သူငယ်ချင်းတွေတစ်နေရာမှာတွေ့ကြဖို့ ချိန်းတဲ့အခါမျိုးမှာ တစ်ယောက်ယောက်ကနေရာရှာမတွေ့တာ၊ ဒါမှမဟုတ် မရောက်သေးတဲ့ သူငယ်ချင်းတွေကိုဘယ်မှာရောက်နေလည်းသိချင်တယ်ဆိုရင် ဖုန်းကနေတစ်ဆင့်ပဲ ဖုန်းဆက်ပြီးလမ်းညွှန်တာ၊ ဘယ်ရောက်နေလဲ လှမ်းမေးတာမျိုးလုပ်နေကြတာများမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ နေ့စဉ်သုံးနေကြတဲ့ Facebook Messenger မှာအဲ့ဒီ ဒုက္ခကို ကင်းဝေးစေမယ့် Feature တစ်ခုပါပြီးသားပါ။ အဲ့ဒါကတော့ Live Location Tracking Feature ပဲဖြစ်ပါတယ်။

Facebook Messenger ရဲ့ Live Location Tracking Feature ဆိုတာ ကိုယ်ရဲ့ Location ကို ကိုယ့် Friends List ထဲက သူငယ်ချင်းတယောက်နဲ့အတူ ဘယ်သူက ဘယ်နေရာမှာရောက်နေတယ်ဆိုတာာကို အချိန်နဲ့အမျှ မြေပုံမှာ အတိအကျဖော်ပြပေးတဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။ လမ်းပျောက်နေရင်လည်း ချက်ချင်းပြပေးနိုင်တာ ဒါမှမဟုတ် အချိန်းအချက်ပြုလုပ်ထားတဲ့နေရာကိုရောက်ဖို့ ဘယ်လောက်လိုသေးလဲဆိုတာကို ဖုန်းဆက်မေးစရာမလိုပဲ အချိန်နဲ့တပြေးညီသိနိုင်မှာဖြစ်ပါတယ်။


Live Location Tracking Feature ကို ဘယ်လိုအသုံးပြုရမလဲဆိုရင် Messenger မှာပုံမှန်အတိုင်း ကိုယ့်တည်နေရာကို သိစေချင်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ Conversation ကိုဖွင့်ပြီး “More (သို့) အပေါင်းပုံ” လေးကို နှိပ်ပြီး Location ကိုရွေးလိုက်ရင် ကိုယ်ရှိနေတဲ့ Location ပေါ်လာပြီး အပေါ်နားမှာ အပြာရောင်ဘားတန်းနဲ့ Share Your Live Location ဆိုပြီးပေါ်လာမှာပါ။ အဲ့ဒီ Share Your Live Location ကို နှိပ်လိုက်ရင် မိနစ် ၆၀ ခန့် တဖက်လူဆီမှာ ကိုယ့်တည်နေရာပေါ်နေမှာဖြစ်ပါတယ်။ တဖက်လူကလည်း Live Location ကို ပြန် Share လိုက်ရင် ၂ ယောက်စလုံးကို မြေပုံပေါ်မှာမြင်ရမှာဖြစ်ပြီး တယောက်နဲ့တယောက် ဘယ်လောက်ကွာဝေးတယ်ဆိုတာကို မြင်ရမှာဖြစ်ပါတယ်။