[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္အတြင္းက Facebook နဲ႔ပတ္သက္တဲ့ သတင္းေတြကို ၾကည့္လိုက္မယ္ဆိုရင္ ေကာင္းသတင္းထက္ မေကာင္းသတင္းက ပိုၿပီး မ်ားတယ္လို႔ ဆိုရမွာပါ။ အထူးသျဖင့္ လုံၿခဳံေရးပိုင္းဆိုင္ရာ အႀကီးအက်ယ္ေပါက္ၾကားမႈေတြ၊ စီးပြားေရးလုပ္ငန္း ေၾကာ္ျငာဆိုင္ရာ ျပႆနာေတြ၊ သတင္းတုေတြက Facebook ရဲ႕ အားနည္းခ်က္ေတြကို မီးေမာင္းထိုးျပေနသလိုပါပဲ။

Facebook ရဲ႕ ျပႆနာေပါင္းစုံထဲမွာ အေကာင့္တုေတြ ေဖာင္းပြေနျခင္းကလည္း အေၾကာင္းရင္း တစ္ခ်က္ျဖစ္ပါတယ္။ ဒါေၾကာင့္ Facebook ဟာ ၂၀၁၈ ခုႏွစ္ရဲ႕ ဧၿပီလနဲ႔ စက္တင္ဘာလၾကားထဲမွာတင္ အေကာင့္တုေပါင္း ၁.၅ ဘီလီယံေက်ာ္ကို ဖ်က္ပစ္ခဲ့ရပါတယ္။

လုံၿခဳံေရးပိုင္းဆိုင္ရာ ျပႆနာအျဖစ္ အေကာင့္ေပါင္း သန္း၅၀ ေက်ာ္တိုက္ခိုက္ခံခဲ့ရတာ၊ အသုံးျပဳသူ ၆.၈ သန္းေလာက္ရဲ႕ ကိုယ္ေရးကိုယ္တာ ဓါတ္ပုံေတြ ေပါက္ၾကားေစခဲ့တာေတြက လူသိထင္ရွား ျဖစ္ခဲ့ရပါတယ္။ ဒီျပႆနာေတြျဖစ္ခဲ့ၿပီးတဲ့ေနာက္ပိုင္း Facebook အသုံးျပဳသူရာခိုင္ႏႈန္းဟာ သိသိသာသာကို ေလ်ာ့က်လာတာကို ေတြ႕ရပါတယ္။

Edison Research ရဲ႕ ေဖာ္ျပမႈအရ အသက္ ၁၂ႏွစ္ကေန ၃၄ ႏွစ္အ႐ြယ္ သုံးစြဲသူေတြဟာ ၂၀၁၇ ခုႏွစ္ကစၿပီး တျဖည္းျဖည္းေလ်ာ့က်လာခဲ့တာ ၂၀၁၉ ခုႏွစ္အစပိုင္းမွာေတာ့ သိသိသာသာ ေလ်ာ့နည္းေနတာကို ေတြ႕ရပါတယ္။ အသက္ ၃၅ႏွစ္ကေန ၅၄ ႏွစ္အ႐ြယ္ သုံးစြဲသူေတြကေတာ့ ဒီသုံးႏွစ္အတြင္း ႀကီးမားလြန္းတဲ့ ေျပာင္းလဲမႈ မျပဳလုပ္ခဲ့ၾကေပမယ့္ အနည္းငယ္ေတာ့ ေလ်ာ့က်လာတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

အသက္ ၅၅ ႏွစ္နဲ႔အထက္ အသုံးျပဳသူဦးေရကေတာ့ ၂၀၁၉ ခုႏွစ္အစပိုင္းမွာ ပိုမိုျမင့္တက္လာတာကို အံ့အားသင့္ဖြယ္ ေတြ႕ျမင္ရပါတယ္။ ဒီစစ္တမ္းကို ၾကည့္ျခင္းအားျဖင့္ Facebook ဟာ သူတို႔ပစ္မွတ္ထားတဲ့ အသက္အ႐ြယ္နဲ႔ သုံးစြဲသူေတြကိုေတာ့ ပမာဏအေတာ္မ်ားမ်ားဆုံးရႈံးခဲ့ရတာကို ေတြ႕ျမင္ရပါတယ္။

Facebook ရဲ႕ဆုံးရႈံးသြားတဲ့ သုံးစြဲသူ ၁၅ သန္းေလာက္မွာ ၆ရာခိုင္ႏႈန္းေလာက္က အေမရိကန္က သုံးစြဲသူေတြျဖစ္ၾကၿပီး ဒီလူေတြဟာ Facebook ကို စြန႔္ပစ္ၿပီးေနာက္ တစ္ႏွစ္၊ ႏွစ္ႏွစ္အတြင္း ေနာက္တစ္ႀကိမ္ျပန္လည္အသုံးျပဳျခင္း လုံးဝမရွိေတာ့ဘူးလို႔လည္း Edison Research က ေျပာပါတယ္။

Edison Research ရဲ႕ စစ္တမ္းအရ Facebook အသုံးျပဳမႈေလ်ာ့က်သြားခဲ့တဲ့ေနာက္ Instagram အသုံးျပဳမႈရာခိုင္ႏႈန္းဟာ တျဖည္းျဖည္း ျမင့္တက္လာၿပီး၊ ဒုတိယအမ်ားဆုံး ျမင့္တက္လာတဲ့ပလက္ေဖာင္းကေတာ့ Snapchat ျဖစ္တာကို ေတြ႕ျမင္ရပါတယ္။

Ref: Android Authority

[Unicode]

Facebook အသုံးပြုသူ သန်းပေါင်းများစွာ လျော့ကျနေချိန်မှာ Instagram အသုံးပြုမှု အနည်းငယ် ပြန်လည်မြင့်တက်လာ

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းက Facebook နဲ့ပတ်သက်တဲ့ သတင်းတွေကို ကြည့်လိုက်မယ်ဆိုရင် ကောင်းသတင်းထက် မကောင်းသတင်းက ပိုပြီး များတယ်လို့ ဆိုရမှာပါ။ အထူးသဖြင့် လုံခြုံရေးပိုင်းဆိုင်ရာ အကြီးအကျယ်ပေါက်ကြားမှုတွေ၊ စီးပွားရေးလုပ်ငန်း ကြော်ငြာဆိုင်ရာ ပြဿနာတွေ၊ သတင်းတုတွေက Facebook ရဲ့ အားနည်းချက်တွေကို မီးမောင်းထိုးပြနေသလိုပါပဲ။

Facebook ရဲ့ ပြဿနာပေါင်းစုံထဲမှာ အကောင့်တုတွေ ဖောင်းပွနေခြင်းကလည်း အကြောင်းရင်း တစ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် Facebook ဟာ ၂၀၁၈ ခုနှစ်ရဲ့ ဧပြီလနဲ့ စက်တင်ဘာလကြားထဲမှာတင် အကောင့်တုပေါင်း ၁.၅ ဘီလီယံကျော်ကို ဖျက်ပစ်ခဲ့ရပါတယ်။

လုံခြုံရေးပိုင်းဆိုင်ရာ ပြဿနာအဖြစ် အကောင့်ပေါင်း သန်း၅၀ ကျော်တိုက်ခိုက်ခံခဲ့ရတာ၊ အသုံးပြုသူ ၆.၈ သန်းလောက်ရဲ့ ကိုယ်ရေးကိုယ်တာ ဓါတ်ပုံတွေ ပေါက်ကြားစေခဲ့တာတွေက လူသိထင်ရှား ဖြစ်ခဲ့ရပါတယ်။ ဒီပြဿနာတွေဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း Facebook အသုံးပြုသူရာခိုင်နှုန်းဟာ သိသိသာသာကို လျော့ကျလာတာကို တွေ့ရပါတယ်။

Edison Research ရဲ့ ဖော်ပြမှုအရ အသက် ၁၂နှစ်ကနေ ၃၄ နှစ်အရွယ် သုံးစွဲသူတွေဟာ ၂၀၁၇ ခုနှစ်ကစပြီး တဖြည်းဖြည်းလျော့ကျလာခဲ့တာ ၂၀၁၉ ခုနှစ်အစပိုင်းမှာတော့ သိသိသာသာ လျော့နည်းနေတာကို တွေ့ရပါတယ်။ အသက် ၃၅နှစ်ကနေ ၅၄ နှစ်အရွယ် သုံးစွဲသူတွေကတော့ ဒီသုံးနှစ်အတွင်း ကြီးမားလွန်းတဲ့ ပြောင်းလဲမှု မပြုလုပ်ခဲ့ကြပေမယ့် အနည်းငယ်တော့ လျော့ကျလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အသက် ၅၅ နှစ်နဲ့အထက် အသုံးပြုသူဦးရေကတော့ ၂၀၁၉ ခုနှစ်အစပိုင်းမှာ ပိုမိုမြင့်တက်လာတာကို အံ့အားသင့်ဖွယ် တွေ့မြင်ရပါတယ်။ ဒီစစ်တမ်းကို ကြည့်ခြင်းအားဖြင့် Facebook ဟာ သူတို့ပစ်မှတ်ထားတဲ့ အသက်အရွယ်နဲ့ သုံးစွဲသူတွေကိုတော့ ပမာဏအတော်များများဆုံးရှုံးခဲ့ရတာကို တွေ့မြင်ရပါတယ်။

Facebook ရဲ့ဆုံးရှုံးသွားတဲ့ သုံးစွဲသူ ၁၅ သန်းလောက်မှာ ၆ရာခိုင်နှုန်းလောက်က အမေရိကန်က သုံးစွဲသူတွေဖြစ်ကြပြီး ဒီလူတွေဟာ Facebook ကို စွန့်ပစ်ပြီးနောက် တစ်နှစ်၊ နှစ်နှစ်အတွင်း နောက်တစ်ကြိမ်ပြန်လည်အသုံးပြုခြင်း လုံးဝမရှိတော့ဘူးလို့လည်း Edison Research က ပြောပါတယ်။

Edison Research ရဲ့ စစ်တမ်းအရ Facebook အသုံးပြုမှုလျော့ကျသွားခဲ့တဲ့နောက် Instagram အသုံးပြုမှုရာခိုင်နှုန်းဟာ တဖြည်းဖြည်း မြင့်တက်လာပြီး၊ ဒုတိယအများဆုံး မြင့်တက်လာတဲ့ပလက်ဖောင်းကတော့ Snapchat ဖြစ်တာကို တွေ့မြင်ရပါတယ်။

Ref: Android Authority