Faceboook ကနေ အသက် ၂၃ နှစ်အောက် ကလေးငယ်တွေအတွက် Messenger Kids Version အသစ်ကို ထုတ်ပေးသွားမယ်လို့ ကြေငြာလိုက်ပါတယ်။ အဆိုပါ App ကို လာမယ့်လအနည်းငယ်မှာ Download ပြုလုပ်နိုင်မှာဖြစ်ပြီး US မှာရှိတဲ့ Apple User တွေကတော့ Preview ကို Download ရယူနိုင်ပြီဖြစ်ပါတယ်။

Messager Kids App ဟာ YouTube Kids လိုပဲ ပုံမှန် Messenger နဲ့မတူညီပဲ ပြန်လည်ပြင်ဆင်မှုတွေအများအပြားပြုလုပ်ထားပြီး ငယ်ရွယ်တဲ့ ကလေးငယ်တွေကို ရည်ရွယ်တာဖြစ်ပါတယ်။

Messenger Kids Account အတွက် Facebook Account တစ်ခုရှိစရာမလိုအပ်ပဲ မိဘဖြစ်သူရဲ့ Facebook Account ကနေပဲ ကလေးငယ်တွေအတွက် နောက်ထပ် Messenger Kids Account တွေကို ပွားပေးရမှာဖြစ်ပြီး မိဘကပဲ အဆိုပါ Account တွေကို ထိန်းချူပ်နိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီမှာ အဲ့ဒီလိုမျိုး ကလေးငယ်တွေကို ခွဲပြီး ပေးသုံးထားနိုင်တယ်ဆိုရင် ဒါကမိဘတွေအတွက်တော့ အဆင်ပြေစေတဲ့သတင်းတစ်ခုဖြစ်မှာပါ။