[Zawgyi]

Android ရဲ႕ ဖခင္ႀကီးလို႔ တင္စားေခၚေဝၚၾကတဲ့ Andy Rubin ဟာ ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္ ေမလတုန္းက Essential PH-1 စမတ္ဖုန္းကို မိတ္ဆက္ခဲ့ပါတယ္။ Andy Rubin ဟာ Android Operating System (Android OS) ကို ဖန္တီးတည္ေထာင္ခဲ့တဲ့ ပညာရွင္တစ္ဦး ျဖစ္သလို Apple ဆီမွာ ကုန္ထုတ္လုပ္ေရး အင္ဂ်င္နီယာအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ တစ္ဦးလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာ Android OS ကို ပိုင္ဆိုင္သူဟာ Google (Alphabet Inc.) ျဖစ္ၿပီး လြန္ခဲ့တဲ့ ၂၀၀၅ခုႏွစ္တုန္းက ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။

ဒီေန႔ေခတ္ စမတ္ဖုန္းေစ်းကြက္မွာ Notch ရယ္လို႔ ေရပန္းစားလာေအာင္ ျပဳလုပ္ခဲ့သူက Apple လို႔ လူသိမ်ားၾကေပမယ့္ တကယ့္ တကယ္မွာေတာ့ Essential PH-1 ျဖစ္ပါတယ္။ Essential PH-1 က အနာဂတ္မွာ ေရပန္းစားလာမယ့္ နည္းပညာကို ဦးဦးဖ်ားဖ်ား သယ္ေဆာင္လာခဲ့ေပမယ့္ ထင္သေလာက္ ခရီးမေရာက္ခဲ့ပါဘူး။ ဒါ့ေၾကာင့္လည္း Essential PH-1 ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းေတြကို ၂ႏွစ္ေက်ာ္ အၾကာထိ မျမင္ေတြ႕ရေသးတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေန႔ၾကားသိလိုက္ရတဲ့ သတင္းအရဆိုရင္ ေနာက္ႏွစ္ အေစာပိုင္းေလာက္မွာ Essential ထုတ္ကုန္သစ္ကို စင္ျမင့္ထက္မွာ တဖန္ျပန္လည္ ျမင္ေတြ႕ရဖြယ္ ရွိေနပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ Andy Rubin ကိုယ္တိုင္က Essential ထုတ္ကုန္သစ္နဲ႔ ပတ္သက္ၿပီး ေၾကညာခ်က္တစ္ခု ထုတ္ျပန္သြားဖို႔ရွိေၾကာင္း တြစ္တာမွာ အတည္ျပဳသြားလို႔ပဲ ျဖစ္ပါတယ္။ တစ္ဖက္မွာလည္း Essential ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက “ Essential အဖြဲ႕အေနနဲ႔ ထုတ္ကုန္သစ္အတြက္ လုပ္ေနၾကပါၿပီ။ အဲ့ဒီထုတ္ကုန္က စမ္းသပ္ကာလအဆင့္ကို ေရာက္ရွိေနပါၿပီ။ ေနာက္ပိုင္းမွာ ဒီထက္ပိုတိက်တဲ့ အခ်က္အလက္ေတြကို ေျပာျပေပးသြားပါ့မယ္ “ ဆိုၿပီး ေျပာၾကားထားပါေသးတယ္။

Ref : XDA-developers

[Unicode]

Android ဖခင်ကြီး Andy Rubin ရဲ့ မျိူးဆက်သစ် Essential Device ထွက်လာရန်ရှိ

Android ရဲ့ ဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ Andy Rubin ဟာ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် မေလတုန်းက Essential PH-1 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ Andy Rubin ဟာ Android Operating System (Android OS) ကို ဖန်တီးတည်ထောင်ခဲ့တဲ့ ပညာရှင်တစ်ဦး ဖြစ်သလို Apple ဆီမှာ ကုန်ထုတ်လုပ်ရေး အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ Android OS ကို ပိုင်ဆိုင်သူဟာ Google (Alphabet Inc.) ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၀၅ခုနှစ်တုန်းက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ခေတ် စမတ်ဖုန်းစျေးကွက်မှာ Notch ရယ်လို့ ရေပန်းစားလာအောင် ပြုလုပ်ခဲ့သူက Apple လို့ လူသိများကြပေမယ့် တကယ့် တကယ်မှာတော့ Essential PH-1 ဖြစ်ပါတယ်။ Essential PH-1 က အနာဂတ်မှာ ရေပန်းစားလာမယ့် နည်းပညာကို ဦးဦးဖျားဖျား သယ်ဆောင်လာခဲ့ပေမယ့် ထင်သလောက် ခရီးမရောက်ခဲ့ပါဘူး။ ဒါ့ကြောင့်လည်း Essential PH-1 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေကို ၂နှစ်ကျော် အကြာထိ မမြင်တွေ့ရသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ကြားသိလိုက်ရတဲ့ သတင်းအရဆိုရင် နောက်နှစ် အစောပိုင်းလောက်မှာ Essential ထုတ်ကုန်သစ်ကို စင်မြင့်ထက်မှာ တဖန်ပြန်လည် မြင်တွေ့ရဖွယ် ရှိနေပါတယ်။

ဘာကြောင့်လဲဆိုတော့ Andy Rubin ကိုယ်တိုင်က Essential ထုတ်ကုန်သစ်နဲ့ ပတ်သက်ပြီး ကြေညာချက်တစ်ခု ထုတ်ပြန်သွားဖို့ရှိကြောင်း တွစ်တာမှာ အတည်ပြုသွားလို့ပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း Essential ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ Essential အဖွဲ့အနေနဲ့ ထုတ်ကုန်သစ်အတွက် လုပ်နေကြပါပြီ။ အဲ့ဒီထုတ်ကုန်က စမ်းသပ်ကာလအဆင့်ကို ရောက်ရှိနေပါပြီ။ နောက်ပိုင်းမှာ ဒီထက်ပိုတိကျတဲ့ အချက်အလက်တွေကို ပြောပြပေးသွားပါ့မယ် “ ဆိုပြီး ပြောကြားထားပါသေးတယ်။

Ref : XDA-developers