Facebook Messenger မှာ Feature အသစ်တွေ ထည့်သွင်းပေးလိုက်တယ်လို့ Meta က ကြေညာလိုက်ပါတယ်။ Messenger မှာ HD ဓါတ်ပုံတွေ ပေးပို့နိုင်ပါပြီ။ ဓါတ်ပုံ ၁ ပုံကို ရွေးချယ်ပြီး HD ကို On ပေးလိုက်ကာ ပေးပို့နိုင်ပါတယ်။ သင်ဟာ HD ဓါတ်ပုံကို လက်ခံရရှိရင် ဓါတ်ပုံ ညာဘက်ထိပ်မှာ HD Tag ကို ပြသပေးထားမှာပါ။

Facebook Messenger gets HD photos, shared albums, support for larger files

နောက် Feature ၁ ခုက သူငယ်ချင်း၊ မိသားစုတွေနဲ့အတူ Shared Album တွေ ဖန်တီးနိုင်ပြီး အဲဒီမှာ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ထည့်သွင်းနိုင်ပါတယ်။ Group Chat မှာ Share Album ၁ ခု ဖန်တီးဖို့ ဓါတ်ပုံများစွာကို ရွေးချယ်ပြီး Create Album ကို နှိပ်ပါ။ (နောက်တစ်နည်းက Chat ထဲက ဓါတ်ပုံ ၁ ပုံကို ဖိထားကာ Create Album ကို နှိပ်ပါ။ ) လက်ရှိ Album ထဲမှာ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ထည့်သွင်းဖို့ Add to album ကို နှိပ်ပါ။ Album နာမည်တွေကို သင် ကြိုက်သလို နာမည်ပြောင်းနိုင်ပါတယ်။

Facebook Messenger gets HD photos, shared albums, support for larger files

Group Chat ထဲက လူတိုင်းက Shared Album ထဲက ဓါတ်ပုံနဲ့ ဗီဒီယို အားလုံးကို ကြည့်နိုင်၊ ဖျက်နိုင်၊ Download လုပ်နိုင်ပါတယ်။ ဒီ Feature ကို လာမယ့် ရက်သတ္တပတ်တွေအတွင်း ဖြန့်ချိမှာပါ။

Facebook Messenger gets HD photos, shared albums, support for larger files

Messenger မှာ QR Code ကို သုံးကာ လူတွေကို Add လုပ်နိုင်လာပါပြီ။ လူတိုင်းအတွက် ကိုယ်ပိုင် QR Code တွေ ရရှိလာပြီ ဖြစ်ပြီး အဲဒါကို Scan လုပ်ပြီး Add လုပ်နိုင်ပါတယ်။

Facebook Messenger gets HD photos, shared albums, support for larger files

Messenger မှာ ပိုမို အရွယ်အစား ကြီးမားတဲ့ ဖိုင်တွေကို ပေးပို့နိုင်ပါပြီ။ 100MB အထိ ဖိုင်တွေကို ပေးပို့နိုင်ပြီ ဖြစ်ပြီး Word, PDF , Excel, Zip အပါအဝင် အဓိက ဖိုင်အားလုံးကို ထောက်ပံ့ထးပါတယ်။

Ref : gsmarena