Zawgyi




 



 



 


Commander Keen

 


Telling Lies

 


Stranger Things



Ref – Android Police

Unicode

နှစ်တိုင်း အလန်းစား Game အသစ်တွေကို မြင်တွေ့ရတဲ့ E3 Event က အခုအချိန်မှာတော့ ဒီနှစ်အတွက် ပြီးဆုံးသွားပြန်ပြီပဲဖြစ်ပါတယ်။ ဒီနှစ်မှာ Keanu Reeves ပါဝင်တဲ့ Cyberpunk 2077 ၊ Tom Clansy’s Break Point လိုမျိုး အလန်းစား PC နဲ့ Console Game တွေကိုလည်း မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ Game တွေအများစုက PC နဲ့ Console တွေအတွက်ပဲဖြစ်ပြီးတော့ Mobile အတွက်ထွက်ရှိလာတဲ့ Game တွေရောရှိသေးရဲ့လားဆိုပြီး မေးစရာရှိပါတယ်။ အဲ့ဒီအတွက် အခု ဒီ Article မှာ E3 2019 မှာ မိတ်ဆက်သွားသမျှ Android ဖုန်းမှာ ဆော့ကစားနိုင်မယ့် Game တွေကို ဖော်ပြပေးလိုက်ပါတယ်။

Final Fantasy Crystal Chronicles Remastered Edition

 

Square Enix ကနေ အခု E3 2019 မှာ Mobile Game အနည်းငယ်ကို မိတ်ဆက်သွားခဲ့ပြီး ဒီထဲက အကောင်းဆုံးလို့ပြောလို့ရတာကတော့ Final Fantasy Crystal Chronicles Remastered Edition ပဲဖြစ်ပါတယ်။ အခု Game ဟာ ပြီးခဲ့တဲ့ 2003 ခုနှစ်တုန်းက Gamecube RPG အနေနဲ့ မိတ်ဆက်ခဲ့တဲ့ Version ကို ပြန်ပြီး Remaster ပြုလုပ်ထားတာဖြစ်ပြီးတော့ Graphics ပိုင်းတွေပိုကောင်းလာသလို Multiplayer Mode အသစ်လည်း ပါဝင်လာမှာဖြစ်ပါတယ်။ ဆော့ကစားနိုင်မယ့်အချိန်ကတော့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလို့ သိရပါတယ်။

Tom Clancy’s Elite Squad

 

နာမည်ကြီး Game Studio တစ်ခုဖြစ်တဲ့ Tom Clancy’s Shooting Game ကလည်း Mobile ကိုရောက်ရှိလာပြီဖြစ်ပြီးတော့ Tom Clancy’s Elite Squad အနေနဲ့ မိတ်ဆက်လာမှာဖြစ်ပါတယ်။ ဒီ Game ရဲ့ အကောင်းဆုံးအချက်ကတော့ နာမည်ကြီး Tom Clancy’s Series တွေဖြစ်တဲ့ Ghost Recon, Splinter Cell, The Division နဲ့ Rainbow Six တို့က Character တွေအကုန်လုံးနဲ့ ဆော့ကစားနိုင်မှာဖြစ်ပြီးတော့ တရားဝင်ဆော့ကစားနိုင်မယ်အချိန်ကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။

Romancing SaGa 3 & SaGa: Scarlet Grace Ambitions

 

Square Enix ကနေ နောက်ထပ် Title Game ၂ ခုဖြစ်တဲ့ Romancing SaGa 3 & SaGa: Scarlet Grace Ambitions တွေကိုလည်း ပြသသွားပြီးတော့ Romancing SaGa 3 ဆိုရင် HD Remaster Version အပြင် Game+ Mode ပါလာမယ်လို့ သိရပါတယ်။ ဒါပေမယ့် ထွက်လာမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

Commander Keen

 

နောက်ထပ် နာမည်ကြီး Game Developer ဖြစ်တဲ့ Bethesda ကလည်း ကုမ္ပဏီအခွဲဖြစ်တဲ့ ZeniMax Online Sudios ကနေ Card-Based Strategic Game တစ်ခုဖြစ်တဲ့ Commander Keen ကို ပြသသွားခြ့ပါတယ်။

Telling Lies

 

ဒီ Game ကတော့ Horror ပုံစံ Game အမျိုးအစားတစ်ခုဖြစ်လာမှာဖြစ်ပြီးတော့ Her Story နဲ့ Silent Hill : Shattered Memories လို Game တွေကို ထုတ်ပြခဲ့တဲ့ Developer ကပဲ ထုတ်သွားမှာဖြစ်ပါတယ်။ အခု Game ဟာ NSA ရဲ့ Data Footage တွေပါဝင်တဲ့ Laptop တစ်ခုရှေ့ကနေ ကိုယ့်စိတ်ကြိုက် Game Story ကို ဖန်တီးသွားရမှာဖြစ်ပြီးတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Stranger Things

နာမည်ကြီး ရုပ်သံဇတ်လမ်းတစ်ခုဖြစ်တဲ့ Stranger Things ကလည်း ဒီနှစ် E3 မှာ Netflix နဲ့ပူးပေါင်းပြီး Mobile Game ကို မိတ်ဆက်ခဲ့ပါတယ်။ အခု Stranger Things Mobile Game က The Walking Dead : Our World ကို ထုတ်ခဲ့တဲ့ Next Games ကနေပဲ ထုတ်ပေးသွားမှာဖြစ်တဲ့အတွက် Stranger Things Fan တွေအတွက်ကတော့ စိတ်ပျက်စေမှာမဟုတ်ပါဘူး။

အခု ပြောသွားတဲ့ Game တွေကတော့ ဒီနှစ် E3 2019 မှာ မိတ်ဆက်သွားသမျှ Android ဖုန်းတွေဆီကိုရောက်ရှိလာမယ့် Mobile Game တွေပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ စမတ်ဖုန်းတွေ စွမ်းဆောင်ရည်ပိုကောင်းလာတာနဲ့အတူ Game တွေကလည်း ပိုကောင်းလာတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

Ref – Android Police