လျှပ်စစ် လေယာဉ်တွေဟာ တီထွင်ဆဲ အဆင့်မှာ ရှိနေသေးပေမယ့် နည်းပညာတွေ မြန်မြန်တိုးတက်လာတဲ့အတွက် မကြာခင်မှာ ထွက်ပေါ်လာတော့မှာပါ။ လျှပ်စစ် လေယာဉ်တွေရဲ့ အဓိက စိန်ခေါ်မှုက လောင်စာဆီသုံး လေယာဉ်တွေထက် စွမ်းအင်သိုလှောင်နိုင်တဲ့ ပမာဏ နည်းပါးတာပါ။ ဒါပေမယ့် ဘက်ထရီ နည်းပညာ အသစ်တွေကို တီထွင်လာတဲ့အတွက် လျှပ်စစ် လေယာဉ်တွေကို မကြာခင် အောင်မြင်စွာ တည်ဆောက်နိုင်တော့မှာပါ။

Electric planes: the revolution has some snags | Financial Times

တရုတ် ဘက်ထရီ ထုတ်လုပ်သူ Contemporary Amperex Technology (CATL) က လျှပ်စစ် ခရီးသည်တင် လေယာဉ်တွေကို မောင်းနှင်နိုင်တဲ့ ဘက်ထရီ အသစ်ကို ပြသလိုက်ပါတယ်။ Semi-solid State ဘက်ထရီ ဖြစ်ပြီး စွမ်းအင် 500 Wh/k အထိ သိုလှောင်နိုင်ပါတယ်။ CATL က အဲဒီ ဘက်ထရီကို အချိန်တိုအတွင်း အမြောက်အများ ထုတ်လုပ်နိုင်ပြီး လျှပ်စစ် လေယာဉ်ပျံ ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

လျှပ်စစ် လေယာဉ်တွေကို တီထွင်နေတာ အချိန်တစ်ခုကြာပြီ ဖြစ်ပေမယ့် သမားရိုးကျ လောင်စာဆီသုံးလေယာဉ်တွေကို အစားထိုးဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ CATL ကတော့ သူ့ ဘက်ထရီ နည်းပညာဟာ ကြီးမားတဲ့ တိုးတက်အောင်မြင်မှုလို့ ယုံကြည်နေပြီး ၂၀၂၅ ခုနှစ်မှာ အဲဒီ ဘက်ထရီ ထုတ်လုပ်တဲ့ စက်ရုံကို တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။

Ref : gizmochina