Elon Musk တွစ်တာကို ဝယ်ယူပြီးကတည်းက ဝေဖန်မှုများစွာ ရှိလာခဲ့ပါတယ်။ အခုလည်း လူများစွာ လက်မခံနိုင်တဲ့ အပြောင်းအလဲ တစ်ခုကို ပြုလုပ်တော့မှာပါ။

Elon Musk says he'll get rid of Twitter's famous bird logo in favor of an X

Elon Musk က တွစ်တာကို X လို့ အမည်ပြောင်းပြီး နာမည်ကျော် ငှက်ပြာလေးလိုဂို အစား ‘X’ အက္ခရာပုံစံအမှတ်အသားတစ်ခုနဲ့ အစားထိုးမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် x.com URL ကိုသွားရင် တွစ်တာဆီ ရောက်သွားအောင် ပြုလုပ်မှာပါ။

Elon Musk ဟာ User တွေအတွက် ဝန်ဆောင်မှုများစွာကို ပံ့ပိုးပေးနိုင်တဲ့ X အမည်ရ App ကို ဖန်တီးဖို့ ဟိုးအရင်ကတည်းက ဆန္ဒရှိခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်မှာ Musk က တွစ်တာကို ဝယ်တာဟာ X ကို ဖန်တီးဖို့ အထောက်အကူယူတာလို့ ပြောခဲ့ပါတယ်။

Elon Musk: Time to say goodbye to Twitter bird logo – Public Radio of Armenia

Elon Musk ဟာ အချိန်တိုအတွင်း တွစ်တာမှာ ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပြီး သူ့ အမြင်အတိုင်း တွစ်တာကို ပုံဖော်နေပါတယ်။ တွစ်တာဟာ ပြဿနာများစွာကို ရင်ဆိုင်နေရပါတယ်။ မကြာခင်ကပဲ တွစ်တာရဲ့ အရာရှိများစွာနဲ့ ဝန်ထမ်းများစွာကို အလုပ်ထုတ်ခဲ့ပါတယ်။ Content တွေကို စိစစ်တဲ့ မူဝါဒကို အရင်ကလို ပြုလုပ်ခဲ့တဲ့အတွက် သာမာန် User တွေ အသုံးပြုမှုကို ကန့်သတ်ခဲ့ပါတယ်။

ဒါဟာ တွစ်တာရဲ့ စီးပွားရေးလုပ်ငန်းကို ထိခိုက်စေပါတယ်။ Musk က တွစ်တာရဲ့ ကြော်ငြာဝင်ငွေဟာ ၅၀ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်က ဝန်ခံခဲ့ပါတယ်။ အခုလို နာမည်ပြောင်းတာဟာ တွစ်တာကို ထိခိုက်စေမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizmochina