[Zawgyi]

Facebook ဟာ ေမလတုန္းကတည္းက Website ကို ဒီဇိုင္းပိုင္းဆိုင္ရာ ျပဳျပင္မႈေတြ လုပ္ေနခဲ့တာ ျဖစ္ပါတယ္။ ဒီဇိုင္းျပဳျပင္မႈေတြထဲမွာ Website ဆီ Dark Mode ကို သယ္ေဆာင္လာႏိုင္ဖို႔အျပင္ Mobile apps မွာလည္း Dark Mode ထည့္သြင္းေပးႏိုင္ဖို႔ အစီအစဥ္ေတြ ပါဝင္ခဲ့ပါတယ္။

ေအာက္တိုဘာ တတိယပတ္ေက်ာ္လြန္သြားခ်ိန္မွာေတာ့ Facebook က သူတို႔ရဲ႕ ဒီဇိုင္းသစ္နဲ႔ Website ဆီကို လာေရာက္အသုံးျပဳဖို႔ ဖိတ္ေခၚလိုက္ၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ Interface အသစ္အေၾကာင္းကို Screenshots ေတြ ျပဳလုပ္ၿပီးေတာ့ လူမႈကြန္ရက္မွာလည္း မွ်ေဝျခင္းေတြ ျပဳလုပ္လာတာ ေတြ႕ရပါတယ္။

Facebook ရဲ႕ ဒီဇိုင္းသစ္ဟာ ၿပီးခဲ့တဲ့ Developer Conference F8 မွာ ျပသခဲ့တဲ့ အတိုင္းပဲလို႔ ဆိုရမွာပါ။ ေနာက္တစ္ခ်က္ Website ဗာရွင္းသစ္ရဲ႕ ဒီဇိုင္းဟာ Twitter နဲ႔ အေတာ္ေလး ဆင္တယ္လို႔လည္း ဆိုႏိုင္ပါတယ္။ အခုအခ်ိန္ထိေတာ့ ဒီဗားရွင္းဟာ စမ္းသပ္ဆဲအဆင့္မွာပဲ ရွိေနပါေသးတယ္။

ဒီဇိုင္းသစ္ကို အၿပီးသတ္ျပင္ဆင္ၿပီး ထုတ္လႊတ္ခ်ိန္မွာ Dark Mode လည္းပါဝင္လာမွာျဖစ္ၿပီး Interface သစ္ကလည္း သိပ္ၿပီး တူညီေတာ့မယ့္ပုံစံမရွိဘူးလို႔လည္း သိရပါတယ္။ ဒါ့အျပင္ အသုံးျပဳသူက ဒီဇိုင္းသစ္ကို မႀကိဳက္ဘူးဆိုရင္လည္း အရင္ဒီဇိုင္းေဟာင္းကို ျပန္သုံးႏိုင္ေအာင္ ေ႐ြးခ်ယ္ခြင့္ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။

Ref: Android Police

[Unicode]

Dark Mode ပါဝင်တဲ့ Interface အသစ်နဲ့ ဝက်ဘ်ဆိုက်ဒီဇိုင်းကို Facebook စမ်းသပ်နေ

Facebook ဟာ မေလတုန်းကတည်းက Website ကို ဒီဇိုင်းပိုင်းဆိုင်ရာ ပြုပြင်မှုတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီဇိုင်းပြုပြင်မှုတွေထဲမှာ Website ဆီ Dark Mode ကို သယ်ဆောင်လာနိုင်ဖို့အပြင် Mobile apps မှာလည်း Dark Mode ထည့်သွင်းပေးနိုင်ဖို့ အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။

အောက်တိုဘာ တတိယပတ်ကျော်လွန်သွားချိန်မှာတော့ Facebook က သူတို့ရဲ့ ဒီဇိုင်းသစ်နဲ့ Website ဆီကို လာရောက်အသုံးပြုဖို့ ဖိတ်ခေါ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် Interface အသစ်အကြောင်းကို Screenshots တွေ ပြုလုပ်ပြီးတော့ လူမှုကွန်ရက်မှာလည်း မျှဝေခြင်းတွေ ပြုလုပ်လာတာ တွေ့ရပါတယ်။

Facebook ရဲ့ ဒီဇိုင်းသစ်ဟာ ပြီးခဲ့တဲ့ Developer Conference F8 မှာ ပြသခဲ့တဲ့ အတိုင်းပဲလို့ ဆိုရမှာပါ။ နောက်တစ်ချက် Website ဗာရှင်းသစ်ရဲ့ ဒီဇိုင်းဟာ Twitter နဲ့ အတော်လေး ဆင်တယ်လို့လည်း ဆိုနိုင်ပါတယ်။ အခုအချိန်ထိတော့ ဒီဗားရှင်းဟာ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိနေပါသေးတယ်။

ဒီဇိုင်းသစ်ကို အပြီးသတ်ပြင်ဆင်ပြီး ထုတ်လွှတ်ချိန်မှာ Dark Mode လည်းပါဝင်လာမှာဖြစ်ပြီး Interface သစ်ကလည်း သိပ်ပြီး တူညီတော့မယ့်ပုံစံမရှိဘူးလို့လည်း သိရပါတယ်။ ဒါ့အပြင် အသုံးပြုသူက ဒီဇိုင်းသစ်ကို မကြိုက်ဘူးဆိုရင်လည်း အရင်ဒီဇိုင်းဟောင်းကို ပြန်သုံးနိုင်အောင် ရွေးချယ်ခွင့် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Ref: Android Police