စစ်တမ်း တစ်ခု အရ လျှပ်စစ်ကားတွေဟာ လောင်စာဆီသုံးကားတွေထက် လေထုညစ်ညမ်းမှု ပိုဖြစ်စေတယ်လို့ သိရပါတယ်။ လျှပ်စစ်ကားတွေဟာ လစ်သီယမ် အိုင်းယွန်း ဘက်ထရီကြောင့် လောင်စာဆီသုံးကားတွေထက် ပိုမို လေးလံတဲ့အတွက် တာယာပွတ်တိုက်မှု ပိုများပြီး လေထုညစ်ညမ်းစေတဲ့ အမှုန်တွေ ထုတ်လွှင့်မှုများပါတယ်။

ခေတ်ပေါ် လောင်စာဆီသုံးကားတွေမှာတော့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုကို လျှော့ချပေးတဲ့ Filter တွေ ထည့်သွင်းထားကြပါတယ်။ လျှပ်စစ်ကားတွေဟာ ပျမ်းမျှအားဖြင့် လောင်စာဆီသုံးကားတွေထက် ၃၀ ရာခိုင်နှုန်းပိုမို လေးလံကြပါတယ်။

Electric vs Gas Cars: Deep Dive | Medium

Virginia Tech မှ ပါမောက္ခ Hesham Rakha က ဒါဟာ လူတွေ လျှပ်စစ်ကားတွေကို မဝယ်သင့်ဘူးလို့ တရားသေ ပြောတာ မဟုတ်ပါဘူး။ လျှပ်စစ်ကားတွေဟာ ကာဘွန်ထုတ်လုပ်မှု လုံးဝ မရှိပါဘူး။ ဒါပေမယ့် အားသွင်းနေချိန်မှာ ကာဘွန် ထုတ်လွှင့်ကြတယ်လို့ သူက ပြောပါတယ်။

Gas vs EV - Which is right for you?

လျှပ်စစ်ကား ဘက်ထရီတွေဟာ ပျမ်းမျှအားဖြင့် ပေါင် ၁,၀၀၀ လောက် လေးလံကြပြီး အမှုန်ထုတ်လွှင့်မှုဟာ လောင်စာဆီသုံးကားတွေထက် အဆ ၄၀၀ နီးပါး ပိုများပါတယ်။ အမှုန်တွေကြောင့် လေထုညစ်ညမ်းမှုဟာ နှလုံး၊ ပန်းနာရင်ကြပ်၊ အဆုတ် ရောဂါ၊ ကင်ဆာနဲ့ အရွယ်မတိုင်ခင် သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။

လျှပ်စစ်ကားတွေဟာ လေထုညစ်ညမ်းမှု မရှိဘူးဆိုတဲ့ အယူအဆကို ဒီစစ်တမ်းက ပြောင်းပြန်လှန်ပစ်မလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ပညာရှင်တွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်လက် သုတေသနပြုလုပ်ကြမယ်လို့ ပြောပါတယ်။

Ref : msn