Facebook Lite Application ဟာ အဓိကအားဖြင့် Version နဲ့ စွမ်းဆောင်ရည်နိမ့်တဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်အောင် မူရင်း Facebook Application ကို အနည်းငယ်လျော့ချပြီးထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။

စတင်ထွက်ရှိတဲ့အချိန်တုန်းက Facebook Lite Application ဟာ အင်တာနက်သုံးစွဲမှုနှုန်းမြင့်မားတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ပဲ ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာ သုံးစွဲသူ သန်း ၂၀၀ ကျော်သွားပြီဖြစ်တဲ့အတွက် Facebook ကနေ အခြားသော US ၊ UK လိုမျိုး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ Download ပြုလုပ်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

အခုထပ်မံ Facebook Lite App ကို Download ပြုလုပ်နိုင်တဲ့ နိုင်ငံတွေကတော့ US, UK, Canada, Australia, France, Germany, Ireland နဲ့ New Zealand နိုင်ငံတွေပဲဖြစ်ပြီးတော့ Facebook ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေတင်မကပဲ လူတိုင်းအသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲပြောပြော Facebook Lite App ဟာ ဖုန်းရဲ့ Storage စားသုံးမှုနည်းပါးတဲ့အတွက် အသုံးပြုတဲ့အချိန်မှာ Data စားသုံးမှုနည်းပါးတဲ့အတွက် တကယ်လို့ Facebook App က ကိုယ့်ဖုန်းမှာ ဟန်းနေတယ်ဆိုရင် စမ်းသုံးကြည့်သင့်ပါတယ်။