Facebook ဟာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်အတွက် သတင်းမှားတွေနဲ့ ပတ်သက်ပြီး ပြန့်ပွားမှုမရှိအောင် ဆက်တိုက်ကိုဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုလည်း Facebook အသုံးပြုသူတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် အခုထက်ပိုပြီး ဂရုစိုက်စေနိုင်ဖို့အတွက် Feature အသစ်တစ်ခုကို မိတ်ဆက်ပေးသွားတော့မှာပါ။

အဆိုပါ Feature အသစ်ကတော့ လက်ရှိ Facebook နဲ့ Messenger မှာ အသုံးပြုနိုင်တဲ့ Reaction ၆ ခုအပြင် နောက်ထပ် “Care” Reaction ကိုပါ ထည့်သွင်းပေးလာတော့မှာပါ။ အဆိုပါ Reaction ကတော့ အသည်းကို ကိုင်ထားပြီး ပြုံးနေတဲ့ ပုံစံပြုလုပ်ထားတာဖြစ်ပါတယ်။

Facebook ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ထဲက Thumbs up ၊ Heart ၊ Laugher ၊ Shock ၊ Sadness နဲ့ Anger Reaction ၆ ခုကို ထည့်သွင်းပေးခဲ့ပြီးတော့ မကြာခင်မှာ Care Reaction နဲ့ဆိုရင် စုစုပေါင်း ၇ ခုဖြစ်လာတော့မှာပါ။ အခုလိုမျိုး Care Reaction အသစ်ဟာ လက်ရှိ Facebook ကို လစဥ်အသုံးပြုနေတဲ့ အသုံးပြုသူ ၂.၅ ဘီလီယံအတွက် အခုလိုအခြေအနေမှာ စိတ်ပိုပြီး ပျော်ရွှင်စေမယ်လို့ မျှော်လင့်တယ်လို့လည်း သိရပါတယ်။

လောလောဆယ်မှာတော့ အဆိုပါ Reaction အသစ်ကို အသုံးမပြုနိုင်သေးပေမယ့် မကြာခင်ရက်ပိုင်းအတွင်းမှာ Facebook နဲ့ Messenger Web Version အပြင် App တွေမှာပါ အသုံးပြုနိုင်မယ်လို့ ဖော်ပြခဲ့ပါတယ်။

Ref – Engadget