Tesla နဲ့ SpaceX ရဲ့ CEO Elon Musk က AI ရဲ့ အနာဂတ်ကို ဟောကိန်းထုတ်လိုက်ပါတယ်။ Musk က AI ဟာ နောက်နှစ်မှာ လူသားတွေထက် ဉာဏ်ရည်မြင့်လာမှာ ဖြစ်ပြီး ၂၀၂၉ ခုနှစ်မှာ လူသား အားလုံးစုစုပေါင်းထက် ဉာဏ်ရည်မြင့်လာမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

AI ဟာ လူသားတွေထက် ဉာဏ်ရည် ပိုမြင့်လာမယ့်အကြောင်းကို နည်းပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေနဲ့ အနာဂတ် ဟောကိန်းထုတ်သူတွေကြားမှာ ဆွေးနွေးနေတာ နှစ်များစွာ ကြာပါပြီ။ ChatGPT အမည်ရ Generative AI Chatbot ထွက်လာပြီးနောက်မှာ အဲဒီ ဆွေးနွေးမှုတွေဟာ ပိုမိုကျယ်လောင်လာပါတယ်။

Google, Meta, Amazon နဲ့ Microsoft တို့လို ထိပ်တန်း နည်းပညာ ကုမ္ပဏီတွေဟာ Generative AI ကို အပြိုင်အဆိုင် တီထွင်လာကြပါတယ်။

Elon Musk ဟာ Podcast Host ဖြစ်သူ Joe Rogan ၊ နာမည်ကြီး အနာဂတ် ဟောကိန်းထုတ်သူ Ray Kurzwell တို့နဲ့ အင်တာဗျူး ၁ ခုမှာ အခု ဟောကိန်းကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ Ray Kurzwell ကလည်း Musk ရဲ့ ဟောကိန်းကို လက်ခံ သဘောတူညီပါတယ်။

Artificial Intelligence vs Human Intelligence

Kurzwell က “ လူတွေဟာ နောက်နှစ်ပေါင်း ၁၀၀ လောက်ကျမှ AI ဟာ လူသားတွေထက် ဉာဏ်ရည်ပိုမြင့်လာမယ်လို့ ထင်နေကြပါတယ်။ ဒါပေမယ့် AI ဟာ လာမယ့် ၅ နှစ်အတွင်း အဲဒီ စွမ်းရည်ကို ရရှိတော့မှာပါ။ “ လို့ ပြောပါတယ်။

AI ဟာ လူသားတွေထက် ဉာဏ်ရည်ပိုမြင့်လာပြီး လူသားတွေကို များစွာအကျိုးပြုနိုင်ပေမယ့် လူသားတွေကို မျိုးတုန်းပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်မှာကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

Ref : gizchina