Elon Musk က မိုဘိုင်းဖုန်းတွေမှာ ဂြိုလ်တု အင်တာနက်ကို တိုက်ရိုက် သုံးနိုင်အောင် Starlink ဂြိုလ်တုတွေကို လွှတ်တင်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ အဲဒီအတွက် အထူး ကိရိယာတွေ မလိုအပ်ဘဲ ဂြိုလ်တု အင်တာနက်ကို မိုဘိုင်းဖုန်းကနေ သုံးနိုင်ပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကယ်လီဖိုးနီးယားရဲ့ Vandenberg Space Force Base ကနေ Direct-to-cell စွမ်းရည် ပါတဲ့ ဂြိုလ်တု ၁၃ ခု အပါအဝင် Starlink ဂြိုလ်တု ၂၀ ကို အောင်မြင်စွာ လွှတ်တင်ပြီးနောက် အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

Falcon 9 ဒုံးပျံက အဲဒီ ဂြိုလ်တုတွေကို ကမ္ဘာပတ်လမ်းကြောင်းကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပြီး လက်ရှိ ဂြိုလ်တု အဖွဲ့အစည်းနဲ့ သွားရောက် ချိတ်ဆက်မှာ ဖြစ်ပါတယ်။ အသစ် လွှတ်တင်လိုက်တဲ့ ဂြိုလ်တုတွေဟာ အရင်က လိုင်းမရခဲ့တဲ့ ဧရိယာတွေမှာပါ အင်တာနက် ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

Starlink completes first satellite direct-to-cell connection in boost for remote access - Businessday NG

မိုဘိုင်း ဖုန်း ကနေ ဂြိုလ်တု အင်တာနက်ကို တိုက်ရိုက်သုံးတဲ့အခါ လက်ရှိ အမြန်နှုန်းက 10 Mbps ဖြစ်ပြီး Musk က နောက်ပိုင်းမှာ အမြန်နှုန်း ပိုကောင်းလာမယ်လို့ ပြောပါတယ်။

Starlink ဟာ တစ်ကမ္ဘာလုံးမှာ အင်တာနက် ပံ့ပိုးပေးဖို့ ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်းမှာ ဂြိုလ်တု ထောင်ဂဏန်းကို လွှတ်တင်ထားပါတယ်။ လက်ရှိမှာ ဂြိုလ်တု ၇,၀၀၀ ကျော်ကို လွှတ်တင်ထားပြီး စဉ်ဆက်မပြတ် တိုးချဲ့ဖို့ စီစဉ်ထားပါတယ်။

Ref: msn