လျှပ်စစ်ကားတွေကို အားသွင်းပေးတဲ့ နည်းပညာကို အဓိက ဖန်တီးနေတဲ့ အစ္စရေး ကုမ္ပဏီ ElectReon က အမေရိကန် ပြည်ထောင်စု ဒက်ထရွိုက်ရဲ့ မီချီဂန် Central Terminal အနားမှာ လျှပ်စစ်ကားတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ ကားလမ်းကို တည်ဆောက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ လျှပ်စစ်ကားတွေဟာ အဲဒီ ကားလမ်းအပေါ်ကနေ ဖြတ်သန်းသွားလာတာ သို့မဟုတ် ရပ်နားထားတာနဲ့ အလိုအလျှောက် အားသွင်းပေးမှာ ဖြစ်ပါတယ်။

Electreon to deploy its first wireless EV charging road system in the U.S.

၂၀၂၃ ခုနှစ်မှာ အဲဒီ ကားလမ်းကို အပြီးတည်ဆောက်ဖို့ မျှော်လင့်ထားပြီး လက်ရှိမှာ ကားလမ်း အရှည် ၁ မိုင် အထိ တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ Electreon ရဲ့ နည်းပညာအသစ်ကို Inductive Charging လို့ ခေါ်ပြီး ကော့ပါးကွိုင်တွေကို ကားလမ်းထဲမှာ ထည့်သွင်းမြှပ်နှံထားပါတယ်။ အဲဒီကွိုင်တွေက စွမ်းအင်ကို Magnetic Induction ကနေတစ်ဆင့် ကားရဲ့ ဘက်ထရီဆီ ပို့ဆောင်ပေးမှာပါ။ ကားရဲ့ ကြမ်းခင်းမှာ Receiver တပ်ဆင်ထားပြီး စွမ်းအင်ကို အင်ဂျင်နဲ့ ဘက်ထရီဆီ စေလွှတ်ပေးမှာ ဖြစ်ပါတယ်။

Roads That Charge Electric Cars Wirelessly Are Springing Up Everywhere!

ကုမ္ပဏီဟာ ဂျာမနီ၊ အီတလီနဲ့ ဆွီဒင်မှာလည်း လျှပ်စစ်ကားတွေကို ကြိုးမဲ့အားသွင်းပေးတဲ့ ကားလမ်း စီမံကိန်းတွေကို ပြုလုပ်နေပါတယ်။ မကြာခင်ကပဲ အစ္စရေးနိုင်ငံ တဲလ်အဗစ်က အများသုံး ဘတ်စ်ကား ၂၀၀ အတွက် ကြိုးမဲ့အားသွင်းစက် ကွန်ရက်ကို တည်ဆောက်ပေးဖို့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

အမေရိကန်မှ Electreon ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဌာနမှ ဒုတိယ ဥက္ကဌ Stefah Tongur က “ အမေရိကန် ဈေးကွက်ကို ဝင်ရောက်ရတာ ကျွန်တော်တို့ စိတ်လှုပ်ရှားပါတယ်။ အမေရိကန်ရဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြမှာပါ။ “ လို့ ပြောပါတယ်။

Ref : interestingengineering