[Zawgyi]
ဒီနေ့မှာတော့ Essential ဟာ သူတို့ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းမှာ In-display Camera နည်းပညာ အသစ်အဆန်းကို ထည့်သွင်းဖို့ ကြိုးစားနေကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ အဆိုပါ သတင်းဟာ LetsGoDigital ကနေ တစ်ဆင့်ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး၊ LetsGoDigital ရဲ့ ရှာဖွေတွေ့ရှိချက်တွေအရဆိုရင် Essential ဟာ In-Display Camera နည်းပညာမူပိုင်ခွင့်ကို လျှောက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ Essential ရဲ့ In-Display Camera နည်းပညာဟာ မကြာသေးခင်က မိတ်ဆက်ထားတဲ့ Samsung Galaxy S10 Series တွေလိုမျိုး Selfie Camera အတွက် Display ကို အပေါက်ဖောက်မထားဘဲ Display အောက်မှာ မြှပ်နှံထားတယ်လို့ သိရပါတယ်။
Ref : Phandroid
[Unicode]
Essential Phone 2 မှာ In-display Camera ပါဝင်လာဖွယ်ရှိ
Essential Phone (PH1) ဟာ Notch ဆိုတဲ့ အရာကို စတင်ဖန်တီးခဲ့တဲ့ စမတ်ဖုန်းဖြစ်ပြီး Android Operating System ရဲ့ ဖခင်ကြီး Andy Rubin က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်တုန်းက စတင်ထွက်ရှိခဲ့တဲ့ Essential Phone မှာ Edge to Edge Display, U ပုံသဏ္ဍာန် Notch နဲ့ Titanium Frame တွေပါဝင်ခဲ့ပေမယ့် မျှော်မှန်းထားသလောက် အောင်မြင်မှု မရရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ၂နှစ်တာ ကာလအတွင်းမှာ ထုတ်လုပ်ထားခဲ့သမျှ Essential Phone တွေ ရောင်းကုန်သွားပြီ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ Essential ဟာ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းမှာ In-display Camera နည်းပညာ အသစ်အဆန်းကို ထည့်သွင်းဖို့ ကြိုးစားနေကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ အဆိုပါ သတင်းဟာ LetsGoDigital ကနေ တစ်ဆင့်ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး၊ LetsGoDigital ရဲ့ ရှာဖွေတွေ့ရှိချက်တွေအရဆိုရင် Essential ဟာ In-display Camera နည်းပညာမူပိုင်ခွင့်ကို လျှောက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ Essential ရဲ့ In-display Camera နည်းပညာဟာ မကြာသေးခင်က မိတ်ဆက်ထားတဲ့ Samsung Galaxy S10 Series တွေလိုမျိူး Selfie Camera အတွက် Display ကို အပေါက်ဖောက်မထားဘဲ Display အောက်မှာ မြှပ်နှံထားတယ်လို့ သိရပါတယ်။
တကယ်တော့ In-display Camera နည်းပညာကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီဟာ Essential တစ်ခုတည်း မဟုတ်ပါဘူး။ Samsung လည်း ပါဝင်ပါတယ်။ Samsung ဟာ Display နည်းပညာသစ်များစွာကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီဖြစ်ပြီး၊ အဆိုပါ နည်းပညာတွေထဲမှာ In-display Camera နည်းပညာလည်း ပါဝင်ပါတယ်။
Ref : Phandroid