Tesla နဲ့ SpaceX ကုမ္ပဏီတွေကို ဦးဆောင်နေတဲ့ Elon Musk က Apple ရဲ့ Mixed-reality Headset ဖြစ်တဲ့ Vision Pro အပေါ် သူ့ အမြင်တွေကို X မှာ ပြောကြားလိုက်ပါတယ်။ သူက Apple Vision Pro ရဲ့ လက်ရှိ အနေအထားနဲ့ အနာဂတ်အပေါ်မှာ မှတ်ချက်ပေးလိုက်တာပါ။

Apple-Vision-Pro

Musk က Apple Vision Pro ဟာ သူ့ကို အထင်မကြီးစေဘူးလို့ ပြောပါတယ်။ သူက ဒီနည်းပညာဟာ အလားအလာရှိပေမယ့် လက်ရှိမှာ အံ့အားသင့်စရာ မကောင်းသေးဘဲ ကန့်သတ်ချက်တွေ ရှိနေတယ်လို့ ဝေဖန်လိုက်ပါတယ်။ သူက ပထမဆုံး iPhone လိုပဲ Vision Pro ဟာ အစပိုင်းမှာ အစွမ်းမထက်သေးဘဲ အနာဂတ်မှာ အစွမ်းထက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

Vision Pro ကို ဒီလ အစောပိုင်းမှာ အမေရိကန်မှာ ရောင်းချခဲ့ပြီး မီဒီယာနဲ့ ဘလော့ဂါတွေ အကောင်း၊ အဆိုး မှတ်ချက်ပေးမှုများစွာရခဲ့ပါတယ်။ တချို့က ကောင်းတယ်လို့ ပြောကြပြီး တချို့က အလျှင်အမြန် မဝယ်သင့်သေးဘူးလို့ သုံးသပ်ကြပါတယ်။

Elon Musk on Vision Pro

အကောင်းနဲ့ အဆိုး မှတ်ချက်တွေ ရှိနေပေမယ့် Vision Pro ကို လူစိတ်ဝင်စားမှုမြင့်မားနေပါတယ်။ Tesla ပိုင်ရှင်တချို့ဟာ ကားကို အားသွင်းနေချိန်မှာ VisionPro နဲ့ အလုပ်တွေ လုပ်နေကြပါတယ်။

တချို့က Vision Pro ရဲ့ ဖောက်ထွင်းမြင်ရတဲ့ စွမ်းရည်ကို အသုံးပြုကာ ကားမောင်း‌ရင်း တပ်ဆင်ထားကြပါတယ်။ Apple က ကားမောင်းနေချိန်မှာ Vision Pro တပ်ထားနိုင်တယ်လို့ မပြောထားပေမယ့် Apple ရဲ့ Fans အကြီးစားတွေကတော့ တပ်ဆင်အသုံးပြုနေကြပါတယ်။

Ref : gizmochina