Elon Musk ဟာ ကမ္ဘာ့ အချမ်းသာဆုံး လူပုဂ္ဂိုလ် တစ်ဦး ဖြစ်သလို အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်ပါတယ်။ သူဟာ Tesla နဲ့ လျှပ်စစ်ကား နယ်ပယ်မှာ ဦးဆောင်နေသလို SpaceX ၊ Starlink နဲ့ အာကာသကို နယ်ချဲ့နေသူ ဖြစ်ပါတယ်။

သူဟာ X (Twitter) လူမှုကွန်ရက်ကို ဒေါ်လာ ၄၄ ဘီလီယမ်နဲ့ ဝယ်ယူခဲ့ပါတယ်။ ကံဆိုးစွာပဲ X ဟာ တန်ဖိုးများစွာ ကျဆင်းနေပြီး Elon Musk ဝယ်ယူခဲ့တဲ့ တန်ဖိုးထက် ၇၁ ရာခိုင်နှုန်းတောင် ကျဆင်းသွားပါတယ်။

Why is Twitter being rebranded as 'X'? Elon Musk's biographer reveals the story that began in 1999 - BusinessToday

Musk ဟာ X ရဲ့ ဝင်ငွေရှာဖွေတဲ့အကြီးမားဆုံး ပြဿနာကို တောက်လျှောက် ဖြေရှင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း မှားယွင်းမှု တချို့ ရှိခဲ့ပြီး Musk ဟာ ပြဿနာကို ဂရုတစိုက် မဖြေရှင်း နိုင်ခဲ့ပါဘူး။

ဥပမာပြရရင် မကြာခင်က X ဟာ ဂျူးလူမျိုးတွေကို တိုက်ခိုက်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ အဲဒီကိစ္စအကြောင်း Musk ကို မေးတဲ့အခါမှာ ကြော်ငြာရှင်တွေနဲ့ ပတ်သက်ပြီး သူက “go f**k yourselves” လို့ ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်ခဲ့ပါတယ်။ အဲဒါဟာ လက်ရှိ ပြဿနာတွေကို ဖြေရှင်းရမယ့် အစား ပြဿနာ အသစ်တွေကိုဖြစ်စေပါတယ်။

Elon Musk's X reprimanded after disinformation safety feature scrapped - ABC News

Apple အပါအဝင် ကုမ္ပဏီများစွာဟာ X မှာ ကြော်ငြာဝယ်ယူမှုနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေကို ဖျက်သိမ်းခဲ့ပါတယ်။ Musk ဟာ အဲဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပြီး ကြော်ငြာတွေ အပေါ် မှီခိုနေရတာကို ရှောင်ရှားဖို့ လုပ်ဆောင်ခဲ့ပါတယ်။

သူက User တွေကို အခကြေးငွေ ကောက်ခံပြီး ကြော်ငြာတွေ မပြသတဲ့ ဝန်ဆောင်မှုကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ သိပ်ပြီး အလုပ်မဖြစ်ခဲ့ဘဲ X ရဲ့ တန်ဖိုးဟာ ကျဆင်းနေပါတယ်။

X ရဲ့ တန်ဖိုးဟာ ကျဆင်းနေပေမယ့် ပြိုင်ဖက် Meta နဲ့ Snap ရဲ့ စတော့ တန်ဖိုးတွေဟာ တက်နေပြီး ကြော်ငြာရှင်တွေ အကြိုက် ဖြစ်နေပါတယ်။

Ref : gizmochina