ဓါတ်ခဲကောင်းကောင်းထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီတွေထဲမှာ Energizer ကုမ္ပဏီက ထိပ်တန်းမှာ ရှိနေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Energizer ကုမ္ပဏီကနေ သာမန်ဓါတ်ခဲတွေထုတ်နေရာကနေ စမတ်ဖုန်းဈေးကွက်ထဲကို Energizer Power Max P600s စမတ်ဖုန်းကို ထုတ်လုပ်ပြီး ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

အခု Power Max 600s စမတ်ဖုန်းဟာ ဓါတ်ခဲ ကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားတဲ့အတွက် Battery ကို 4500mAh ထည့်သွင်းပေးထားပြီး လက်ရှိ 18:9 Full Screen Display အသုံးပြုထားတဲ့ စမတ်ဖုန်းတွေထဲမှာ Battery ပမာဏအများဆုံးဖြစ်လာခဲ့ပါတယ်။ ကုမ္ပဏီကိုယ်တိုင်ကလည်း အခု Power Max P600s စမတ်ဖုန်းဟာ ဆက်တိုက်သုံးရင် ၁၂ နာရီကျော် အသုံးခံမှာဖြစ်ပြီးတော့ ၁၆ ရက်လောက်ကို Standby ထားရှိနိုင်တယ်လို့ သိရပါတယ်။ ပြန်လည် အားသွင်းဖို့ အတွက် Fast Charging စနစ်လည်း ပါဝင်ဦးမှာပါ။

Energize Power Max P600s စမတ်ဖုန်းရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ Display ပဲဖြစ်ပြီး အခုနောက်ပိုင်းရေပန်းစားလာတဲ့ 18:9 Ratio 5.99″ Display ကို အသုံးပြုလာတာပဲဖြစ်ပါတယ်။ Resolution ကလည်း Battery ပိုခံအောင်အတွက် Full HD+ Resolution ကို သုံးစွဲထားတာပဲဖြစ်ပါတယ်။

Energizer Power Max P600s စမတ်ဖုန်းဟာ စွမ်းဆောင်ရည်ပိုင်းလည်း အားနည်းတာမျိုးမဟုတ်ပဲ MediaTek Helio P25 Chipset ကို အသုံးပြုထားသလို RAM 3GB ၊ ROM 32GB နဲ့ RAM 4GB ၊ ROM 64GB Version ၂ မျိုး ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကင်မရာတွေအနေနဲ့လည်း 13MP + 5MP Dual Camera ကို ဖုန်းရဲ့ နောက်ကျောဘက်မှာ တပ်ဆင်ထားပြီးတော့ အရှေ့ဘက်မှာတော့ LED Flash ပါဝင်တဲ့ 8MP Selfie Camera ကို တပ်ဆက်ထားတာကို တွေ့ရပါတယ်။

အခု Energizer Power Max P600s စမတ်ဖုန်းဟာ စစခြင်း စမတ်ဖုန်းဈေးကွက်ထဲကို ဝင်ရောက်လာတာပေမယ့် ပါဝင်တဲ့ Specifications တွေအရတော့ မဆိုးဘူးလို့ ပြောလို့ရပြီးတော့ ဒေါ်လာ ၃၀၀ ဝန်းကျင်နဲ့ ယခုလလယ်ဝန်းကျင်မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။