[Zawgyi]

၂၀၂၄ခုႏွစ္တြင္ လစဥ္မိုဘိုင္းလ္ေဒတာအသုံးျပဳမႈ စုစုေပါင္းမွာ 2.3EB (Exabyte) မွ 16EB သို႔ တိုးျမင့္လာမည္။ 1EB သည္ 1000000TB ႏွင့္ ညီမွ်သည္။ ခန႔္မွန္းကာလအတြင္း စမတ္ဖုန္းတစ္လုံး၏ လစဥ္ေဒတာအသုံးျပဳမႈပမာဏမွာ 3.6GB မွ 17GB အထိ ျဖစ္လာႏိုင္ၿပီး ၂၉ ရာခိုင္ႏႈန္းနီးပါး ျမင့္တက္လာမည္။ 4G LTE ကြန္ရက္ကို ၂၀၂၄ ခုႏွစ္ ႏွစ္ကုန္ပိုင္းအထိ ဆက္လက္ျဖန႔္က်က္သြားမည္ျဖစ္ၿပီး အခေပး အသုံးျပဳမႈစုစုေပါင္း၏ ၆၃ ရာခိုင္ႏႈန္းက ဆက္လက္သုံးစြဲၾကမည္။

Ericsson (NASDAQ: ERIC) က Ericsson Mobility Report June 2019 ကို ျဖန႔္ေဝေၾကာင္း ေၾကညာလိုက္သည္။ အဆိုပါ အစီရင္ခံစာအရ အေရွ႕ေတာင္အာရွႏွင့္ ကြၽန္းစုႏိုင္ငံမ်ားရွိ စမတ္ဖုန္းမ်ား၏ လစဥ္ေဒတာအသုံးျပဳမႈပမာဏမွာ 3.6GB မွ 17GB အထိ ျဖစ္လာႏိုင္ၿပီး ၂၉ ရာခိုင္ႏႈန္းနီးပါး ျမင့္တက္လာ ႏိုင္မည္ျဖစ္သည္။ ယခုကဲ့သို႔ ေဒတာအသုံးျပဳမႈပမာဏ ျမင့္တက္လာရသည့္ အေၾကာင္းအရင္းမ်ားတြင္ 4G LTE ကြန္ရက္အား အခေပးအသုံးျပဳသူတိုးပြားလာျခင္းႏွင့္ လူငယ္မ်ား၏ ဗီဒီယိုၾကည့္ရႈမႈအေလ့အထ ေျပာင္းလဲလာျခင္းတို႔လည္း ပါဝင္သည္။ ထို႔အျပင္ အထက္ပါေဒသမ်ား၏ မိုဘိုင္းလ္ေဒတာအသုံးျပဳမႈ စုစုေပါင္းမွာ ၂၀၁၈ခုႏွစ္တြင္ 2.3EB ရွိရာမွ ၂၀၂၄ ခုႏွစ္တြင္ 16EB အထိ ၇ ဆ နီးပါး ျမင့္တက္လာမည္ဟုလည္း အစီရင္ ခံစာတြင္ ခန႔္မွန္းထားသည္။

စမတ္ဖုန္းျဖင့္သုံးစြဲသူဦးေရစုစုေပါင္းမွာ ၂၀၂၄ ခုႏွစ္တြင္ ေဒသတြင္း၌ ၁ ဘီလီယံေက်ာ္သို႔ ေရာက္ရွိမည္ ျဖစ္ၿပီး တစ္ႏွစ္တာအတြင္းစုစုေပါင္းတိုးတက္မႈႏႈန္း (CAGR) အရ ၈ ရာခိုင္ႏႈန္းအထိ ရွိလာမည္ျဖစ္ကာ မိုဘိုင္းလ္ဖုန္းသုံးစြဲသူစုစုေပါင္းမွာလည္း ၂၀၁၈ခုႏွစ္တြင္ သန္း ၈၀၀ ၊ တစ္ႏွစ္တာအတြင္း စုစုေပါင္းတိုးတက္မႈႏႈန္း (CAGR) အရ ၇ ရာခိုင္ႏႈန္းသို႔ ေရာက္ရွိေနရာမွ ၂၀၂၄ ခုႏွစ္တြင္ ၁.၂ ဘီလီယံသို႔ ေရာက္ရွိလာမည္ ျဖစ္သည္။

Head of Ericsson Myanmar ျဖစ္သူ Eric Timmer က “ 5G ကြန္ရက္သုံးစြဲသူေတြ မ်ားျပားလာႏိုင္မယ့္ အခ်ိန္မ်ိဳးမွာေတာင္ 4G LTE ကြန္ရက္အေနနဲ႔လည္း အဲ့ဒီေဒသေတြမွာ လူသုံးမ်ားတဲ့ နည္းပညာတစ္ခုအျဖစ္ ၂၀၂၄ ခုႏွစ္အေက်ာ္အထိ ရပ္တည္ေနဦးမွာပါ။ ေဒတာအသုံးျပဳမႈသိသိသာသာျမင့္တက္လာတဲ့ေနရာမွာေတာ့ မိုဘိုင္းလ္ေပၚကေန ဗီဒီယိုၾကည့္ရႈမႈက အဓိကဦးေဆာင္လာမွာျဖစ္သလို သုံးစြဲသူေတြကလဲ ဗီဒီယိုေတြကို အင္တာနက္ေပၚကေန တိုက္႐ိုက္ၾကည့္ရႈတာ၊ မွ်ေဝတာ စတာေတြကို ပိုမို အသုံးျပဳလာမွာျဖစ္ပါ တယ္။ ဗီဒီယိုေတြအေနနဲ႔ကလည္း အြန္လိုင္းေပၚက အေၾကာင္းအရာတိုင္းမွာ ဆက္လက္ၿပီး ပိုမိုကပ္ပါလာေနဦးမွာ ျဖစ္ပါတယ္။ ဒါတင္မကေသးပါဘူး။ စမတ္ဖုန္းသုံးစြဲသူေတြရဲ႕ စစ္တမ္းအရ ကမာၻအႏွံ႔အျပားက သုံးစြဲသူေတြက 5G ကိုသာ သုံးခြင့္ရလာမယ္ဆိုရင္ ဒီကြန္ရက္က ႐ုပ္လုံးႂကြၿပီး ကိုယ္တိုင္ပါဝင္ႏိုင္မယ့္ ပုံစံမ်ိဳးေတြနဲ႔ အက္ပလီေကးရွင္းေတြကို အသုံးျပဳႏိုင္လိမ့္မယ္လို႔လဲ ေမွ်ာ္လင့္ထားတာကို ေတြ႕ရပါတယ္။” ဟု ေျပာၾကားသည္။

၃၆၀ ဒီဂရီကို ဖမ္းယူ႐ိုက္ကူးထားသည့္ ဗီဒီယိုမ်ားႏွင့္ ပုံရိပ္ေယာင္မ်ားျဖင့္ ပကတိအသြင္အျပင္အတိုင္း ဖန္တီးလုပ္ေဆာင္ထားမႈမ်ား (Augmented/ Virtual Reality) ကို တိုက္႐ိုက္ၾကည့္ရႈလာႏိုင္မႈမွာ တိုးတက္ ႀကီးထြားလာသည့္ မိုဘိုင္းလ္ေဒတာအသုံးျပဳမႈ၏ အထင္ကရျပယုဂ္တစ္ခုျဖစ္ၿပီး 5G ကြန္ရက္ စတင္ျဖန႔္ က်က္သုံးစြဲႏိုင္သည့္အခ်ိန္မွစ၍ အဆိုပါကြန္ရက္ႏွင့္ကိုက္ညီမည့္ စမတ္ဖုန္းမ်ားကို စဥ္ဆက္မျပတ္ ထုတ္လုပ္သြားၾကမည္လည္းျဖစ္သည္။

အေရွ႕ေတာင္အာရွႏွင့္ ကြၽန္းစုႏိုင္ငံမ်ားရွိ 4G LTE ကြန္ရက္ သုံးစြဲသူမ်ားမွာ ၂၀၁၈ခုႏွစ္အတြင္းတြင္ ၄၀ ရာခိုင္ႏႈန္းအထိ ျမင့္တက္ထားခဲ့ရာမွ Ericsson Mobility Report ၏ ခန႔္မွန္းခ်က္အရ အဆိုပါေဒသမ်ားတြင္ ၂၀၂၄ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ မိုဘိုင္းလ္ကြန္ရက္ရယူသုံးစြဲသူဦးေရမွာ ၆၃ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာမည္ ျဖစ္သည္။ ကနဦး 5G စနစ္အား အေထာက္အပံ့ေပးႏိုင္မည့္ မိုဘိုင္းလ္ႏွင့္ဆက္စပ္ ကိရိယာမ်ားကို အဆိုပါ ေဒသမ်ားတြင္ ၂၀၁၉ ခုႏွစ္ ပထမႏွစ္ဝက္အတြင္း စတင္ရယူသုံးစြဲႏိုင္မည္ဟုလည္း ခန႔္မွန္းသည္။ သုံးစြဲသူ စုစုေပါင္း၏ ၁၂ ရာခိုင္ႏႈန္းခန႔္မွာ 5G ကြန္ရက္အသုံးျပဳႏိုင္မည္ျဖစ္ၿပီး တစ္ကမာၻလုံးအတိုင္းအတာအရ 5G ကြန္ရက္မွာ ေမွ်ာ္မွန္းထားသည္ထက္ ပိုမိုေစာလ်င္စြာ အသုံးျပဳသြားႏိုင္မည္လည္းျဖစ္သည္။

၂၀၁၉ ခုႏွစ္ ဇြန္လထုတ္ Ericsson Mobility Report အရ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလထုတ္ Report တြင္ ခန႔္မွန္းခဲ့ေသာ 5G အသုံးျပဳသူ သန္းေပါင္း ၁,၅၀၀ (၁.၅ဘီလီယံ) အား ၂၇ ရာခိုင္ႏႈန္း တိုးျမင့္ၿပီး သန္းေပါင္း ၁,၉၀၀ (၁.၉ ဘီလီယံ) သို႔ ေရာက္ရွိမည္ဟုလည္း ခန႔္မွန္းထားပါသည္။

5G လက္ခံအသုံးျပဳမႈ လ်င္ျမန္တိုးတက္လာမည့္အတြက္ အျခားခန႔္မွန္းခ်က္မ်ားမွာလည္း သိသာထင္ရွားစြာ တိုးတက္လာခဲ့ၿပီး ၂၀၂၄ ခုႏွစ္ ႏွစ္အကုန္ပိုင္းတြင္ ကမာၻ႔လူဦးေရ၏ ၄၅ ရာခိုင္ႏႈန္းကို 5G ကြန္ရက္ဝန္ေဆာင္ မႈ ေပးႏိုင္မည္ဟု ခန႔္မွန္းထားပါသည္။ လႈိင္းစဥ္မွ်ေဝအသုံးျပဳသည့္ နည္းပညာျဖင့္ 4G ႀကိဳးမဲ့ broadband နည္းပညာျဖစ္သည့္ LTE ႀကိမ္ႏႈန္းလႈိင္းမ်ားတြင္ 5G ကို အသုံးျပဳေစႏိုင္သည့္အတြက္ ထိုဝန္ေဆာင္မႈ အတိုင္းအတာအေနျဖင့္လည္း ၆၅ ရာခိုင္ႏႈန္းအထိ တိုးတက္လာႏိုင္ပါသည္။

ေဈးကြက္အႏွံ႔အျပားမွ ဆက္သြယ္ေရးဝန္ေဆာင္မႈပံ့ပိုးသူမ်ားအေနျဖင့္ 5G အသုံးျပဳႏိုင္သည့္ စမတ္ဖုန္းမ်ား စတင္ထုတ္လုပ္လာသည့္ေနာက္ပိုင္းတြင္ 5G စနစ္အား ေျပာင္းလဲအသုံးျပဳလ်က္ ရွိၾကပါသည္။ အခ်ိဳ႕ ေသာ ေဈးကြက္ဝန္ေဆာင္မႈေပးသူမ်ားအေနႏွင့္ ကနဦးဝန္ေဆာင္မႈေပးမည့္ တစ္ႏွစ္အတြင္း လူဦးေရ၏ ၉၀ ရာခိုင္ႏႈန္းအထိ ေရာက္ရွိဝန္ေဆာင္မႈေပးႏိုင္ရန္ကိုလည္း ရည္မွန္းခ်က္ထားကာ ဦးတည္လုပ္ေဆာင္ လ်က္ ရွိေနၾကပါသည္။

Chipset ႏွင့္ Device ထုတ္လုပ္ေရာင္းခ်သူမ်ား၏ အားထုတ္ေဆာင္႐ြက္မႈမွာလည္း 5G လက္ခံအသုံးျပဳမႈ အရွိန္အဟုန္ျမင့္ေစရန္ အေရးပါေသာ အေၾကာင္းရင္းတစ္ခု ျဖစ္သည္။ ယခုႏွစ္အတြင္း၌ပင္ အဓိက လႈိင္းစဥ္ band အားလုံးအတြက္ ဦးတည္ကာ ရည္႐ြယ္ထုတ္လုပ္ေသာ စမတ္ဖုန္းမ်ား ေဈးကြက္အတြင္းသို႔ ဝင္ေရာက္ လာၾကမည္ ျဖစ္သည္။ 5G အသုံးျပဳႏိုင္ေသာ ကိရိယာမ်ားကို ပိုမိုလြယ္ကူစြာရရွိလာႏိုင္ၿပီး 5G ကြန္ရက္မ်ား အား ပိုမိုသုံးစြဲလာႏိုင္သည္ႏွင့္အမွ် ၂၀၁၉ ခုႏွစ္ ႏွစ္ဆုံးပိုင္းတြင္ တစ္ကမာၻလုံးအတိုင္းအတာျဖင့္ 5G အသုံးျပဳမႈမွာ ၁၀ သန္းေက်ာ္အထိ တိုးလာမည္ဟုလည္း ေမွ်ာ္မွန္းထားသည္။

5G နည္းပညာအား လက္ခံအသုံးျပဳျခင္းကို ေျမာက္အေမရိကတြင္ ပိုမိုေစာလ်င္စြာ ျဖစ္လာမည္ဟု ခန႔္မွန္း ထားၿပီး ၂၀၂၄ ခုႏွစ္တြင္ အဆိုပါနယ္ေျမရွိ မိုဘိုင္းလ္ကြန္ရက္စနစ္ အသုံးျပဳသူ အားလုံး၏ ၆၃ ရာခိုင္ႏႈန္းမွာ 5G ကို အသုံးျပဳမည္ဟု ခန႔္မွန္းထားသည္။ ဂ်ပန္၊ တ႐ုတ္ႏွင့္ ကိုရီးယားႏိုင္ငံမ်ားအျပင္ အျခားႏိုင္ငံမ်ား ပါဝင္ေနေသာ အေရွ႕ေျမာက္အာရွေဒသသည္လည္း ၄၇ ရာခိုင္ႏႈန္းျဖင့္ တိုးတက္မႈတြင္ ဒုတိယအျမန္ဆုံး ျဖစ္လာမည္ျဖစ္ၿပီး ဥေရာပမွာ ၄၀ ရာခိုင္ႏႈန္းျဖင့္ တတိယျဖစ္လာမည္ဟု ခန႔္မွန္းထားသည္။

Ericsson ၏ Executive Vice President and Head of Networks ျဖစ္သူ Fredrik Jejdling မွ “5G က တကယ္ကို အလ်င္အျမန္နဲ႔ တိုးတက္ေနပါၿပီ။ ဒါက ဝန္ေဆာင္မႈကို ေထာက္ပံ့ေပးသူေတြနဲ႔ သုံးစြဲသူေတြရဲ႕ 5G နည္းပညာအေပၚ စိတ္အားထက္သန္ေနမႈေတြကို ထင္ဟပ္ေနတာလည္းျဖစ္ပါတယ္။ 5G စနစ္က လူသားေတြရဲ႕ ဘဝေတြ၊ စီးပြားေရးလုပ္ငန္းေတြအတြက္ အင္တာနက္အေျချပဳအသုံးအေဆာင္ပစၥည္း (Internet of Things) ေတြထက္ ပိုတဲ့ ေကာင္းက်ိဳးေတြကို သယ္ေဆာင္သက္ေရာက္ေစ မွာျဖစ္သလို ဒါဟာ စတုတၳေျမာက္ စက္မႈေတာ္လွန္ေရးလည္းျဖစ္ပါတယ္။ နည္းပညာ၊ စည္းမ်ဥ္းစည္းကမ္းေတြ၊ လုံၿခဳံေရးနဲ႔ စက္မႈနယ္ပယ္အတြင္းက မိတ္ေဆြေတြအားလုံး ကိုယ္စီကိုယ္ငွ ပါဝင္ေဆာင္႐ြက္ၿပီး ခိုင္မာတဲ့ ေဂဟစနစ္ တစ္ခုကို တည္ေဆာက္ႏိုင္မွသာ 5G ရဲ႕ ေကာင္းက်ိဳးေတြကို ျပည့္ျပည့္ဝဝ ခံစားႏိုင္မွာျဖစ္ပါတယ္” ဟု ေျပာ ၾကားသည္။

မိုဘိုင္းလ္ေဒတာအသုံးျပဳမႈ စုစုေပါင္းမွာ ၂၀၁၉ ခုႏွစ္ ပထမသုံးလပတ္မွ စတင္ကာ တစ္ကမာၻလုံး အတိုင္းအတာျဖင့္ တစ္ရွိန္ထိုး ျမင့္တက္လာခဲ့ၿပီး တစ္ႏွစ္ၿပီးတစ္ႏွစ္ ၈၂ ရာခိုင္ႏႈန္းအထိ ဆက္လက္ တိုးတက္လာေနသည္ကို ေတြ႕ရသည္။ ၂၀၂၄ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ထိုအသုံးျပဳမႈပမာဏမွာ တစ္လလွ်င္ 131 ExaBytes (EB) အထိ တိုးတက္လာမည္ဟု ခန႔္မွန္းထားၿပီး ယင္းအခ်ိန္တြင္ မိုဘိုင္းလ္ေဒတာအသုံးျပဳမႈ စုစုေပါင္း၏ ၃၅ ရာခိုင္ႏႈန္းကို 5G ကြန္ရက္မ်ားမွ ဝန္ေဆာင္မႈေပးႏိုင္ရန္ ေမွ်ာ္မွန္းထားသည္။ ကမာၻတစ္လႊားတြင္ ဆယ္လူလာ IoT ဆက္သြယ္မႈေပါင္း သန္း ၁,၀၀၀ (၁ ဘီလီယံ) ရွိေနၿပီး အဆိုပါပမာဏမွာ ၂၀၂၄ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ သန္းေပါင္း ၄,၁၀၀ (၄.၁ ဘီလီယံ) အထိ တိုးတက္လာကာ စုစုေပါင္း၏ ၄၅ ရာခိုင္ႏႈန္းကို Massive IoT မွ ကိုယ္စားျပဳမည္ဟု ခန႔္မွန္းထားသည္။ smart metering ျဖင့္ ေရ၊မီး ဝန္ေဆာင္ခ ႏႈန္းေကာက္ခံျခင္း၊ ေဆးဘက္ဆိုင္ရာတိုင္းတာမႈမ်ားအတြက္ အေထာက္အပံ့ ေပးႏိုင္မည့္ ဝတ္ဆင္ႏိုင္သည့္ ကိရိယာမ်ားျဖင့္ က်န္းမာေရး ေစာင့္ေရွာက္မႈႏွင့္ ေျခရာခံစနစ္ဆင္ဆာမ်ား ျဖင့္ ပို႔ေဆာင္ေရးဆိုင္ရာ ဝန္ေဆာင္မႈေပးျခင္း အစရွိသည္တို႔ Massive IoT မ်ားကို နယ္ပယ္အသီးသီးတြင္ အသုံးျပဳလ်က္ရွိသည္။

[Unicode]

လာမည့် ၂၀၂၄ ခုနှစ်တွင် အရှေ့တောင်အာရှနှင့် ကျွန်းစုနိုင်ငံများ၏ မိုဘိုင်းလ်ဒေတာ အသုံးပြုမှု စုစုပေါင်းမှာ ၇ ဆ မြင့်တက်လာမည်ဟု Ericsson ခန့်မှန်း

၂၀၂၄ခုနှစ်တွင် လစဉ်မိုဘိုင်းလ်ဒေတာအသုံးပြုမှု စုစုပေါင်းမှာ 2.3EB (Exabyte) မှ 16EB သို့ တိုးမြင့်လာမည်။ 1EB သည် 1000000TB နှင့် ညီမျှသည်။ ခန့်မှန်းကာလအတွင်း စမတ်ဖုန်းတစ်လုံး၏ လစဉ်ဒေတာအသုံးပြုမှုပမာဏမှာ 3.6GB မှ 17GB အထိ ဖြစ်လာနိုင်ပြီး ၂၉ ရာခိုင်နှုန်းနီးပါး မြင့်တက်လာမည်။ 4G LTE ကွန်ရက်ကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆက်လက်ဖြန့်ကျက်သွားမည်ဖြစ်ပြီး အခပေး အသုံးပြုမှုစုစုပေါင်း၏ ၆၃ ရာခိုင်နှုန်းက ဆက်လက်သုံးစွဲကြမည်။

Ericsson (NASDAQ: ERIC) က Ericsson Mobility Report June 2019 ကို ဖြန့်ဝေကြောင်း ကြေညာလိုက်သည်။ အဆိုပါ အစီရင်ခံစာအရ အရှေ့တောင်အာရှနှင့် ကျွန်းစုနိုင်ငံများရှိ စမတ်ဖုန်းများ၏ လစဉ်ဒေတာအသုံးပြုမှုပမာဏမှာ 3.6GB မှ 17GB အထိ ဖြစ်လာနိုင်ပြီး ၂၉ ရာခိုင်နှုန်းနီးပါး မြင့်တက်လာ နိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ ဒေတာအသုံးပြုမှုပမာဏ မြင့်တက်လာရသည့် အကြောင်းအရင်းများတွင် 4G LTE ကွန်ရက်အား အခပေးအသုံးပြုသူတိုးပွားလာခြင်းနှင့် လူငယ်များ၏ ဗီဒီယိုကြည့်ရှုမှုအလေ့အထ ပြောင်းလဲလာခြင်းတို့လည်း ပါဝင်သည်။ ထို့အပြင် အထက်ပါဒေသများ၏ မိုဘိုင်းလ်ဒေတာအသုံးပြုမှု စုစုပေါင်းမှာ ၂၀၁၈ခုနှစ်တွင် 2.3EB ရှိရာမှ ၂၀၂၄ ခုနှစ်တွင် 16EB အထိ ၇ ဆ နီးပါး မြင့်တက်လာမည်ဟုလည်း အစီရင် ခံစာတွင် ခန့်မှန်းထားသည်။

စမတ်ဖုန်းဖြင့်သုံးစွဲသူဦးရေစုစုပေါင်းမှာ ၂၀၂၄ ခုနှစ်တွင် ဒေသတွင်း၌ ၁ ဘီလီယံကျော်သို့ ရောက်ရှိမည် ဖြစ်ပြီး တစ်နှစ်တာအတွင်းစုစုပေါင်းတိုးတက်မှုနှုန်း (CAGR) အရ ၈ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကာ မိုဘိုင်းလ်ဖုန်းသုံးစွဲသူစုစုပေါင်းမှာလည်း ၂၀၁၈ခုနှစ်တွင် သန်း ၈၀၀ ၊ တစ်နှစ်တာအတွင်း စုစုပေါင်းတိုးတက်မှုနှုန်း (CAGR) အရ ၇ ရာခိုင်နှုန်းသို့ ရောက်ရှိနေရာမှ ၂၀၂၄ ခုနှစ်တွင် ၁.၂ ဘီလီယံသို့ ရောက်ရှိလာမည် ဖြစ်သည်။

Head of Ericsson Myanmar ဖြစ်သူ Eric Timmer က “ 5G ကွန်ရက်သုံးစွဲသူတွေ များပြားလာနိုင်မယ့် အချိန်မျိုးမှာတောင် 4G LTE ကွန်ရက်အနေနဲ့လည်း အဲ့ဒီဒေသတွေမှာ လူသုံးများတဲ့ နည်းပညာတစ်ခုအဖြစ် ၂၀၂၄ ခုနှစ်အကျော်အထိ ရပ်တည်နေဦးမှာပါ။ ဒေတာအသုံးပြုမှုသိသိသာသာမြင့်တက်လာတဲ့နေရာမှာတော့ မိုဘိုင်းလ်ပေါ်ကနေ ဗီဒီယိုကြည့်ရှုမှုက အဓိကဦးဆောင်လာမှာဖြစ်သလို သုံးစွဲသူတွေကလဲ ဗီဒီယိုတွေကို အင်တာနက်ပေါ်ကနေ တိုက်ရိုက်ကြည့်ရှုတာ၊ မျှဝေတာ စတာတွေကို ပိုမို အသုံးပြုလာမှာဖြစ်ပါ တယ်။ ဗီဒီယိုတွေအနေနဲ့ကလည်း အွန်လိုင်းပေါ်က အကြောင်းအရာတိုင်းမှာ ဆက်လက်ပြီး ပိုမိုကပ်ပါလာနေဦးမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ စမတ်ဖုန်းသုံးစွဲသူတွေရဲ့ စစ်တမ်းအရ ကမ္ဘာအနှံ့အပြားက သုံးစွဲသူတွေက 5G ကိုသာ သုံးခွင့်ရလာမယ်ဆိုရင် ဒီကွန်ရက်က ရုပ်လုံးကြွပြီး ကိုယ်တိုင်ပါဝင်နိုင်မယ့် ပုံစံမျိုးတွေနဲ့ အက်ပလီကေးရှင်းတွေကို အသုံးပြုနိုင်လိမ့်မယ်လို့လဲ မျှော်လင့်ထားတာကို တွေ့ရပါတယ်။” ဟု ပြောကြားသည်။

၃၆၀ ဒီဂရီကို ဖမ်းယူရိုက်ကူးထားသည့် ဗီဒီယိုများနှင့် ပုံရိပ်ယောင်များဖြင့် ပကတိအသွင်အပြင်အတိုင်း ဖန်တီးလုပ်ဆောင်ထားမှုများ (Augmented/ Virtual Reality) ကို တိုက်ရိုက်ကြည့်ရှုလာနိုင်မှုမှာ တိုးတက် ကြီးထွားလာသည့် မိုဘိုင်းလ်ဒေတာအသုံးပြုမှု၏ အထင်ကရပြယုဂ်တစ်ခုဖြစ်ပြီး 5G ကွန်ရက် စတင်ဖြန့် ကျက်သုံးစွဲနိုင်သည့်အချိန်မှစ၍ အဆိုပါကွန်ရက်နှင့်ကိုက်ညီမည့် စမတ်ဖုန်းများကို စဉ်ဆက်မပြတ် ထုတ်လုပ်သွားကြမည်လည်းဖြစ်သည်။

အရှေ့တောင်အာရှနှင့် ကျွန်းစုနိုင်ငံများရှိ 4G LTE ကွန်ရက် သုံးစွဲသူများမှာ ၂၀၁၈ခုနှစ်အတွင်းတွင် ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်ထားခဲ့ရာမှ Ericsson Mobility Report ၏ ခန့်မှန်းချက်အရ အဆိုပါဒေသများတွင် ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းတွင် မိုဘိုင်းလ်ကွန်ရက်ရယူသုံးစွဲသူဦးရေမှာ ၆၃ ရာခိုင်နှုန်းအထိ မြင့်တက်လာမည် ဖြစ်သည်။ ကနဦး 5G စနစ်အား အထောက်အပံ့ပေးနိုင်မည့် မိုဘိုင်းလ်နှင့်ဆက်စပ် ကိရိယာများကို အဆိုပါ ဒေသများတွင် ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း စတင်ရယူသုံးစွဲနိုင်မည်ဟုလည်း ခန့်မှန်းသည်။ သုံးစွဲသူ စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းခန့်မှာ 5G ကွန်ရက်အသုံးပြုနိုင်မည်ဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအရ 5G ကွန်ရက်မှာ မျှော်မှန်းထားသည်ထက် ပိုမိုစောလျင်စွာ အသုံးပြုသွားနိုင်မည်လည်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဇွန်လထုတ် Ericsson Mobility Report အရ ၂၀၁၈ ခုနှစ် နိုဝင်ဘာလထုတ် Report တွင် ခန့်မှန်းခဲ့သော 5G အသုံးပြုသူ သန်းပေါင်း ၁,၅၀၀ (၁.၅ဘီလီယံ) အား ၂၇ ရာခိုင်နှုန်း တိုးမြင့်ပြီး သန်းပေါင်း ၁,၉၀၀ (၁.၉ ဘီလီယံ) သို့ ရောက်ရှိမည်ဟုလည်း ခန့်မှန်းထားပါသည်။

5G လက်ခံအသုံးပြုမှု လျင်မြန်တိုးတက်လာမည့်အတွက် အခြားခန့်မှန်းချက်များမှာလည်း သိသာထင်ရှားစွာ တိုးတက်လာခဲ့ပြီး ၂၀၂၄ ခုနှစ် နှစ်အကုန်ပိုင်းတွင် ကမ္ဘာ့လူဦးရေ၏ ၄၅ ရာခိုင်နှုန်းကို 5G ကွန်ရက်ဝန်ဆောင် မှု ပေးနိုင်မည်ဟု ခန့်မှန်းထားပါသည်။ လှိုင်းစဉ်မျှဝေအသုံးပြုသည့် နည်းပညာဖြင့် 4G ကြိုးမဲ့ broadband နည်းပညာဖြစ်သည့် LTE ကြိမ်နှုန်းလှိုင်းများတွင် 5G ကို အသုံးပြုစေနိုင်သည့်အတွက် ထိုဝန်ဆောင်မှု အတိုင်းအတာအနေဖြင့်လည်း ၆၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ပါသည်။

ဈေးကွက်အနှံ့အပြားမှ ဆက်သွယ်ရေးဝန်ဆောင်မှုပံ့ပိုးသူများအနေဖြင့် 5G အသုံးပြုနိုင်သည့် စမတ်ဖုန်းများ စတင်ထုတ်လုပ်လာသည့်နောက်ပိုင်းတွင် 5G စနစ်အား ပြောင်းလဲအသုံးပြုလျက် ရှိကြပါသည်။ အချို့ သော ဈေးကွက်ဝန်ဆောင်မှုပေးသူများအနေနှင့် ကနဦးဝန်ဆောင်မှုပေးမည့် တစ်နှစ်အတွင်း လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအထိ ရောက်ရှိဝန်ဆောင်မှုပေးနိုင်ရန်ကိုလည်း ရည်မှန်းချက်ထားကာ ဦးတည်လုပ်ဆောင် လျက် ရှိနေကြပါသည်။

Chipset နှင့် Device ထုတ်လုပ်ရောင်းချသူများ၏ အားထုတ်ဆောင်ရွက်မှုမှာလည်း 5G လက်ခံအသုံးပြုမှု အရှိန်အဟုန်မြင့်စေရန် အရေးပါသော အကြောင်းရင်းတစ်ခု ဖြစ်သည်။ ယခုနှစ်အတွင်း၌ပင် အဓိက လှိုင်းစဉ် band အားလုံးအတွက် ဦးတည်ကာ ရည်ရွယ်ထုတ်လုပ်သော စမတ်ဖုန်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက် လာကြမည် ဖြစ်သည်။ 5G အသုံးပြုနိုင်သော ကိရိယာများကို ပိုမိုလွယ်ကူစွာရရှိလာနိုင်ပြီး 5G ကွန်ရက်များ အား ပိုမိုသုံးစွဲလာနိုင်သည်နှင့်အမျှ ၂၀၁၉ ခုနှစ် နှစ်ဆုံးပိုင်းတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် 5G အသုံးပြုမှုမှာ ၁၀ သန်းကျော်အထိ တိုးလာမည်ဟုလည်း မျှော်မှန်းထားသည်။

5G နည်းပညာအား လက်ခံအသုံးပြုခြင်းကို မြောက်အမေရိကတွင် ပိုမိုစောလျင်စွာ ဖြစ်လာမည်ဟု ခန့်မှန်း ထားပြီး ၂၀၂၄ ခုနှစ်တွင် အဆိုပါနယ်မြေရှိ မိုဘိုင်းလ်ကွန်ရက်စနစ် အသုံးပြုသူ အားလုံး၏ ၆၃ ရာခိုင်နှုန်းမှာ 5G ကို အသုံးပြုမည်ဟု ခန့်မှန်းထားသည်။ ဂျပန်၊ တရုတ်နှင့် ကိုရီးယားနိုင်ငံများအပြင် အခြားနိုင်ငံများ ပါဝင်နေသော အရှေ့မြောက်အာရှဒေသသည်လည်း ၄၇ ရာခိုင်နှုန်းဖြင့် တိုးတက်မှုတွင် ဒုတိယအမြန်ဆုံး ဖြစ်လာမည်ဖြစ်ပြီး ဥရောပမှာ ၄၀ ရာခိုင်နှုန်းဖြင့် တတိယဖြစ်လာမည်ဟု ခန့်မှန်းထားသည်။

Ericsson ၏ Executive Vice President and Head of Networks ဖြစ်သူ Fredrik Jejdling မှ “5G က တကယ်ကို အလျင်အမြန်နဲ့ တိုးတက်နေပါပြီ။ ဒါက ဝန်ဆောင်မှုကို ထောက်ပံ့ပေးသူတွေနဲ့ သုံးစွဲသူတွေရဲ့ 5G နည်းပညာအပေါ် စိတ်အားထက်သန်နေမှုတွေကို ထင်ဟပ်နေတာလည်းဖြစ်ပါတယ်။ 5G စနစ်က လူသားတွေရဲ့ ဘဝတွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် အင်တာနက်အခြေပြုအသုံးအဆောင်ပစ္စည်း (Internet of Things) တွေထက် ပိုတဲ့ ကောင်းကျိုးတွေကို သယ်ဆောင်သက်ရောက်စေ မှာဖြစ်သလို ဒါဟာ စတုတ္ထမြောက် စက်မှုတော်လှန်ရေးလည်းဖြစ်ပါတယ်။ နည်းပညာ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုံခြုံရေးနဲ့ စက်မှုနယ်ပယ်အတွင်းက မိတ်ဆွေတွေအားလုံး ကိုယ်စီကိုယ်ငှ ပါဝင်ဆောင်ရွက်ပြီး ခိုင်မာတဲ့ ဂေဟစနစ် တစ်ခုကို တည်ဆောက်နိုင်မှသာ 5G ရဲ့ ကောင်းကျိုးတွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်မှာဖြစ်ပါတယ်” ဟု ပြော ကြားသည်။

မိုဘိုင်းလ်ဒေတာအသုံးပြုမှု စုစုပေါင်းမှာ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်မှ စတင်ကာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် တစ်ရှိန်ထိုး မြင့်တက်လာခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ် ၈၂ ရာခိုင်နှုန်းအထိ ဆက်လက် တိုးတက်လာနေသည်ကို တွေ့ရသည်။ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထိုအသုံးပြုမှုပမာဏမှာ တစ်လလျှင် 131 ExaBytes (EB) အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားပြီး ယင်းအချိန်တွင် မိုဘိုင်းလ်ဒေတာအသုံးပြုမှု စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းကို 5G ကွန်ရက်များမှ ဝန်ဆောင်မှုပေးနိုင်ရန် မျှော်မှန်းထားသည်။ ကမ္ဘာတစ်လွှားတွင် ဆယ်လူလာ IoT ဆက်သွယ်မှုပေါင်း သန်း ၁,၀၀၀ (၁ ဘီလီယံ) ရှိနေပြီး အဆိုပါပမာဏမှာ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် သန်းပေါင်း ၄,၁၀၀ (၄.၁ ဘီလီယံ) အထိ တိုးတက်လာကာ စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းကို Massive IoT မှ ကိုယ်စားပြုမည်ဟု ခန့်မှန်းထားသည်။ smart metering ဖြင့် ရေ၊မီး ဝန်ဆောင်ခ နှုန်းကောက်ခံခြင်း၊ ဆေးဘက်ဆိုင်ရာတိုင်းတာမှုများအတွက် အထောက်အပံ့ ပေးနိုင်မည့် ဝတ်ဆင်နိုင်သည့် ကိရိယာများဖြင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ခြေရာခံစနစ်ဆင်ဆာများ ဖြင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း အစရှိသည်တို့ Massive IoT များကို နယ်ပယ်အသီးသီးတွင် အသုံးပြုလျက်ရှိသည်။