Facebook ကနေ နာမည်ကြီး GIF Sharing Platform တစ်ခုဖြစ်တဲ့ Giphy ကို အပြီးပိုင်ဝယ်ယူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အဆိုပါ ဝယ်ယူမှုဟာ ဒေါ်လာ သန်း ၄၀၀ နဲ့ ဝယ်ယူခဲ့တာလို့သိရပြီးတော့ မကြာခင်မှာ Facebook ကနေ Giphy ကို ယခုထက် Integrate ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

Giphy ဟာ GIF File တွေကိုပြုလုပ်ပြီး စိတ်ကြိုက် Edit ပြုလုပ်နိုင်တဲ့ Website တစ်ခုဖြစ်ပြီး ယခင်တုန်းထဲက Giphy library တစ်ခုလုံးကို Facebook ၊ Messenger ၊ WhatsApp နဲ့ Instagram တို့မှာ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ Facebook ရဲ့ ပြောကြားချက်အရ Giphy ရဲ့ Traffic ၅၀ ရာခိုင်နှုန်းခန့်က Facebook ပိုင်ဆိုင်တဲ့ Service တွေကနေ ရရှိတာဖြစ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး Facebook ကနေ Giphy ကို ဝယ်ယူလိုက်ပေမယ့် Giphy ဟာ ပုံမှန်အတိုင်းပဲ ဆက်လက်ပြီး GIF တွေကို ဝေမျှပြီး Edit ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် Facebook ရဲ့ ပြောကြားချက်အရတော့ Giphy ကို Instagram အတွက် ပိုပြီး Integrate ပြုလုပ်သွားမှာဖြစ်ပြီး အသုံးပြုသူတွေကို Stories နဲ့ Private Message တွေမှာ Giphy ကနေ GIF တွေကို ပိုပြီး အလွယ်တကူယူသုံးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ Facebook နဲ့ Instagram သုံးတဲ့သူတွေအတွက် GIF ပုံတွေရှာဖို့ ပိုပြီးလွယ်ကူလာတော့မှာပါ။

Ref – GSM Arena