Facebook ကိုအသုံးပြုနေတယ်ဆိုရင် Event ဆိုတာကို ရင်းနှီးနေမှာပါ။ တစ်နေရာရာမှာ ပွဲတစ်ခုခုလုပ်ပြီဆိုရင် Facebook မှာပါ Event ပြုလုပ်ပြီး ကြေငြာနေကြတာဖြစ်ပါတယ်။ အဲ့ဒီ Event တွေကို Facebook App မှာပဲ လိုက်ကြည့်နေရာမလိုတော့အောင် Facebook ကနေ Local အမည်နဲ့ Application တစ်ခုကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

ယခုထွက်ရှိလာတဲ့ Facebook Local App ကို Android အတွက်ရော Apple iOS အတွက်ရော Download ရယူနိုင်မှာဖြစ်ပြီးတော့ အသုံးပြုရတာလည်း တော်တော်လေးကိုလွယ်ကူတယ်လို့ပြောလို့ရပါတယ်။

ဘယ်လိုအသုံးပြုရမလဲဆိုရင် Local App ရဲ့ Home Screen မှာ လတ်တလော ပြုလုပ်နေတဲ့ Event တွေကို ဖော်ပြသွားမှာဖြစ်ပြီးတော့ ကိုယ်ရှာဖွေချင်တဲ့ စားသောက်ဆိုင်၊ ကော်ဖီဆိုင်နဲ့ အခြားအရာတစ်ခုခုရှိရင်လည်း Search မှာ ရိုက်ပြီးရှာဖွေလို့ရမှာဖြစ်ပါတယ်။ နောက်ပြီး Map ကိုလည်း Application ထဲမှာ ထည့်သွင်းထားတဲ့အတွက် ကိုယ်ကဘယ်နေရာမှာရောက်နေတယ်၊ အနီးအနားမှာ ဘာ Event တွေရှိတယ်ဆိုတာကို ရှာဖွေနိုင်ဦးမှာပါ။

အခုထွက်ရှိလာတဲ့ Facebook Local App ဟာ Social Media လိုမျိုး သူငယ်ချင်းတွေနဲ့ စကားပြောလို့မရပေမယ့် ဘယ်နေရာမှာ ဘာပွဲတွေပြုလုပ်နေလဲဆိုတာကို Facebook မှာ လိုက်ရှာစရာမလိုပဲ သိချင်တယ်ဆိုရင် ကျိန်းသေပေါက်ထည့်သွင်းထားသင့်တဲ့ Application တစ်ခုဖြစ်မှာပါ။