံတွေကို လိုချင်နေကြပါတယ်။ NFTs အိုင်ဒီယာဟာ အခုတော့ အရမ်းကို စောနေသေးပေမယ့် အနာဂတ်မှာ အရမ်း ရေပန်းစားလာမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Electronic Artsホームページ- 公式EAサイト

ဂိမ်း လောကမှာတော့ NFTs နဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေ ကွဲပြားနေပါတယ်။ နာမည်ကြီး PC ဂိမ်း ပလက်ဖောင်း ဖြစ်တဲ့ Steam က Blockchain နဲ့ NFTs အခြေပြု ဂိမ်းတွေကို ပိတ်ပင်ထားပေမယ့် ပြိုင်ဖက် Epic ကတော့ ခွင့်ပြုထားပါတယ်။ ဂိမ်း ဒီဇိုင်နာ တချို့က NFTs တွေ ဂိမ်းမှာ ထည့်သွင်းလာတာက မကောင်းဘူးလို့ ဝေဖန်ကြပေမယ့် နာမည်ကြီး Ubisoft က ကြိုဆိုတယ်လို့ ပြောပါတယ်။

ဂိမ်း လောကကို  လေ့လာဆန်းစစ်တဲ့ Piers Harding-Rolls က “ NFTs နဲ့ Blockchain ဂိမ်းတွေဟာ ဂိမ်း လောကကို ဆိုးကျိုး သက်ရောက်စေမှာ ဖြစ်ပါတယ်။ နာမည်ကြီး ဂိမ်း ကုမ္ပဏီအားလုံးဟာ NFTs ကနေ ဝင်ငွေ ရှာဖို့ ကြိုးစားနေကြပါတယ်။ အဲဒီအထဲမှာ EA လည်း ပါပါတယ်။ အဲဒီ ဝင်ငွေ ရှာတဲ့ နည်းလမ်းဟာ မှားယွင်းနေပြီး လက်ရှိ စီးပွားရေး လုပ်ငန်းကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ “ လို့ သုံးသပ်ပါတယ်။

Ref : bbc