[Zawgyi]

Facebook ကေတာ့ အသုံးျပဳသူေတြကို Feature ေတြ တစ္မ်ိဳးၿပီးတစ္မ်ိဳး ေပးဖို႔စမ္းသပ္ေနတာကို ေတြ႕ရပါတယ္။ အခုလည္း Live Streams ကို အသုံးျပဳၿပီး Shopping လုပ္ႏိုင္ဖို႔အတြက္ စတင္စမ္းသပ္မႈေတြ လုပ္ေနၿပီျဖစ္ပါတယ္။ တစ္နည္းေျပာရရင္ေတာ့ Live Viedo ကို အသုံးျပဳၿပီး အေရာင္းအဝယ္ ျပဳလုပ္ႏိုင္တာပါ။

ေလာေလာဆယ္မွာ စမ္းသပ္ဆဲ အဆင့္ဆိုေပမယ့္ အေတာ္ေလးကို အလုပ္ျဖစ္ေနတယ္လို႔ ဆိုရမွာပါ။ ကိုယ္ပိုင္ ေရာင္းဝယ္ေဖာက္ကားမႈ ျပဳလုပ္တဲ့ ေဈးသည္ေတြအေနနဲ႔ သူတို႔ရဲ႕ ေရာင္းကုန္ေတြကို ခ်က္ခ်င္းဆိုသလိုပဲ Facebook မွာ တင္ေရာင္းႏိုင္တဲ့အတြက္ ႏွစ္သက္ၾကတယ္လို႔ တုံ႔ျပန္ေျပာဆိုၾကပါတယ္။

အေရာင္းအဝယ္အတြက္ Feature ျဖစ္တာေၾကာင့္ ေငြေပးေခ်မႈအတြက္လည္း Messenger ကို အသုံးျပဳႏိုင္တယ္လို႔ သိရပါတယ္။ Live Stream ကေနတစ္ဆင့္္ ၾကည့္ရႈၿပီးလို႔ စိတ္ဝင္စားရင္ Messenger ကေနတစ္ဆင့္ တိုက္႐ိုက္ ေျပာဆိုညႇိႏႈိင္းလို႔ရမွာျဖစ္သလို ေရာင္းသူဝယ္သူ သေဘာတူလို႔ အေရာင္းအဝယ္ျဖစ္ၿပီဆိုရင္လည္း ေငြေပးေခ်မႈကို Messenger ကေနတစ္ဆင့္ ျပဳလုပ္ႏိုင္ေအာင္ စီစဥ္ေပးထားတယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ထိုင္းႏိုင္ငံကလည္း ဒီစမ္းသပ္မႈကို ျပဳလုပ္တဲ့ ႏိုင္ငံထဲမွာ ပါဝင္ေနတယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Facebook အေနနဲ႔ အေရာင္းအဝယ္ျပဳလုပ္ခြင့္အတြက္ ဝန္ေဆာင္ခ ရယူျခင္းမရွိေသးဘူးလို႔ သိရပါတယ္။ ဒီစမ္းသပ္မႈမွာ ေအာင္ျမင္သြားရင္ေတာ့ သိပ္မၾကာခင္မွာ ႏိုင္ငံေတြအားလုံး အသုံးျပဳႏိုင္ေအာင္ ဒီ Feature ကို တရားဝင္ ထုတ္ေပးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

 

Ref: The Verge

 

[Unicode]

Facebook ကတော့ အသုံးပြုသူတွေကို Feature တွေ တစ်မျိုးပြီးတစ်မျိုး ပေးဖို့စမ်းသပ်နေတာကို တွေ့ရပါတယ်။ အခုလည်း Live Streams ကို အသုံးပြုပြီး Shopping လုပ်နိုင်ဖို့အတွက် စတင်စမ်းသပ်မှုတွေ လုပ်နေပြီဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ Live Viedo ကို အသုံးပြုပြီး အရောင်းအဝယ် ပြုလုပ်နိုင်တာပါ။

လောလောဆယ်မှာ စမ်းသပ်ဆဲ အဆင့်ဆိုပေမယ့် အတော်လေးကို အလုပ်ဖြစ်နေတယ်လို့ ဆိုရမှာပါ။ ကိုယ်ပိုင် ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်တဲ့ ဈေးသည်တွေအနေနဲ့ သူတို့ရဲ့ ရောင်းကုန်တွေကို ချက်ချင်းဆိုသလိုပဲ Facebook မှာ တင်ရောင်းနိုင်တဲ့အတွက် နှစ်သက်ကြတယ်လို့ တုံ့ပြန်ပြောဆိုကြပါတယ်။

အရောင်းအဝယ်အတွက် Feature ဖြစ်တာကြောင့် ငွေပေးချေမှုအတွက်လည်း Messenger ကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Live Stream ကနေတစ်ဆင့်် ကြည့်ရှုပြီးလို့ စိတ်ဝင်စားရင် Messenger ကနေတစ်ဆင့် တိုက်ရိုက် ပြောဆိုညှိနှိုင်းလို့ရမှာဖြစ်သလို ရောင်းသူဝယ်သူ သဘောတူလို့ အရောင်းအဝယ်ဖြစ်ပြီဆိုရင်လည်း ငွေပေးချေမှုကို Messenger ကနေတစ်ဆင့် ပြုလုပ်နိုင်အောင် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကလည်း ဒီစမ်းသပ်မှုကို ပြုလုပ်တဲ့ နိုင်ငံထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ Facebook အနေနဲ့ အရောင်းအဝယ်ပြုလုပ်ခွင့်အတွက် ဝန်ဆောင်ခ ရယူခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ဒီစမ်းသပ်မှုမှာ အောင်မြင်သွားရင်တော့ သိပ်မကြာခင်မှာ နိုင်ငံတွေအားလုံး အသုံးပြုနိုင်အောင် ဒီ Feature ကို တရားဝင် ထုတ်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

 

Ref: The Verge