Zawgyi

Facebook ကေန Fake News ေတြနဲ႔ Misinformation ျဖစ္ေစႏိုင္တဲ့ သတင္းေတြ၊ Post ေတြကို ေရွာင္ရွားႏိုင္ဖို႔အတြက္ News Tab ကို လက္ရွိ Facebook Watch လိုမ်ိဳး Tab တစ္ခုအေနနဲ႔ သီးသန္႔ထည့္သြင္းေပးသြားဖို႔ သတင္းေတြထြက္ရွိေနတာၾကာၿပီျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Facebook ကေန အဆိုပါ Facebook News Feature ကို US မွာ စတင္စမ္းသပ္လိုက္ၿပီျဖစ္ပါတယ္။

အခု Facebook News Feature ဟာ Facebook ကေန ကိုယ္တိုင္ေ႐ြးခ်ယ္ထားတဲ့ သတင္းေတြကိုပဲ ေဖာ္ျပသြားမွာျဖစ္ၿပီး ယုံၾကည္ရတဲ့သတင္းေတြပဲျဖစ္ေနမွာပါ။ Facebook News မွာဆိုရင္ Categories ၄ မ်ိဳးပါဝင္မွာျဖစ္ၿပီး General ၊ Topical ၊ Diverse နဲ႔ Local News ဆိုၿပီး ခြဲျခားထားမွာပါ။ အဆိုပါ Categories ေတြကလည္း US မွာရွိတဲ့ လူအေယာက္ ၁ သိန္းေလာက္ဆီကေန စစ္တမ္းရယူၿပီးေတာ့ သတ္မွတ္ထားတာျဖစ္တယ္လို႔ သိရပါတယ္။

Facebook News ဟာ ေနာက္ပိုင္းမွာေတာ့ Entertainment ၊ Health ၊ Business နဲ႔ Sports ေတြလိုမ်ိဳး Categories ေတြကိုပါ ေ႐ြးခ်ယ္ႏိုင္မယ္လို႔လည္း သိရပါတယ္။ Local သတင္းေတြအေနနဲ႔လည္း New York, Los Angeles, Chicago, Dallas-Forth Worth, Philadelphia, Houston, Washington DC, Miami, Atlanta နဲ႔ Boston Area ေတြမွာရွိတဲ့ Local Reporter ေတြဆီက သတင္းေတြကို ဦးစားေပးေဖာ္ျပေနတာလည္းျဖစ္ပါတယ္။

ေနာက္ပိုင္းမွာ အခု Facebook News Tab ဟာ US တင္မဟုတ္ဘဲ တျခားေသာႏိုင္ငံေတြကိုလည္း ေရာက္ရွိလာမယ္လို႔ ယူဆရပါတယ္။

Ref – Phone Arena

Unicode

Facebook ကနေ Fake News တွေနဲ့ Misinformation ဖြစ်စေနိုင်တဲ့ သတင်းတွေ၊ Post တွေကို ရှောင်ရှားနိုင်ဖို့အတွက် News Tab ကို လက်ရှိ Facebook Watch လိုမျိုး Tab တစ်ခုအနေနဲ့ သီးသန့်ထည့်သွင်းပေးသွားဖို့ သတင်းတွေထွက်ရှိနေတာကြာပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ Facebook ကနေ အဆိုပါ Facebook News Feature ကို US မှာ စတင်စမ်းသပ်လိုက်ပြီဖြစ်ပါတယ်။

အခု Facebook News Feature ဟာ Facebook ကနေ ကိုယ်တိုင်ရွေးချယ်ထားတဲ့ သတင်းတွေကိုပဲ ဖော်ပြသွားမှာဖြစ်ပြီး ယုံကြည်ရတဲ့သတင်းတွေပဲဖြစ်နေမှာပါ။ Facebook News မှာဆိုရင် Categories ၄ မျိုးပါဝင်မှာဖြစ်ပြီး General ၊ Topical ၊ Diverse နဲ့ Local News ဆိုပြီး ခွဲခြားထားမှာပါ။ အဆိုပါ Categories တွေကလည်း US မှာရှိတဲ့ လူအယောက် ၁ သိန်းလောက်ဆီကနေ စစ်တမ်းရယူပြီးတော့ သတ်မှတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Facebook News ဟာ နောက်ပိုင်းမှာတော့ Entertainment ၊ Health ၊ Business နဲ့ Sports တွေလိုမျိုး Categories တွေကိုပါ ရွေးချယ်နိုင်မယ်လို့လည်း သိရပါတယ်။ Local သတင်းတွေအနေနဲ့လည်း New York, Los Angeles, Chicago, Dallas-Forth Worth, Philadelphia, Houston, Washington DC, Miami, Atlanta နဲ့ Boston Area တွေမှာရှိတဲ့ Local Reporter တွေဆီက သတင်းတွေကို ဦးစားပေးဖော်ပြနေတာလည်းဖြစ်ပါတယ်။

နောက်ပိုင်းမှာ အခု Facebook News Tab ဟာ US တင်မဟုတ်ဘဲ တခြားသောနိုင်ငံတွေကိုလည်း ရောက်ရှိလာမယ်လို့ ယူဆရပါတယ်။

Ref – Phone Arena