Meta က Facebook Messenger အတွက် စွမ်းရည်အသစ်တွေကို ကြေညာလိုက်ပါတယ်။ App မှာ HD Video Call ပြောနိုင်ပြီ ဖြစ်ပြီး ပတ်ဝန်းကျင်က ဆူညံသံတွေကို လျှော့ချပေးတာနဲ့ ကြည်လင်ပြတ်သားတဲ့ အသံနဲ့ ဖုန်းပြောနိုင်တာ ပါဝင်လာပါတယ်။ ကုမ္ပဏီက Messenger မှာ ဖုန်းပြောရင် အခန်းတစ်ခုထဲမှာ စကားပြောနေရသလို ဖြစ်စေမယ်လို့ ကတိပေးထားပါတယ်။
HD Video Call ကို WiFi နဲ့ ဆိုရင် Default အနေနဲ့ ဖွင့်ပေးထားမှာ ဖြစ်ပြီး Mobile Data Call နဲ့ဆိုရင် သင်ကိုယ်တိုင် ဖွင့်ပေးနိုင်ပါတယ်။ ပတ်ဝန်းကျင်က ဆူညံသံတွေကို လျှော့ချပေးတဲ့ လုပ်ဆောင်ချက်ကို Call Settings ထဲမှာ ဖွင့်နိုင်ပါတယ်။
သင် ဖုန်းခေါ်တဲ့အခါ သင့် သူငယ်ချင်းက မကိုင်ရင် “ Record Message “ ကို နှိပ်ကာ Audio, Video Message ပေးပို့နိုင်ပါတယ်။
Messenger မှာ AI Background ကို မကြာခင် ထည့်သွင်းပေးမှာ ဖြစ်ပြီး Video Call ပြောရင် နောက်ခံတွေကို ထည့်သွင်းနိုင်မှာပါ။ Background ထည့်သွင်းဖို့အတွက် Video Call ပြောတဲ့အခါ Sidebar မှ Effect Icon ကို နှိပ်ရမှာ ဖြစ်ပါတယ်။
iOS မှာတော့ Messenger Call နဲ့ Messages ပို့ဖို့အတွက် Siri ကို ခိုင်းစေနိုင်ပါပြီ။
ref : gsmarena