အီလက်ထရောနစ် ဘီလူးကြီး Xiaomi Corporation ရဲ့ လျှပ်စစ်ကား လုပ်ငန်း ဖြစ်တဲ့ Xiaomi Automobile ဟာ SU7 လျှပ်စစ်ကားတွေကို အမြောက်အများ ထုတ်လုပ်နိုင်တဲ့ စွမ်းအား ရှိလာပါပြီ။ Xiaomi တည်ထောင်သူ Lei Jun က ကားဌာနဟာ  ရက်ပေါင်း ၂၃၀ ထဲနဲ့ SU7 အစီးရေ ၁၀၀,၀၀၀ ထုတ်လုပ်နိုင်ပြီလို့ လူမှုကွန်ရက်မှာ ကြွားလိုက်ပါတယ်။

Ford-CEO-Chinese-EVs

Xiaomi ဟာ ၂၀၂၄ ခုနှစ်မှာ ကားအစီးရေ ၆၀,၀၀၀ ထုတ်လုပ်ဖို့ အစောပိုင်းက ရည်မှန်းထားခဲ့ပေမယ့် SU7 ဝယ်လိုအားဟာ အလွန်များတဲ့အတွက် ကုမ္ပဏီဟာ ထုတ်လုပ်မှုကို မြှင့်တင်ခဲ့ရပါတယ်။ ကားကို စတင် ရောင်းချပြီးနောက်မှာ Xiaomi ဟာ ၃၂ ရက်အတွင်း အစီးရေ ၁၀,၀၀၀ ထုတ်လုပ်ပြီးပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဝယ်လိုအားကို ပြည့်မှီအောင် မထုတ်လုပ်နိုင်ခဲ့ပါဘူး။

Xiaomi SU7 hits 100,000 units production milestone - ArenaEV

ဇူလိုင်လမှာ Xiaomi က ကားထုတ်လုပ်မှု မြင့်မားအောင် ပြုလုပ်ထားပြီးပြီလို့ ကြေညာခဲ့ပြီး ဒီနှစ်အတွက် ကားထုတ်လုပ်မှု ၂ ဆ တိုးတက်လာမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ Xiaomi တည်ထောင်သူ Lei Jun က ထင်ထားတာထက် စောစွာ အစီးရေ ၁၀၀,၀၀၀ ထုတ်လုပ်နိုင်ပြီ ဖြစ်ပြီး ၂၀၂၅ ခုနှစ် မတိုင်ခင်မှာ အစီးရေ ၁၂၀,၀၀၀ ထုတ်လုပ်နိုင်မယ်လို့ ပြောပါတယ်။

Xiaomi က ထုတ်လုပ်ထားတဲ့ ကားတွေကို ဝယ်ယူသူတွေထံ အလျှင်အမြန်  ပို့ဆောင်ပေးမှာ ဖြစ်ပြီး ဒီလနှောင်းပိုင်းမှာ ၁၀၀,၀၀၀ မြောက်ကားကို ပို့ဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

Ref: electrek