[Zawgyi]

Facebook ဟာ Android app ေတြအတြက္ Privacy ထိန္းခ်ဳပ္ျခင္းစည္းမ်ဥ္းသစ္ကို ထုတ္ေပးေနၿပီလို႔ သိရပါတယ္။ အဲဒါကေတာ့ အသုံးျပဳသူေတြအေနနဲ႔ App ကို မသုံးဘဲပိတ္ထားေပမယ့္ သူတို႔ရဲ႕ တည္ေနရာကို ဆက္လက္ေျခရာခံေနျခင္းကို ပိတ္ထားခြင့္ေပးလိုက္တာ ျဖစ္ပါတယ္။

တည္ေနရာျပ ဝန္ေဆာင္မႈကို ဖြင့္ထားတဲ့ အသုံးျပဳသူေတြအေနနဲ႔ ပုံမွန္အတိုင္းဆိုရင္ Facebook ကို မသုံးဘဲ ပိတ္ထားခ်ိန္မွာလည္း သုံးစြဲသူရဲ႕ တည္ေနရာကို App က ေျခရာခံေနတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုအသစ္ေပးလိုက္တဲ့ Privacy control သစ္မွာေတာ့ သုံးစြဲသူအေနနဲ႔ App ကို အသုံးမျပဳခ်ိန္မွာ တည္ေနရာေျခရာခံျခင္း မျပဳႏိုင္ေအာင္ ပိတ္ထားလို႔ ရၿပီျဖစ္ပါတယ္။

တည္ေနရာေျခရာခံျခင္းကို ဖြင့္ထားတဲ့အခါ အသုံးျပဳသူအေနနဲ႔ Nearby Service ေတြနဲ႔ အျခားအက်ိဳးေက်းဇူးေတြကို ရယူႏိုင္တာေၾကာင့္ လုံးဝ ပိတ္ထားတာမ်ိဳးကလည္း အဆင္မေျပပါဘူး။ ဒါေပမယ့္ App ကို မသုံးဘဲထားေနခ်ိန္မွာလည္း ကိုယ့္ရဲ႕ တည္ေနရာကို App က လိုက္လံေျခရာခံေနတာမ်ိဳးကလည္း အဆင္မေျပပါဘူး။

iOS ေတြမွာေတာ့ အခုလိုမ်ိဳး App ေတြကေနတစ္ဆင့္ တည္ေနရာေျခရာခံျခင္းကို ပိတ္ႏိုင္ခဲ့တာ ၾကာၿပီျဖစ္ပါတယ္။ ဒါေပမယ့္ Android App မွာေတာ့ iOS လိုေထာက္ပံ့မႈမ်ိဳး မရွိေသးတဲ့အတြက္ Facebook က အခုလိုေထာက္ပံ့ေပးတာ ျဖစ္ပါတယ္။

အကယ္၍ စာဖတ္သူအေနနဲ႔ ကိုယ့္ရဲ႕ Privacy ကို ပိုၿပီးကာကြယ္ထားခ်င္တယ္ဆိုရင္ေတာ့ Facebook App ရဲ႕ Location Services ေအာက္က Background Location ကို ပိတ္ထားလိုက္ဖို႔လိုပါတယ္။ ဒါဆိုရင္ေတာ့ Facebook App အသုံးျပဳေနခ်ိန္မွသာ တည္ေနရာကို ေျခရာခံေတာ့မွာ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

နောက်ကွယ်ကနေ တည်နေရာခြေရာခံခြင်းကို ပိတ်ထားခွင့်ပေးတော့မယ့် Facebook

Facebook ဟာ Android app တွေအတွက် Privacy ထိန်းချုပ်ခြင်းစည်းမျဉ်းသစ်ကို ထုတ်ပေးနေပြီလို့ သိရပါတယ်။ အဲဒါကတော့ အသုံးပြုသူတွေအနေနဲ့ App ကို မသုံးဘဲပိတ်ထားပေမယ့် သူတို့ရဲ့ တည်နေရာကို ဆက်လက်ခြေရာခံနေခြင်းကို ပိတ်ထားခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

တည်နေရာပြ ဝန်ဆောင်မှုကို ဖွင့်ထားတဲ့ အသုံးပြုသူတွေအနေနဲ့ ပုံမှန်အတိုင်းဆိုရင် Facebook ကို မသုံးဘဲ ပိတ်ထားချိန်မှာလည်း သုံးစွဲသူရဲ့ တည်နေရာကို App က ခြေရာခံနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအသစ်ပေးလိုက်တဲ့ Privacy control သစ်မှာတော့ သုံးစွဲသူအနေနဲ့ App ကို အသုံးမပြုချိန်မှာ တည်နေရာခြေရာခံခြင်း မပြုနိုင်အောင် ပိတ်ထားလို့ ရပြီဖြစ်ပါတယ်။

တည်နေရာခြေရာခံခြင်းကို ဖွင့်ထားတဲ့အခါ အသုံးပြုသူအနေနဲ့ Nearby Service တွေနဲ့ အခြားအကျိုးကျေးဇူးတွေကို ရယူနိုင်တာကြောင့် လုံးဝ ပိတ်ထားတာမျိုးကလည်း အဆင်မပြေပါဘူး။ ဒါပေမယ့် App ကို မသုံးဘဲထားနေချိန်မှာလည်း ကိုယ့်ရဲ့ တည်နေရာကို App က လိုက်လံခြေရာခံနေတာမျိုးကလည်း အဆင်မပြေပါဘူး။

iOS တွေမှာတော့ အခုလိုမျိုး App တွေကနေတစ်ဆင့် တည်နေရာခြေရာခံခြင်းကို ပိတ်နိုင်ခဲ့တာ ကြာပြီဖြစ်ပါတယ်။ ဒါပေမယ့် Android App မှာတော့ iOS လိုထောက်ပံ့မှုမျိုး မရှိသေးတဲ့အတွက် Facebook က အခုလိုထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

အကယ်၍ စာဖတ်သူအနေနဲ့ ကိုယ့်ရဲ့ Privacy ကို ပိုပြီးကာကွယ်ထားချင်တယ်ဆိုရင်တော့ Facebook App ရဲ့ Location Services အောက်က Background Location ကို ပိတ်ထားလိုက်ဖို့လိုပါတယ်။ ဒါဆိုရင်တော့ Facebook App အသုံးပြုနေချိန်မှသာ တည်နေရာကို ခြေရာခံတော့မှာ ဖြစ်ပါတယ်။

Ref: The Verge