5BB Broadband သည် Facebook Connectivity ၏ Express Wi-Fi Platform နှင့် ပူးပေါင်း၍ မြန်ဆန်ပြီး ယုံကြည်စိတ်ချရသော အခမဲ့ Wi-Fi အင်တာနက်အား မြန်မာပြည်သူပြည်သားများထံသို့ ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။

မြန်မာ့အမြန်ဆုံးအင်တာနက်ဆုတံဆိပ်ရ 5BB Broadband သည် ယခုအခါ Facebook Connectivity နှင့် ချိတ်ဆက်၍ နောက်ဆုံးပေါ်ဆက်သွယ်ရေး နည်းပညာများကို အသုံးပြု၍ အင်တာနက်သုံးစွဲသူပြည်သူများ ကြုံတွေ့နေရသည့် အင်တာနက်ချိတ်ဆက်မှု အခက်အခဲ၊ အတားအဆီးများကို ဖယ်ရှားလိုက်ပြီဖြစ်သည်။ 5BB Broadband နှင့် Facebook Connectivity တို့ ချိတ်ဆက်၍ Facebook Connectivity’s Express Wi-Fi Platform ကို အသုံးပြုကာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အင်တာနက်သုံးစွဲသူများထံ မြန်ဆန်ပြီး ယုံကြည်စိတ်ချရသော အခမဲ့ Wi-Fi ဝန်ဆောင်မှုကို ဆောင်ကြည်းပေးနိုင်မည်ဖြစ်သည်။ ယခုဝန်ဆောင်မှုအသစ်၏ ရည်ရွယ်ချက်မှာ အင်တာနက်ဆိုင်ရာ အခြေခံအဆောက်အဦး လိုအပ်ချက်များနှင့် စျေးနှုန်းမြင့်မားခြင်းကြောင့် အင်တာနက် အသုံးမပြုနိုင်သေးသော နေရာဒေသများသို့ အရည်အသွေးမြင့် အင်တာနက်ဝန်ဆောင်မှုများ ပံ့ပိုးပေးရန်ဖြစ်သည်။ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများထံသို့ မြန်နှုန်းမြင့် Express Wi-Fi ဝန်ဆောင်မှုကို အရောက်ပို့ဆောင်ပေးခြင်းဖြင့်၊ အသုံးပြုသူများအတွက် မြန်ဆန်၊ သက်သာ ယုံကြည် စိတ်ချရသော Wi-Fi ဝန်ဆောင်မှုကို ရရှိနိုင်မည့်အပြင် 5BB Broadband ၏ ရည်မှန်းချက် ဖြစ်သော “ပညာရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အစရှိသည့် ကဏ္ဍများအတွက် အခမဲ့ အင်တာနက် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ဝန်ဆောင်မှုပေးနိုင်ရေး” ကိုလည်း အကောင်အထည်ဖော်ရာ ရောက်မည်ဖြစ်သည် ။

Connectivity (တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်သွယ်နိုင်မှု) သည် Facebook ၏ အဓိက “ရည်မှန်းချက်” ဖြစ်သည်နှင့်အညီ “ကမ္ဘာတစ်ဝှမ်းလုံးရှိ လူများကိုပို၍နီးကပ်လာစေရန်” အတွက် ဆောင်ရွက်ပေးရန် ဖြစ်သည်။ အရည်အသွေးမြင့်မားသော အင်တာနက်ဆက်သွယ်မှုသည် လူသားတို့၏ စကားသံကို ဒေသတွင်းရှိ အရွယ်အစားအမျိုးမျိုးသော လူမှု့အဖွဲ့အစည်းများသာမက ကမ္ဘာအနှံ့ရှိ စီးပွားရေး အသိုက်အမြုံ ထိသည့်တိုင်အောင် ကြားသိနိုင်အောင် ချိတ်ဆက်ပေးနိုင်သည့် တစ်ခုတည်းသော အခွင့်အလမ်းကို ဖော်ဆောင် ပေးသည်။ ထိုမျှမက အခွင့်အလမ်းများစွာကို ဖောင်ဆောင်ပေးနိုင်မည့် သတင်းအချက်အလက်နှင့် ဗဟုသုတများကိုလည်း မျှဝေပေးနိုင်မည်ဖြစ်သည်။

Facebook Express Wi-Fi နှင့် ၊ 5BB Broadband ၏ ပူးပေါင်းမှုသည် ပိုမိုတည်ငြိမ်ပြီး တိုးချဲ့ရန် လွယ်ကူသည့် အင်တာနက်ကွန်ယက်များမှတဆင့် မြန်မာတပြည်လုံးရှိ မြို့ကြီးများတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုပူးပေါင်းဆောင်ရွက်မှုသည် 5BB Broadband နှင့် လက်တွဲဆောင်ရွက်လိုသော ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများနှင့် စွန့်ဦးတီထွင်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းစေမှာဖြစ်သည်။ 5BB Broadband ကို တည်ထောင်ခဲ့သူများ၏ ပြောကြားချက်အရ ပြည်တွင်းစီးပွားရေး လုပ်ငန်းများ သာမက၊ ပြည်တွင်းရှိ IT ကျွမ်းကျင်သူများ၊ လူငယ်များနှင့် လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် အကျိုးရှိစေမှာ ဖြစ်ကြောင်းသိရသည်။

Facebook ရဲ့ Head of Connectivity and Access Policy (APAC) တာဝန်ရှိသူ Tom Chottayil Varghese မှ ပြောကြားရာတွင် စျေးနှုန်းသက်သာပြီး၊ အရည်အသွေးမြင့်အင်တာနက် ရယူချိတ်ဆက်နိုင်ရေး သည် အဓိကလိုအပ်ချက်တစ်ခု ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍပေါင်းစုံတို့အတွက် မရှိမဖြစ်သော လိုအပ်ချက်ဖြစ်ပါသည်။ Facebook ရဲ့ Express Wi-Fi နည်းပညာနဲ့ 5BB Broadband ပူးပေါင်းမှုဟာ သုံးစွဲသူပြည်သူများအတွက် အင်တာနက်ဆက်သွယ်ရေး ကဏ္ဍနှင့် ပတ်သက်ပြီး အကျိုးအမြတ်အများကြီး ရစေမှာပါ။ ရှေ့ဆက်ပြီးတော့လည်း 5BB Broadband နှင့်အတူ မြန်ဆန်ပြီး အကောင်းဆုံးဖြစ်တဲ့ နည်းပညာတွေနဲ့ မြန်မာ့လူမှုအဖွဲ့အစည်းအသီးသီးအတွက် အကျိုးရှိစေမယ့် အစီအစဉ်များကိုလည်း လုပ်ဆောင်သွားပါမယ်” လို့ ဒီနေရာက ပြောကြားလိုက်ပါတယ်။

5BB Broadband ၏ Co-founder & CEO ဖြစ်သူ ဦးသိန်းသန်းတိုးက “ကျွန်တော်တို့ရဲ့ Carrier-grade Wi-Fi ကို အသုံးပြုခြင်းဖြင့် Digital Divide ဒီဂျစ်တယ်ဆက်သွယ်ရေးနည်းပညာ အသုံးမပြုနိုင်ခြင်းကြောင့် လူမှုအဆင့်အတန်း ကွဲပြားခြားနားမှု ရှိနေသည်များကို အဆုံးသတ်သွားစေမှာဖြစ်ပြီး မြန်မာ့ဒေသအသီးသီးက သုံးစွဲသူပြည်သူများအတွက် ပိုမိုနီးကပ်သွားစေမှာ ဖြစ်တယ်။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ Vision မျှော်မှန်းချက်တစ်ခုဖြစ်တဲ့ အင်တာနက်အသုံးပြုသူတွေ အားလုံး အခမဲ့ အသုံးပြုနိုင်စေဖို့ပဲ ဖြစ်ပါတယ်။ အခုစတင်ချိတ်ဆက်တော့မည့် “5BB Broadband Express Wi-Fi by Facebook Connectivity” သည်လည်း မြန်မာပြည်အတွင်းရှိ အသုံးပြုသူများကို ကောင်းမွန် လျင်မြန်တဲ့ ဆက်သွယ်မှုများ ရရှိအောင် လုပ်ဆောင်ပေး မှာ ဖြစ်ပါတယ်။ ဒါတွင်မကဘဲ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုများကို လူနေသိပ်သည်းတဲ့ မြို့ပြများရော၊ ဆင်ခြေဖုံးများ အထိ ပေးစွမ်းနိုင်အောင် အစွမ်းကုန်ကြိုးစားဖန်တီးနေပါတယ်။ ဒါ့ကြောင့် အင်တာနက် အခြေခံအဆောက်အအုံ ကောင်းစွာမရှိသေးလို့၊ အရည်အသွေး ပြည့်မှီတဲ့ အင်တာနက်ဝန်ဆောင်မှုများကို အသုံးပြုခွင့် မရရှိနိုင် သေးတဲ့ ၊ ဆက်သွယ်ရေး ခက်ခဲနေသေးတဲ့ မြို့ပြနဲ့ ဆင်ခြေဖုံးတွေမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများကို ယခုလို ကမ္ဘာ့အဆင့်မှီ နည်းပညာကို အသုံးပြုပြီး ၊ ဖြေရှင်း ပေးနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ပြောကြား ပါသည်။

5BB Broadband Co-founder & Chairman ဦးရှိန်းသူအောင် ကလည်း “Facebook နဲ့ 5BB Broadband ပူးပေါင်းဆောင်ရွက်မှုကြောင့် ကမ္ဘာ့နောက်ဆုံးပေါ် အင်တာနက် နည်းပညာတွေ မြန်မာပြည်ကို ရောက်ရှိလာတော့မှာပါ။ ကျွန်တော်တို့ရဲ့ Vision (မျှော်မှန်းချက်) က Fortune 500 စာရင်းဝင် ကုမ္ပဏီကြီးများရဲ့ Computing Power ကို မြန်မာနိုင်ငံက ကော်ဖီဆိုင်လိုမျိုးမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေဆီအထိ ရောက်အောင် ပြုလုပ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ လူတွေ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ရလွယ်ကူပြီး ပိုပြီးနီးစပ်မှု ရှိလာစေဖို့က ကျွန်တော်တို့ရဲ့အပြင်းပြဆုံး ဆန္ဒဖြစ်တာကြောင့် ဘာတွေပဲဖြစ်နေဖြစ်နေ အဲ့ဒီလိုကောင်းမွန်တဲ့ အခြေအနေမျိုးရအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားပါသည်။

5BB Broadband Co-founder နှင့် Managing Director ဦးမင်းဆွေလှိုင် ကလည်း “5BB Broadband နဲ့ Facebook တို့၏ နည်းပညာ ပူးပေါင်းမှု ရလဒ်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ ကောင်းစွာ ချိတ်ဆက်ပေးနိုင်တော့မှာပါ။ ဒီလို နည်းပညာအသစ်စက်စက်ကို အသုံးပြုနိုင်လို့လည်း ကျွန်တော်တို့ အရမ်းဂုဏ်ယူပါတယ်။ မြန်မာပြည်သူတွေအတွက်ရော ကျွန်တော်တို့ ကုမ္ပဏီအတွက်ပါ အထင်ကရ မှတ်တိုင်တစ်ခု ကို စိုက်ထူနိုင်လိုက်ပါပြီ” ဟု ပြောကြားခဲ့သည်။

5BB Broadband ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၊ အင်တာနက်ဖိုင်ဘာ နှင့် 4G/LTE နည်းပညာ ဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် အကြီးဆုံး FTTH (Fiber to the home) ဝန်ဆောင်မှုကို နိုင်ငံတစ်ဝှမ်းရှိ (၁.၂)သန်းသော အိမ်ထောင်စုများမှ (၆)သန်းသော သုံးစွဲသူများထံသို့ အရောင်ပို့ပေးလျက်ရှိပါသည်။ ယုံကြည်စိတ်ချရပြီး၊ လိုင်းအထက်အကျအနည်းဆုံးနဲ့၊ အမြန်ဆုံးဝန်ဆောင်မှု မျိုးဖြစ်ပြီး ရန်ကုန် ၊ မန္တလေး ၊ ပဲခူး ၊ ပြည် ၊ မော်လမြိုင် အစရှိသော စီးပွားရေး အချက်အချာကျသည့် မြို့ကြီးများ၌ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ 4G/LTE ကွန်ယက်သည် မော်လမြိုင် ၊ ပဲခူး ၊ ပြည် ၊ ဘားအံ နှင့် မကွေး စသော မြို့များ၌ အသုံးပြုနိုင်ပြီး အိမ်ထောင်စု (၅) သန်း မှ လူဦးရေ စုစုပေါင်း (၂၅) သန်း ကို ဝန်ဆောင်မှုပေးနေပါသည်။

5BB Broadband သည် မြန်မာနိုင်ငံစျေးကွက်ကို ဦးဆောင်နေသည့် Broadband ဝန်ဆောင်မှုဖြစ်သည့် အားလျော်စွာ၊ ပြည်တွင်းရှိ စီးပွားရေးအချက်အချာကျသော မြို့အသီးသီး၌ သတင်းအချက်အလက် ကွန်ယက်များနှင့် အင်တာနက် အခြေခံအဆောက်အဦများကိုလည်း အခိုင်အမာ ဖြန့်ကျက် တည်ဆောက် ထားပြီးဖြစ်သည်။ ထိုမျှမက ပြည်ပနိုင်ငံ (၄) နိုင်ငံ ၌လည်း ရုံးခွဲပေါင်း (၁၁) ရုံး ဖွင့်လှစ်ထားပြီးဖြစ်သည်။ 5BB ၏ ထူးခြားသော အားသာချက်များဖြစ်သည့် ပြည်တွင်းရှိ ဒေသအသီးသီး၌ သုံးစွဲသူများအတွက် လျင်မြန်လွယ်ကူ စေရန် ဖွင့်လှစ်ပေးထားသည့် ဌာနပေါင်းများစွာ နှင့် ငွေကြေးပေးဆောင်ရန် နည်းစနစ်များစွာတို့ကို အသုံးပြု၍ မိမိတို့၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် ဝန်ဆောင်မှု လုပ်ငန်း၏ တန်ဖိုးနှင့် အရည်အသွေးကို မြှင့်တင် ပေးနိုင်မည့် အခွင့်အလမ်းကောင်းများကို ဖန်တီးဆုပ်ကိုင်နိုင်ရုံ သာမက ၊ သုံးစွဲသူများအတွက်လည်း ထူးခြားသော အတွေ့အကြုံသစ်များကို ပေးစွမ်းသွားနိုင်မည်ဖြစ်သည်။

Source – Global Technology Company