Facebook ကနေ အခုအချိန်မှာ Feature အသစ်တစ်မျိုးကို ထည့်သွင်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အဲ့ဒါကတော့ ယခင်တည်းက အသုံးပြုသူတွေအများအပြားမျှော်လင့်နေတဲ့ Dislike Button လိုမျိုး ပုံစံ Key တစ်ခုကို ထည့်သွင်းပေးတော့မှာပဲဖြစ်ပါတယ်။

Facebook ကတော့ အခုထည့်သွင်းပေးတော့မယ့် Feature ဟာ Dislike Button မုတ်ပဲနဲ့ ပုံမှန် Faceboook Comment တွေရဲ့ Like ၊ Reply တွေရဲ့ ဘေးမှာ Downvote ဆိုတဲ့ Button အသစ်ကိုထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

Facebook ဟာ အခုလိုမျိုး Dislike အစား Downvote ကို ပြုလုပ်ရတာဟာ လက်ရှိအချိန်မှာ မှားယွင်းတဲ့ Comment တွေနဲ့ မှားယွင်းတဲ့သတင်းတွေကို ဖြန့်ချီနေတယ်ဆိုရင် Downvote ပြုလုပ်ပြီး မှားယွင်းတယ်ဆိုတာကို သိနိုင်အောင်နဲ့ အခြားသော အကြောင်းအရာတွေမှာ ကိုယ့်ရဲ့ အခြားသူတွေအပေါ် သဘောထားကို တိတိကျကျသိရှိနိုင်အောင်ဖြစ်တယ်လို့ သိရပါတယ်။

Facebook ဟာ ယခု Downvote Feature ကို စမ်းသပ်နေဆဲပဲဖြစ်ပြီး တကယ်ကတော့ မကြာခင် Update မှာရရှိလာဖို့ ရှိနေပါတယ်။