Meta က Facebook Messenger မှာ ထည့်သွင်းပေးလိုက်တဲ့ လုပ်ဆောင်ချက် အသစ်တွေကို ကြေညာလိုက်ပါတယ်။ သင့်မှာ အဲဒီလုပ်ဆောင်ချက်‌တွေ မရသေးရင် ကမ္ဘာအဝန်းကို တစ်ဖြည်းဖြည်းချင်း ဖြန့်ချိပေးနေတဲ့အတွက် ရက်အနည်းငယ် စောင့်ဆိုင်းပါ။ အထူးခြားဆုံး ပြောင်းလဲမှုက End-to-end Encryption ကို Default အနေနဲ့ ထည့်သွင်းပေးလိုက်တာပါ။

အခုအချိန်ကစပြီး သင့်ရဲ့ Private Messages ကို Encrypted လုပ်ပေးထားပြီး သင်နဲ့ တစ်ဖက်ကလူပဲ အဲဒီ Messages တွေကို ဖတ်နိုင်ပါတယ်။ ဒါဟာ မှန်ကန်တဲ့ ပြောင်းလဲမှု ဖြစ်ပြီး တခြား ပြိုင်ဖက် Messengers တွေမှာ အဲဒီ လုပ်ဆောင်ချက်ဟာ ထည့်သွင်းပြီးသား ဖြစ်ပါတယ်။

လုပ်ဆောင်ချက်အသစ်တွေအနေနဲ့ Messages တွေကို Edit လုပ်နိုင်ပါပြီ။ ဒါပေမယ့် ပေးပို့ပြီး ၁၅ မိနစ်အတွင်းမှာပဲ အဲဒီလိုလုပ်နိုင်ပါတယ်။ ဒါ့အပြင် Disappearing Messages တွေ ပေးပို့နိုင်ပါတယ်။ Read Receipt ကို ဖျောက်ထားနိုင်တဲ့အတွက် တစ်ဖက်လူဟာ သင် သူ့ရဲ့ Messages တွေကို ဖတ်ပြီးတာကို မသိနိုင်ပါဘူး။

Voice Messaging က တိုးတက်လာပြီး 1.5x , 2x Speed နဲ့ နားထောင်နိုင်ပါတယ်။ ဒါ့အပြင် သင်နောက်ဆုံးနားထောင်ထားတဲ့ နေရာကနေ ဆက်လက်နားထောင်လို့ရလာပါတယ်။

ဓါတ်ပုံနဲ့ ဗီဒီယို အရည်အသွေး တိုးတက်လာပြီး Meta က HD ဓါတ်ပုံနဲ့ ဗီဒီယိုကို User အနည်းငယ်နဲ့ စမ်းသပ်နေပါတယ်။ မကြာခင်မှာ တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိနိုင်ပါတယ်။

Ref : gsmarena