[Zawgyi]

Facebook ရဲ႕ Android App အတြက္ ဒီဇိုင္းဟာ ဒီေန႔ေခတ္မွာေတာ့ အေကာင္းဆုံး ဒီဇိုင္းနဲ႔ App လို႔ ေျပာလို႔မရပါဘူး။ ဒါေပမယ့္ အသုံးအမ်ားဆုံး Android App ေတြထဲမွာ တစ္ခုအပါအဝင္လို႔ေတာ့ ေျပာႏိုင္ပါတယ္။ အခုေတာ့ Facebook ဟာ သူတို႔ရဲ႕ App ကို ဒီဇိုင္းေျပာင္းဖို႔ ႀကိဳးစားေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။

Facebook ဟာ Android App ရဲ႕ဒီဇိုင္းမွာ အျပာေရာင္ကို စြန႔္ပစ္ၿပီး အျဖဴသက္သက္နဲ႔ ဒီဇိုင္းျပဳလုပ္သြားမယ္လို႔ သတင္းထြက္ေပၚလာတာပါ။ XDA-Developers ဘက္ကေန ထြက္ေပၚလာတဲ့ သတင္းအရေတာ့ Facebook ဟာ အေရာင္အတူအႏုအရင့္ေတြ သုံးထားတာမ်ိဳးမဟုတ္တဲ့ ဒီဇိုင္းတစ္ခုကို Server ကေနေျပာင္းလဲေပးဖို႔ ႀကိဳးစားေနတယ္ ဆိုတာပါပဲ။

ေျပာင္းလဲမယ့္ ဒီဇိုင္းအရ Facebook App ရဲ႕ ထိပ္မွာရွိေနတဲ့ အျပာေရာင္ဘားအျပင္ အေရာင္အႏုအရင့္ပုံစံနဲ႔ ရွိေနတဲ့ အခ်ိဳ႕ Button ေတြကိုလည္း ရွင္းလင္းေျပာင္းလဲၿပီး ခဲေရာင္နဲ႔ အျဖဴေရာင္ကို အမ်ားဆုံး အေျခခံမယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ထိပ္ဆုံးက အျပာေရာင္ဘားဟာ အနက္ေရာင္အျဖစ္ ေျပာင္းသြားဖြယ္ ရွိတယ္လို႔လည္း သိရပါတယ္။

လက္ရွိထြက္ေပၚလာတဲ့ သတင္းေတြအားလုံးကို ဆက္စပ္ၾကည့္လိုက္ရင္ Facebook App ကို ျမင္ေနက် အျပာနဲ႔ အျဖဴအစား အနက္၊ အျဖဴနဲ႔ ခဲေရာင္ေတြ ေရာယွက္ထားတဲ့ ပုံစံအျဖစ္ ေျပာင္းလဲျမင္ေတြ႕ရဖြယ္ ရွိေနတာပါ။ ဒီလိုမ်ိဳး အျဖဴ၊ အမည္း ဒီဇိုင္းက သုံးစြဲသူေတြ ႏွစ္သက္ပါ့မလားဆိုတာကေတာ့ မေသခ်ာပါဘူး။

Ref: Phone Arena

[Unicode]

အဖြူအမည်းအခြေခံတဲ့ ဒီဇိုင်းကို ပြောင်းလဲလာနိုင်တဲ့ Facebook Android App

Facebook ရဲ့ Android app အတွက် ဒီဇိုင်းဟာ ဒီနေ့ခေတ်မှာတော့ အကောင်းဆုံး ဒီဇိုင်းနဲ့ App လို့ ပြောလို့မရပါဘူး။ ဒါပေမယ့် အသုံးအများဆုံး Android App တွေထဲမှာ တစ်ခုအပါအဝင်လို့တော့ ပြောနိုင်ပါတယ်။ အခုတော့ Facebook ဟာ သူတို့ရဲ့ App ကို ဒီဇိုင်းပြောင်းဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

Facebook ဟာ Android App ရဲ့ဒီဇိုင်းမှာ အပြာရောင်ကို စွန့်ပစ်ပြီး အဖြူသက်သက်နဲ့ ဒီဇိုင်းပြုလုပ်သွားမယ်လို့ သတင်းထွက်ပေါ်လာတာပါ။ XDA-Developers ဘက်ကနေ ထွက်ပေါ်လာတဲ့ သတင်းအရတော့ Facebook ဟာ အရောင်အတူအနုအရင့်တွေ သုံးထားတာမျိုးမဟုတ်တဲ့ ဒီဇိုင်းတစ်ခုကို Server ကနေပြောင်းလဲပေးဖို့ ကြိုးစားနေတယ် ဆိုတာပါပဲ။

ပြောင်းလဲမယ့် ဒီဇိုင်းအရ Facebook app ရဲ့ ထိပ်မှာရှိနေတဲ့ အပြာရောင်ဘားအပြင် အရောင်အနုအရင့်ပုံစံနဲ့ ရှိနေတဲ့ အချို့ Button တွေကိုလည်း ရှင်းလင်းပြောင်းလဲပြီး ခဲရောင်နဲ့ အဖြူရောင်ကို အများဆုံး အခြေခံမယ်လို့ သိရပါတယ်။ ဒါကြောင့် ထိပ်ဆုံးက အပြာရောင်ဘားဟာ အနက်ရောင်အဖြစ် ပြောင်းသွားဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအားလုံးကို ဆက်စပ်ကြည့်လိုက်ရင် Facebook App ကို မြင်နေကျ အပြာနဲ့ အဖြူအစား အနက်၊ အဖြူနဲ့ ခဲရောင်တွေ ရောယှက်ထားတဲ့ ပုံစံအဖြစ် ပြောင်းလဲမြင်တွေ့ရဖွယ် ရှိနေတာပါ။ ဒီလိုမျိုး အဖြူ၊ အမည်း ဒီဇိုင်းက သုံးစွဲသူတွေ နှစ်သက်ပါ့မလားဆိုတာကတော့ မသေချာပါဘူး။

Ref: Phone Arena