[Zawgyi]

Facebook ရဲ႕ Messenger App ကို Dark Mode သုံးလို႔ရလာတဲ့ေနာက္ပိုင္း အသုံးျပဳသူေတြဟာ Facebook App ကိုလည္း Dark Mode သုံးႏိုင္ဖို႔ ေမွ်ာ္လင့္ေနခဲ့ၾကတာျဖစ္ပါတယ္။ အခုထြက္ေပၚလာတဲ့သတင္းအရ သိပ္မၾကာခင္ Facebook App မွာလည္း Dark Mode သုံးစြဲႏိုင္ေတာ့မယ္လို႔ ယူဆရပါတယ္။

တကယ္ေတာ့ Facebook က Android App မွာ Dark Mode ကို လြန္ခဲ့တဲ့ လအနည္းငယ္ကတည္းက စမ္းသပ္ေနခဲ့တာလို႔ ဆိုရမွာပါ။ Reddit user တစ္ေယာက္က Facebook App မွာ Dark Mode ေပၚလာတာကို Screen Shot ႐ိုက္ထားၿပီး တင္ခဲ့ဖူးတာကလည္း လြန္ခဲ့တဲ့ လအနည္းငယ္က ေပၚေပါက္ခဲ့တာ ျဖစ္ပါတယ္။

ဒီလိုမ်ိဳး Dark mode ေပၚလာတာက မိနစ္ပိုင္းမွ်သာျဖစ္ၿပီး ျပန္ေပ်ာက္ကြယ္သြားတယ္လို႔ သိရပါတယ္။ ဒီေနာက္ပိုင္းမွာ Facebook App ရဲ႕ Dark Mode ျပန္ေပၚလာဖို႔ ႀကိဳးစားေပမယ့္လည္း မရေတာ့ဘဲ လက္ေလွ်ာ့ခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒီျဖစ္ရပ္က လြန္ခဲ့တဲ့ ၂ လေလာက္ကတည္းက ျဖစ္ခဲ့တာေၾကာင့္ အခုအခ်ိန္မွာ Facebook App အတြက္ Dark Mode ထြက္လာဖို႔က ပိုၿပီးနီးကပ္လာၿပီလို႔ ယူဆရပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ တတိယပတ္ထဲမွာလည္း Facebook က သူတို႔ရဲ႕ Website ကို Interface အသစ္နဲ႔ စမ္းသပ္လႊင့္တင္ခဲ့ၿပီး Dark Mode လည္း ပါဝင္လာတာကို ေတြ႕ရပါတယ္။ လက္ရွိအခ်ိန္အထိ စမ္းသပ္ဆဲဆိုေပမယ့္ Website ရဲ႕ Dark Mode အေၾကာင္းကို တရားဝင္ေဖာ္ျပခဲ့ပါတယ္။ ဒါေၾကာင့္ Android Facebook App ရဲ႕ Dark Mode အေၾကာင္းကိုလည္း မၾကာခင္အခ်ိန္အတြင္း တရားဝင္ေဖာ္ျပလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: Phone Arena

[Unicode]

Android User တွေအတွက် Dark Mode စမ်းသပ်နေပြီဖြစ်တဲ့ Facebook

Facebook ရဲ့ Messenger App ကို Dark Mode သုံးလို့ရလာတဲ့နောက်ပိုင်း အသုံးပြုသူတွေဟာ Facebook App ကိုလည်း Dark Mode သုံးနိုင်ဖို့ မျှော်လင့်နေခဲ့ကြတာဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့သတင်းအရ သိပ်မကြာခင် Facebook App မှာလည်း Dark Mode သုံးစွဲနိုင်တော့မယ်လို့ ယူဆရပါတယ်။

တကယ်တော့ Facebook က Android App မှာ Dark Mode ကို လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက စမ်းသပ်နေခဲ့တာလို့ ဆိုရမှာပါ။ Reddit user တစ်ယောက်က Facebook App မှာ Dark Mode ပေါ်လာတာကို Screen Shot ရိုက်ထားပြီး တင်ခဲ့ဖူးတာကလည်း လွန်ခဲ့တဲ့ လအနည်းငယ်က ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုး Dark mode ပေါ်လာတာက မိနစ်ပိုင်းမျှသာဖြစ်ပြီး ပြန်ပျောက်ကွယ်သွားတယ်လို့ သိရပါတယ်။ ဒီနောက်ပိုင်းမှာ Facebook App ရဲ့ Dark Mode ပြန်ပေါ်လာဖို့ ကြိုးစားပေမယ့်လည်း မရတော့ဘဲ လက်လျှော့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်က လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ဖြစ်ခဲ့တာကြောင့် အခုအချိန်မှာ Facebook App အတွက် Dark Mode ထွက်လာဖို့က ပိုပြီးနီးကပ်လာပြီလို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တတိယပတ်ထဲမှာလည်း Facebook က သူတို့ရဲ့ Website ကို Interface အသစ်နဲ့ စမ်းသပ်လွှင့်တင်ခဲ့ပြီး Dark Mode လည်း ပါဝင်လာတာကို တွေ့ရပါတယ်။ လက်ရှိအချိန်အထိ စမ်းသပ်ဆဲဆိုပေမယ့် Website ရဲ့ Dark Mode အကြောင်းကို တရားဝင်ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Android Facebook App ရဲ့ Dark Mode အကြောင်းကိုလည်း မကြာခင်အချိန်အတွင်း တရားဝင်ဖော်ပြလာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Phone Arena