[Zawgyi]

သူမက တရုတ္ လူမႈကြန္ရက္ တစ္ခုမွာ ဆယ္လီ တစ္ေယာက္ပါ။ သူမရဲ႕ ငယ္ရြယ္ လွပတဲ့ ရုပ္သြင္နဲ႔ ခ်ိဳသာတဲ့ အသံေလးက Follower ေပါင္း သိန္းဂဏန္းေက်ာ္ကို စြဲေဆာင္ထားႏိုင္ခဲ့ပါတယ္။ သူမကို အလွနတ္ဘုရားလို႔ေတာင္ ပုရိသေတြက တင္စားခဲ့ၾကပါတယ္။ အခုေတာ့ သူမ လိမ္ညာခဲ့တာေတြဟာ ေပၚသြားခဲ့့ပါၿပီ။ တကယ္ေတာ့ သူမဟာ ငယ္ရြယ္ လွပတဲ့ မိန္းမပ်ိဳ တစ္ေယာက္ မဟုတ္ပါဘူး။ ငယ္ရြယ္ လွပေအာင္ Face Filter သံုးၿပီး Follower တိုးေအာင္ လုပ္ခဲ့တာပါ။

သူမရဲ႕ Live လႊင့္မႈတစ္ခုမွာ နည္းပညာပိုင္း ျပႆနာတစ္ခုေၾကာင့္ Face Filter  အလုပ္မလုပ္တဲ့ အတြက္ သူမရဲ႕ ရုပ္သြင္ အစစ္အမွန္ေပၚသြားခဲ့ပါတယ္။ တကယ္ေတာ့ သူမဟာ သက္လတ္အရြယ္ အမ်ိဳးသမီး တစ္ေယာက္ ျဖစ္ပါတယ္။ သူမဟာ အြန္လိုင္းမွာ “Your Highness Qiao Biluo” နာမည္နဲ႔ လူသိမ်ားပါတယ္။ Douyu နာမည္ရ Streaming Service မွာ သူမဟာ Follower ေပါင္း ၁၀၀,၀၀၀ ေက်ာ္ ရထားပါတယ္။

ဒီလ ၂၅ ရက္မွာ သူမရဲ႕ ရုပ္သြင္ အမွန္ေပၚသြားခဲ့တာပါ။ သူမရဲ႕ Fans ေတြက Filter ကို ဖယ္ေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ သူမက ယြမ္ ၁၀၀,၀၀၀ (ေဒၚလာ ၁၁,၉၅၀)တန္တဲ့ လက္ေဆာင္ေပးရင္ မ်က္ႏွာ အစစ္ကို ျပမယ္လို႔ ေျပာခဲ့ပါတယ္။ Fans ေတြက အလွဴေငြေတြကို ျမန္ျမန္ ေပးခဲ့ၾကပါတယ္။ ယြမ္ ၄၀,၀၀၀ (ေဒၚလာ ၅,၈၀၀) ေလာက္ ေပးခဲ့တယ္လို႔ ဘီဘီစီက ေျပာပါတယ္။ အဲဒီအခ်ိန္မွာပဲ Filter ေပ်ာက္သြားခဲ့ၿပီး သူမရဲ႕ မ်က္နွာ အစစ္ကို Fans ေပါင္းမ်ားစြာက ျမင္သြားခဲ့ပါတယ္။

Biluo က အစပိုင္းမွာ Filter မရွိေတာ့မွန္း မသိခဲ့ပါဘူး။ Viewers ေတြ နည္းသြားေတာ့မွ သိသြားခဲ့တာျဖစ္ပါတယ္။ Fans မ်ားစြာဟာ သူမကို Unfollow လုပ္ခဲ့ၿပီး ေငြေတြကို ျပန္ယူသြားတယ္လို႔ ဘီဘီစီက ေျပာပါတယ္။ အဲဒီေနာက္မွာ Biluo က သူမရဲ႕အေကာင့္ကို ပိတ္ခဲ့ပါတယ္။ တရုတ္လူမႈကြန္ရက္ ၀ီဘိုမွာေတာ့ သူမရဲ႕ လိမ္ညာမႈနဲ႔ ပတ္သက္ၿပီး ျငင္းခုန္ ေဆြးေႏြးသံေတြ ဆူဆူညံညံ ထြက္ေပၚေနပါတယ္။

Ref : tnw

[Unicode]

ငယ်ရွယ် လှပအောင် Face Filter သုံးပြီး Follower တိုးအောင် လုပ်ခဲ့တဲ့ Vlogger

သူမက တရုတ် လူမှုကွန်ရက် တစ်ခုမှာ ဆယ်လီ တစ်ယောက်ပါ။ သူမရဲ့ ငယ်ရွယ် လှပတဲ့ ရုပ်သွင်နဲ့ ချိုသာတဲ့ အသံလေးက Follower ပေါင်း သိန်းဂဏန်းကျော်ကို စွဲဆောင်ထားနိုင်ခဲ့ပါတယ်။ သူမကို အလှနတ်ဘုရားလို့တောင် ပုရိသတွေက တင်စားခဲ့ကြပါတယ်။ အခုတော့ သူမ လိမ်ညာခဲ့တာတွေဟာ ပေါ်သွားခဲ့ပါပြီ။ တကယ်တော့ သူမဟာ ငယ်ရွယ် လှပတဲ့ မိန်းမပျို တစ်ယောက် မဟုတ်ပါဘူး။ ငယ်ရွယ် လှပအောင် Face Filter သုံးပြီး Follower တိုးအောင် လုပ်ခဲ့တာပါ။

သူမရဲ့ Live လွှင့်မှုတစ်ခုမှာ နည်းပညာပိုင်း ပြဿနာတစ်ခုကြောင့် Face Filter အလုပ်မလုပ်တဲ့ အတွက် သူမရဲ့ ရုပ်သွင် အစစ်အမှန်ပေါ်သွားခဲ့ပါတယ်။ တကယ်တော့ သူမဟာ သက်လတ်အရွယ် အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ အွန်လိုင်းမှာ “Your Highness Qiao Biluo” နာမည်နဲ့ လူသိများပါတယ်။ Douyu နာမည်ရ Streaming Service မှာ သူမဟာ Follower ပေါင်း ၁၀၀,၀၀၀ ကျော် ရထားပါတယ်။

ဒီလ ၂၅ ရက်မှာ သူမရဲ့ ရုပ်သွင် အမှန်ပေါ်သွားခဲ့တာပါ။ သူမရဲ့ Fans တွေက Filter ကို ဖယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူမက ယွမ် ၁၀၀,၀၀၀ (ဒေါ်လာ ၁၁,၉၅၀)တန်တဲ့ လက်ဆောင်ပေးရင် မျက်နှာ အစစ်ကို ပြမယ်လို့ ပြောခဲ့ပါတယ်။ Fans တွေက အလှူငွေတွေကို မြန်မြန် ပေးခဲ့ကြပါတယ်။ ယွမ် ၄၀,၀၀၀ (ဒေါ်လာ ၅,၈၀၀) လောက် ပေးခဲ့တယ်လို့ ဘီဘီစီက ပြောပါတယ်။ အဲဒီအချိန်မှာပဲ Filter ပျောက်သွားခဲ့ပြီး သူမရဲ့ မျက်နှာ အစစ်ကို Fans ပေါင်းများစွာက မြင်သွားခဲ့ပါတယ်။

Biluo က အစပိုင်းမှာ Filter မရှိတော့မှန်း မသိခဲ့ပါဘူး။ Viewers တွေ နည်းသွားတော့မှ သိသွားခဲ့တာဖြစ်ပါတယ်။ Fans များစွာဟာ သူမကို Unfollow လုပ်ခဲ့ပြီး ငွေတွေကို ပြန်ယူသွားတယ်လို့ ဘီဘီစီက ပြောပါတယ်။ အဲဒီနောက်မှာ Biluo က သူမရဲ့အကောင့်ကို ပိတ်ခဲ့ပါတယ်။ တရုတ်လူမှုကွန်ရက် ဝီဘိုမှာတော့ သူမရဲ့ လိမ်ညာမှုနဲ့ ပတ်သက်ပြီး ငြင်းခုန် ဆွေးနွေးသံတွေ ဆူဆူညံညံ ထွက်ပေါ်နေပါတယ်။

Ref : tnw