Elon Musk ဟာ ယခင် အမေရိကန် သမ္မတဟောင်း ဘားရတ် အိုဘားမားကို နန်းချကာ တွစ်တာမှာ Follower အများဆုံး ဖြစ်လာပါတယ်။ လက်ရှိမှာ Musk ဟာ တွစ်တာမှာ Follower ၁၃၃,၀၆၈,၇၀၉ နဲ့ အိုဘားမားက ၁၃၃,၀၄၂,၈၁၉ ရှိပါတယ်။

Elon Musk, with a background of Twitter badges

Musk က ဒေါ်လာ ၄၄ ဘီလီယမ်နဲ့ တွစ်တာကို ဝယ်ယူပြီးနောက်မှာ Follower တွေ တစ်ဟုန်ထိုး မြင့်မားလာတာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇွန်လမှာ Follower သန်း ၁၀၀ ပြည့်ခဲ့တာဖြစ်ပြီး နောက်ပိုင်းလတွေမှာ Follower တွေ အလွန်မြင့်မားလာခဲ့ပါတယ်။

Mysterious layoffs: Twitter employee asks if he's fired, Musk laughs and vanishes - BusinessToday

Musk ဟာ တွစ်တာမှာ ရံဖန်ရံခါ ပို့စ်တွေ တင်လေ့ရှိပြီး တစ်ခါတစ်လေ Meme တွေ တင်တတ်ပါတယ်။ Musk ဟာ တွစ်တာမှာ ပြုလုပ်မယ့် အပြောင်းအလဲတွေအကြောင်းကိုလည်း တင်လေ့ရှိပါတယ်။ သူဟာ Donald Trump ကို တွစ်တာမှာ ပြန်လက်ခံမလားဆိုတာနဲ့ တွစ်တာရဲ့ စီအီးအို ရာထူးကနေ ဆင်းပေးရမလား ဆိုတဲ့ လူထုစစ်တမ်းတွေကိုလည်း တင်တတ်ပါတယ်။

အိုဘားမားကတော့ အရေးကြီးတဲ့ အကြောင်းအရာတွေ၊ သမ္မတ လက်ထက်က သူလုပ်တဲ့ အလုပ်တွေလို ပို့စ်တွေကို တွစ်တာမှာ တင်လေ့ရှိပါတယ်။ Justin Bieber နဲ့ Katy Perry တို့ကတော့ တွစ်တာမှာ တတိယနဲ့ စတုတ္ထ Follower အများဆုံး ဖြစ်နေပါတယ်။

Ref : theverge