စမတ်ဖုန်းတွေနဲ့ ဂြိုလ်တု 2-way communication ပြိုင်ပွဲထဲကို Samsung လည်း ဝင်ရောက်လာပါပြီ။ လာမဲ့ Exynos Modem 5300 ဟာ အလွန်ဝေးလံတဲ့ဒေသတွေ (ဒါမှမဟုတ် Utilities တွေ ပြတ်တောက်နေတဲ့ ဘေးအန္တရာယ်ရှိဒေသတွေ) မှာ 5G Non-Terrestrial Networks (NTN) ကို အသုံးပြုပြီး ကမ္ဘာနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

Modem အသစ်ဟာ ပေါ်ထွန်းလာတဲ့ တယ်လီကွန်းကွန်ရက်တွေနဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေက တီထွင်ထားတဲ့ Hardware, Software တွေနဲ့ အပြန်အလှန်လုပ်ဆောင်နိုင်ဖို့ Standard 3GPPP Release 17 ကို အကောင်အထည်ဖော် ဆောင်ရွက်တယ်လို့ သိရပါတယ်။ ဒါကြောင့် စမတ်ဖုန်းဟာ ဂြိုလ်တု (အခြား မြေပြင်မဟုတ်တဲ့ ယာဉ်တွေ) ဆီကို Message ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

နည်းလမ်းဟာ 2-way communication ဖြစ်တာကြောင့် Message တွေဟာ အခြားနည်းလမ်းတွေနဲ့ စီးဆင်းနိုင်ပါတယ်။ ဒါ့အပြင် စာသားသာမကဘဲ အနာဂတ်အသုံးပြုသူတွေအနေနဲ့ ဂြိုလ်တုကတစ်ဆင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကိုပါ ပေးပို့နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီနည်းပညာကို စမတ်ဖုန်းတွေအတွက် သာမကဘဲ Samsung ဟာ ပျံသန်းနေတဲ့ ကားတွေနဲ့ မောင်းသူမဲ့လေယာဉ်တွေလိုမျိုး “မြို့ပြလေကြောင်းသွားလာလှုပ်ရှားမှု” ယာဉ်တွေမှာလည်း အသုံးပြုမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Samsung ဟာ ဖုန်းတွေမှာ သီးခြားပါဝါမြင့်တဲ့ အင်တင်နာချစ်ပ်လိုအပ်မှုကို ဖယ်ရှားပေးမဲ့ NarrowBand Internet of Things tech (NB-IoT) ကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Samsung ရဲ့ ဒီပြင်ဆင်မှုဟာ 6G နည်းပညာအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်ပြီး ကမ္ဘာတစ်ဝန်းက Hybrid terrestrial-NTN communications ecosystems မြှင့်တင်ရေးကို ဦးဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း Samsung Electronic ရဲ့ Communication Processor Development ရဲ့ Executive Vice President Min Goo Kim က ပြောကြားခဲ့ပါတယ်။ Samsung ဟာ 6G ကို နှစ်ပေါင်းများစွာ လုပ်ဆောင်နေခဲ့တာဖြစ်ပြီး တောင်ကိုးရီးယားအစိုးရက 6G ကွန်ရက်ရဲ့ Prototype ကို ၂၀၂၆ မှာ အဆင်သင့်ဖြစ်ချင်နေတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena