[Zawgyi]

Facebook ကေတာ့ မ်က္ႏွာျပင္သိမွတ္မႈဆိုင္ရာ App တစ္ခုကို ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ ဒီလို App ကိုျပဳလုပ္တာ သိပ္ၿပီးစိတ္ဝင္စားစရာမေကာင္းေပမယ့္ အသုံးျပဳသူရဲ႕ ကိုယ္ေရးကိုယ္တာအခ်က္ေတြနဲ႔ပတ္သက္ၿပီး မေကာင္းသတင္းထြက္ခဲ့ဖူးတဲ့ Facebook ကို လူဘယ္ေလာက္မ်ားမ်ား ယုံၾကည္ၾကမလဲဆိုတာက စိတ္ဝင္စားစရာ ေကာင္းပါတယ္။

ဖက္ဒရယ္ကုန္သြယ္ေရးေကာ္မရွင္နဲ႔ သေဘာတူညီခ်က္အရ အသုံးျပဳသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို ရယူသုံးစြဲျခင္း မျပဳဖို႔စည္းကမ္းရွိေပမယ့္ Facebook က ပ်က္ကြက္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၅−၁၆ မွာ Cambridge တကၠသိုလ္က ႐ုရွား−အေမရိကန္ ပါေမာကၡ Aleksandr Kogan ဟာ သုေတသနရည္႐ြယ္ခ်က္အတြက္ တီထြင္ခဲ့တဲ့ အက္ပလီေကးရွင္းကိုအသုံးျပဳၿပီး ကိုယ္ေရးအခ်က္အလက္ေတြကို စုေဆာင္းခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ Kogan ဟာ စုေဆာင္းထားတဲ့ အသုံးျပဳသူကိုယ္ေရးအခ်က္အလက္ေပါင္း ၈၇ သန္းေက်ာ္ကို Cambridge Analytica ကုမၸဏီကို ေရာင္းခ်ခဲ့ပါတယ္။ ဒီအခ်က္အလက္ေတြကို ထရမ့္ရဲ႕ မဲဆြယ္ပြဲအတြက္ အသုံးခ်ခဲ့တာလည္း ျဖစ္ပါတယ္။ Android app အခ်ိဳ႕ဟာ သုံးစြဲသူကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြကို Facebook ဆီေပးပို႔ေနတယ္လို႔ Privacy International အဖြဲ႕အစည္းက ဒီႏွစ္ရဲ႕အေစာပိုင္းေန႔ေတြမွာ အစီရင္ခံခဲ့ဖူးပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း Facebook ဟာ ခြင့္ျပဳခ်က္မရွိဘဲ ဖုန္းကေနတစ္ဆင့္ မ်က္ႏွာသိမွတ္ျခင္းဆိုင္ရာ လုပ္ေဆာင္ခ်က္ကိုျပဳလုပ္ေနတယ္လို႔ စြပ္စြဲခံခဲ့ပါေသးတယ္။ ကုမၸဏီဟာ ၂၀၁၀ ကတည္းက အသုံးျပဳသူေတြရဲ႕ မ်က္ႏွာျပင္ဆိုင္ရာ အေျခခံလကၡဏာေတြကို ရယူေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလိုရယူမႈကို ဇီဝေဗဒဆိုင္ရာ အခ်က္အလက္အျဖစ္ မသတ္မွတ္ႏိုင္ဘူးလို႔ ခုခံေခ်ပခဲ့ပါတယ္။

Facebook ဟာ Google Assistant, Siri နဲ႔ Alexa တို႔လိုမ်ိဳး AI assistant ကို လုပ္ေဆာင္ေနတယ္လို႔လည္း သတင္းထြက္ထားတာပါ။ ဒါကို Smart display ေတြမွာ သုံးႏိုင္တယ္လို႔ ဆိုပါတယ္။ လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္တုန္းက Messenger app မွာလည္း ေမးခြန္းအခ်ိဳ႕ကို ေျဖဆိုေပးမယ့္ AI သုံးစနစ္တစ္ခုကို ေထာက္ပံ့ဖို႔ႀကိဳးစားခဲ့ေပမယ့္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီမွာ ျပန္လည္ဖ်က္သိမ္းခဲ့ပါတယ္။

Facebook ရဲ႕ မ်က္ႏွာျပင္သိမွတ္မႈဆိုင္ရာ App ဟာ အမွန္တကယ္ထြက္ေပၚလာျခင္းမရွိေသးပါဘူး။ တကယ္တမ္းထြက္လာၿပီဆိုရင္လည္း သုံးစြဲသူအတြက္ ဘယ္ေလာက္ထိ ယုံၾကည္ႏိုင္မယ္၊ သုံးစြဲသူဘယ္ေလာက္က ယုံၾကည္ၾကမလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref: Phone Arena

[Unicode]

Facebook ဟာ Facial Recognition App ကို စမ်းသပ်နေကြောင်း သတင်းထွက်ပေါ်လာ

Facebook ကတော့ မျက်နှာပြင်သိမှတ်မှုဆိုင်ရာ App တစ်ခုကို ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီလို App ကိုပြုလုပ်တာ သိပ်ပြီးစိတ်ဝင်စားစရာမကောင်းပေမယ့် အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာအချက်တွေနဲ့ပတ်သက်ပြီး မကောင်းသတင်းထွက်ခဲ့ဖူးတဲ့ Facebook ကို လူဘယ်လောက်များများ ယုံကြည်ကြမလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်နဲ့ သဘောတူညီချက်အရ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူသုံးစွဲခြင်း မပြုဖို့စည်းကမ်းရှိပေမယ့် Facebook က ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅−၁၆ မှာ Cambridge တက္ကသိုလ်က ရုရှား−အမေရိကန် ပါမောက္ခ Aleksandr Kogan ဟာ သုတေသနရည်ရွယ်ချက်အတွက် တီထွင်ခဲ့တဲ့ အက်ပလီကေးရှင်းကိုအသုံးပြုပြီး ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းခဲ့ပါတယ်။

ဒီနောက်မှာတော့ Kogan ဟာ စုဆောင်းထားတဲ့ အသုံးပြုသူကိုယ်ရေးအချက်အလက်ပေါင်း ၈၇ သန်းကျော်ကို Cambridge Analytica ကုမ္ပဏီကို ရောင်းချခဲ့ပါတယ်။ ဒီအချက်အလက်တွေကို ထရမ့်ရဲ့ မဲဆွယ်ပွဲအတွက် အသုံးချခဲ့တာလည်း ဖြစ်ပါတယ်။ Android app အချို့ဟာ သုံးစွဲသူကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို Facebook ဆီပေးပို့နေတယ်လို့ Privacy International အဖွဲ့အစည်းက ဒီနှစ်ရဲ့အစောပိုင်းနေ့တွေမှာ အစီရင်ခံခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း Facebook ဟာ ခွင့်ပြုချက်မရှိဘဲ ဖုန်းကနေတစ်ဆင့် မျက်နှာသိမှတ်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်ကိုပြုလုပ်နေတယ်လို့ စွပ်စွဲခံခဲ့ပါသေးတယ်။ ကုမ္ပဏီဟာ ၂၀၁၀ ကတည်းက အသုံးပြုသူတွေရဲ့ မျက်နှာပြင်ဆိုင်ရာ အခြေခံလက္ခဏာတွေကို ရယူနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုရယူမှုကို ဇီဝဗေဒဆိုင်ရာ အချက်အလက်အဖြစ် မသတ်မှတ်နိုင်ဘူးလို့ ခုခံခေျပခဲ့ပါတယ်။

Facebook ဟာ Google Assistant, Siri နဲ့ Alexa တို့လိုမျိုး AI assistant ကို လုပ်ဆောင်နေတယ်လို့လည်း သတင်းထွက်ထားတာပါ။ ဒါကို Smart display တွေမှာ သုံးနိုင်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက Messenger app မှာလည်း မေးခွန်းအချို့ကို ဖြေဆိုပေးမယ့် AI သုံးစနစ်တစ်ခုကို ထောက်ပံ့ဖို့ကြိုးစားခဲ့ပေမယ့် ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။

Facebook ရဲ့ မျက်နှာပြင်သိမှတ်မှုဆိုင်ရာ App ဟာ အမှန်တကယ်ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ တကယ်တမ်းထွက်လာပြီဆိုရင်လည်း သုံးစွဲသူအတွက် ဘယ်လောက်ထိ ယုံကြည်နိုင်မယ်၊ သုံးစွဲသူဘယ်လောက်က ယုံကြည်ကြမလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

Ref: Phone Arena