Facebook ကနေ အခုအချိန်မှာ Dark Mode ကို Web Version အတွက် လူတိုင်းကို ထုတ်ပေးထားပြီးဖြစ်သလို Dark Mode ပါဝင်တဲ့ Messenger App ကိုလည်း Mobile App တင်မဟုတ်ဘဲ Desktop Version အနေနဲ့ပါ မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း Facebook Mobile App မှာကတော့ Dark Mode ကို အခုအချိန်အထိ အသုံးမပြုနိုင်သေးပါဘူး။

ဒါပေမယ့်လည်း Facebook ကနေ SocialMediaToday ကို အခုအချိန်မှာ အသုံးပြုသူအနည်းငယ်ဆီမှာ အဆိုပါ Facebook Mobile App အတွက် Dark Mode ကို စမ်းသပ်နေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကလည်း တကမ္ဘာလုံးမှာရှိတဲ့ လူအနည်းငယ်ကိုပဲ ကျပန်းစမ်းသပ်နေတာဖြစ်တဲ့အတွက် Dark Mode ရရှိအောင်ပြုလုပ်နိုင်မယ့် နည်းလမ်းလည်းရှိမှာမဟုတ်သေးပါဘူး။

Facebook ကနေ ပိုင်ဆိုင်တဲ့ App တွေဖြစ်တဲ့ Instagram ၊ Messenger နဲ့ WhatsApp လိုမျိုး Application တွေက Dark Mode ကို ရရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း Facebook Mobile App အတွက် Dark Mode User Interface က ပေါက်ကြားလာခဲ့ဖူးပါတယ်။ Facebook ဟာ တကမ္ဘာလုံးမှာ လစဥ်အသုံးပြုနေသူပေါင်း ၃ ဘီလီယံအထိရှိနေတဲ့အတွက် အခုလိုမျိုး Dark Mode ကို Bug တွေမရှိအောင် သေချာစမ်းသပ်နေတာလည်းဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး အသုံးပြုသူအချို့ဆီမှာ Dark Mode ကို စမ်းသပ်နေပြီဖြစ်တဲ့အတွက် မကြာခင်မှာ Facebook App ကို Dark Mode နဲ့ အသုံးပြုနိုင်ဖို့ပိုနီးစပ်နေပြီလို့ ယူဆရပါတယ်။

Ref – Engadget