[Zawgyi]
Federal Trade Commission (ဖက္ဒရယ္ ကုန္သြယ္ေရးေကာ္မရွင္) ကေတာ့ အသုံးျပဳသူေတြရဲ႕ အခ်က္အလက္မ်ားကို ေပါက္ၾကားေစခဲ့မႈနဲ႔ ပတ္သက္ၿပီး Facebook ကို ဒဏ္ေငြသန္းနဲ႔ခ်ီၿပီး ခ်မွတ္ဖို႔ ေဆြးေႏြးေနေၾကာင္း သိရပါတယ္။ Facebook ရဲ႕ ေပါ့ေလ်ာ့မႈေၾကာင့္ အသုံးျပဳသူေပါင္း ၈၇ သန္းေက်ာ္ရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို ႏိုင္ငံေရးအႀကံေပးအဖြဲ႕အစည္း တစ္ခုျဖစ္တဲ့ Cambridge Analytica က ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒီကိစၥနဲ႔ပတ္သက္ၿပီး ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလတုန္းက ၿဗိတိန္က Facebook ကို စတာလင္ေပါင္ ငါးသိန္း ဒဏ္ေငြခ်မွတ္ခဲ့ပါတယ္။ ဒါေပမယ့္ အေမရိကန္က ခ်မွတ္မယ့္ဒဏ္ေၾကးကေတာ့ ၿဗိတိန္ထက္ ပိုမိုမ်ားျပားတဲ့ ပမာဏျဖစ္ပါလိမ့္မယ္။ အေမရိကန္မွာ ပထမဦးဆုံးအျဖစ္ သန္းနဲ႔ခ်ီၿပီး စံခ်ိန္တင္ဒဏ္ေၾကးေပးေဆာင္ရတဲ့ ကုမၸဏီျဖစ္လာဖြယ္လည္း ရွိေနတာပါ။ (Google ထက္ ပိုမ်ားတဲ့ ပမာဏ ျဖစ္ဖြယ္ရွိပါတယ္။)
ဒီလိုမ်ိဳး အသုံးျပဳသူ အခ်က္အလက္ေတြ ေပါက္ၾကားေစခဲ့ျခင္းဟာ ၂၀၁၂ ခုႏွစ္က အစိုးရနဲ႔ သေဘာတူညီထားခဲ့တဲ့ “အသုံးျပဳသူေတြရဲ႕ အခ်က္အလက္ေတြကို ကာကြယ္ရမယ္” ဆိုတဲ့ ကတိကဝတ္ကို ခ်ိဳးေဖာက္ရာေရာက္တာေၾကာင့္ အခုလိုျပစ္ဒဏ္ခ်မွတ္ရတာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
ဖက္ဒရယ္ကုန္သြယ္ေရးေကာ္မရွင္ဟာ ၂၀၁၂ ခုႏွစ္တုန္းကလည္း Google ကို ေဒၚလာ ၂၂.၅ သန္း ဒဏ္ေငြခ်မွတ္ခဲ့ပါေသးတယ္။ အမႈကေတာ့ Apple ရဲ႕ Safari Web Browser အသုံးျပဳသူေတြကို ေျခရာခံခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ Facebook ကို ခ်မွတ္မယ့္ျပစ္ဒဏ္ကေတာ့ အသုံးျပဳသူေတြရဲ႕ အခ်က္အလက္ေတြကို လုံၿခဳံေအာင္ ကာကြယ္မေပးႏိုင္တဲ့အတြက္ ျဖစ္ပါတယ္။
Facebook ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္အတြင္းမွာ အသုံးျပဳသူအခ်က္အလက္ ေပါက္ၾကားမႈေပါင္းမ်ားစြာနဲ႔ နာမည္ပ်က္ခဲ့ရတာ ျဖစ္ပါတယ္။ ေအာက္တိုဘာလတြင္းမွာ Cambridge Analytica ရဲ႕ အခ်က္အလက္ရယူမႈကို ခြင့္ျပဳခဲ့ရတဲ့အျပင္ ဒီဇင္ဘာလအတြင္းမွာလည္း အသုံးျပဳသူ ၆.၈ သန္းေလာက္ရဲ႕ ကိုယ္ေရးကိုယ္တာ ဓါတ္ပုံေတြ ေပါက္ၾကားသြားခဲ့ပါေသးတယ္။
Ref: The Verge
[Unicode]
ဒေါ်လာ သန်းနဲ့ချီပြီး ဒဏ်ရိုက်ခံရနိုင်တဲ့ Facebook
Federal Trade Commission (ဖက်ဒရယ် ကုန်သွယ်ရေးကော်မရှင်) ကတော့ အသုံးပြုသူတွေရဲ့ အချက်အလက်များကို ပေါက်ကြားစေခဲ့မှုနဲ့ ပတ်သက်ပြီး Facebook ကို ဒဏ်ငွေသန်းနဲ့ချီပြီး ချမှတ်ဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။ Facebook ရဲ့ ပေါ့လျော့မှုကြောင့် အသုံးပြုသူပေါင်း ၈၇ သန်းကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို နိုင်ငံရေးအကြံပေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Cambridge Analytica က ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းက ဗြိတိန်က Facebook ကို စတာလင်ပေါင် ငါးသိန်း ဒဏ်ငွေချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်က ချမှတ်မယ့်ဒဏ်ကြေးကတော့ ဗြိတိန်ထက် ပိုမိုများပြားတဲ့ ပမာဏဖြစ်ပါလိမ့်မယ်။ အမေရိကန်မှာ ပထမဦးဆုံးအဖြစ် သန်းနဲ့ချီပြီး စံချိန်တင်ဒဏ်ကြေးပေးဆောင်ရတဲ့ ကုမ္ပဏီဖြစ်လာဖွယ်လည်း ရှိနေတာပါ။ (Google ထက် ပိုများတဲ့ ပမာဏ ဖြစ်ဖွယ်ရှိပါတယ်။)
ဒီလိုမျိုး အသုံးပြုသူ အချက်အလက်တွေ ပေါက်ကြားစေခဲ့ခြင်းဟာ ၂၀၁၂ ခုနှစ်က အစိုးရနဲ့ သဘောတူညီထားခဲ့တဲ့ “အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ကာကွယ်ရမယ်” ဆိုတဲ့ ကတိကဝတ်ကို ချိုးဖောက်ရာရောက်တာကြောင့် အခုလိုပြစ်ဒဏ်ချမှတ်ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်ဟာ ၂၀၁၂ ခုနှစ်တုန်းကလည်း Google ကို ဒေါ်လာ ၂၂.၅ သန်း ဒဏ်ငွေချမှတ်ခဲ့ပါသေးတယ်။ အမှုကတော့ Apple ရဲ့ Safari Web Browser အသုံးပြုသူတွေကို ခြေရာခံခဲ့တာကြောင့် ဖြစ်ပါတယ်။ Facebook ကို ချမှတ်မယ့်ပြစ်ဒဏ်ကတော့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို လုံခြုံအောင် ကာကွယ်မပေးနိုင်တဲ့အတွက် ဖြစ်ပါတယ်။
Facebook ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ အသုံးပြုသူအချက်အလက် ပေါက်ကြားမှုပေါင်းများစွာနဲ့ နာမည်ပျက်ခဲ့ရတာ ဖြစ်ပါတယ်။ အောက်တိုဘာလတွင်းမှာ Cambridge Analytica ရဲ့ အချက်အလက်ရယူမှုကို ခွင့်ပြုခဲ့ရတဲ့အပြင် ဒီဇင်ဘာလအတွင်းမှာလည်း အသုံးပြုသူ ၆.၈ သန်းလောက်ရဲ့ ကိုယ်ရေးကိုယ်တာ ဓါတ်ပုံတွေ ပေါက်ကြားသွားခဲ့ပါသေးတယ်။
Ref: The Verge