Facebook ရဲ့ မိခင် ကုမ္ပဏီ Meta ရဲ့ CEO ဇူဇူ ဟာ ဒီနှစ်မှာ ပိုင်ဆိုင်မှု ဒေါ်လာ ၈၇.၃ ဘီလီယမ် တိုးပွားလာပါတယ်။ Bloomberg ဘီလီယမ်နာ အညွှန်းကိန်း အရ သူဟာ ဒေါ်လာ ၂၁၅ ဘီလီယမ်နဲ့ ကမ္ဘာ့ တတိယ အချမ်းသာဆုံး ဖြစ်လာပါတယ်။ သူ့ရဲ့ အထက်မှာ Elon Musk (ဒေါ်လာ ၃၆၂ ဘီလီယမ်)နဲ့ Jeff Bezos (ဒေါ်လာ ၂၄၀ ဘီလီယမ်) တို့ပဲ ရှိပါတယ်။
ဇူဇူဟာ ဒီနှစ်မှာ ဒေါ်လာ ၁၃၃ ဘီလီယမ် တိုးပွားလာတဲ့ Musk ရဲ့ အနောက် ဒုတိယ နေရာမှာ ရှိနေပါတယ်။ ဇူဇူရဲ့ ချမ်းသာမှုဟာ နာမည်ကြီး ဘီလီယမ်နာ ၄ ယောက် စုစုပေါင်းထက် ပိုများလာပါတယ်။ အဲဒီ ဘီလီယမ်နာ ၄ ယောက်က Berkshire Hathaway CEO Warren Buffett ( နံပါတ် ၉ အချမ်းသာဆုံး၊ ဒေါ်လာ ၁၄၇ ဘီလီယမ်)၊ Citadel CEO Ken Griffin (နံပါတ် ၃၇ ၊ ဒေါ်လာ ၄၂.၄ ဘီလီယမ်) ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင် Peter Thiel (နံပါတ် ၁၄၁ ၊ ဒေါ်လာ ၁၅.၉ ဘီလီယမ်) နဲ့ NBA အသင်းပိုင်ရှင် Mark Cuban (နံပါတ် ၃၆၅ ၊ ဒေါ်လာ ၈.၁ ဘီလီယမ်) တို့ ဖြစ်ပါတယ်။
Meta ရဲ့ စတော့ရှယ်ယာ ဈေးနှုန်းဟာ ပြီးခဲ့တဲ့ ၅၂ ပတ်အတွင်းမှာ တက်လိုက်၊ ကျလိုက် ဖြစ်ခဲ့ပြီး ဒေါ်လာ ၃၁၇.၇၇ နဲ့ ဒေါ်လာ ၆၂၉.၇၉ ဒေါ်လာ အကြားမှာ ရှိခဲ့ပါတယ်။ ဒီနှစ်မှာ Meta ရဲ့ ရှယ်ယာတန်ဖိုးဟာ ၈၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ကွာတား အလိုက် စွမ်းဆောင်ရည်ကောင်းမွန်ပြီး တိုးတက်မှုကို ထိန်းထားနိုင်တဲ့အတွက် ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁.၅ ထရီလီယမ်ကျော်သွားပါပြီ။
Ref: Msn