စမတ်ဖုန်းတစ်ခုဟာ ပုံမှန်အားဖြင့် 3000mAh ကနေ 4000mAh Battery တွေပဲ ပါဝင်တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အဲ့ဒီပမာဏထက်ပိုတဲ့ 5300mAh Battery နဲ့ Mi Max 2 စမတ်ဖုန်းလိုမျိုး Battery အကောင်းဆုံးဖြစ်နေတဲ့ စမတ်ဖုန်းတွေရှိတယ်ဆိုပေမယ့်လည်း Battery Capacity ကို 10,000mAh အထက်ရှိတဲ့ စမတ်ဖုန်းတွေကိုတော့ အခုအချိန်ထိထုတ်လုပ်နိုင်ခြင်းမရှိသေးပါဘူး။
ဒါပေမယ့် ဓါတ်ခဲထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ ကုမ္ပဏီဖြစ်တဲ့ Energizer ကနေ အခုလိုမျိုးကန့်သတ်ချက်တွေကို ကျော်လွှားပြီး စမတ်ဖုန်းထဲမှာ 16,000mAh Battery ကိုထည့်သွင်းတော့မှာပဲဖြစ်ပါတယ်။ Energizer ကတော့ အခုစမတ်ဖုန်းကို Energizer Power Max P16K Pro လို့ နာမည်ပေးထားပြီး အခုအချိန်မှာတော့ Teaser Video ကိုပါ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

အခု Energizer Power Max P16K Pro ဖုန်းဟာ 5.99″ FullHD+ Display ပါဝင်မှာဖြစ်ပြီး Selfie Camera အနေနဲ့ 8MP နဲ့ Flashlight ပါ ပါဝင်မယ်လို့ သိရပါတယ်။

အခုလိုမျိုး 16,000mAh Battey ပါဝင်မှာဖြစ်တဲ့အတွက် သေချာတဲ့အချက်ကတော့ အခု Energizer Power Max P16K Pro စမတ်ဖုန်းဟာ အလွန်ထူနေမှာဖြစ်ပေမယ့် Powerbank တွေလောက်တော့ ထူမယ့်ပုံမပေါ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အခု 16,000mAh Battery ပါဝင်တဲ့စမတ်ဖုန်းကို လာမယ့် MWC 2018 မှာ တွေ့မြင်ရတော့မှာပါ။